By The Myanmar Times, Shweproperty.com
Updated at 1 December 2017
ရန်ကုန်မြို့ရှိ ဧရိယာများကို အသုံးချမှုသတ်မှတ်ချက်နှင့် ဧရိယာအလိုက် အဆောက်အအုံအမြင့် သတ်မှတ်ချက်များ ပါဝင်မည့် မြို့မြေအသုံးချမှုဇုန် (Zoning Plan) ကို လာမည့်ဒီဇင်ဘာလတွင် အပြီးသတ်ရေးဆွဲမည်ဖြစ်ကြောင်း မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
အဆိုပါဥပဒေကြမ်း ရေးဆွဲရန် ၂ဝ၁၃ ခုနှစ်၊ မေလတွင် မြို့တော်စည်ပင်က ဦးဆောင်ကာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ မြန်မာနိုင်ငံ ဗိသုကာအသင်းနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (ဂျိုက်ကာ)က ပညာရှင်များ ပူးပေါင်းကာ နိုင်ငံတကာ နည်းလမ်းများအတိုင်း ရေးဆွဲနိုင်ရန် စတင်ဆောင်ရွက်ခဲ့ကြသည်။
ယခုအခါ မူကြမ်းရရှိလာပြီဖြစ်၍ ယင်းကို လာမည့်ဒီဇင်ဘာလအတွင်း အချောသပ်ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အများပြည်သူထံ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း မြို့တော်စည်ပင် တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ မြို့မြေအသုံးချမှုဇုန် (Zoning Plan) နှင့် ပတ်သက်သော သတ်မှတ်ချက်များကို ပြဠာန်းပြီးပါက အဆောက်အအုံများ ဆောက်လုပ်ရာတွင် ဥပဒေပါပြဠာန်းချက်များအတိုင်း လိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်း မြို့တော်စည်ပင် မြို့ပြစီမံကိန်းပညာရှင် ဒေါက်တာတိုးအောင်က ပြောသည်။
ယခုကဲ့သို့ ရန်ကုန်မြို့ မြေအသုံးချမှုဇုန် ရေးဆွဲသတ်မှတ်ခြင်းသည် ရန်ကုန်တိုင်းအစိုးရက အကောင်အထည်ဖော်နေသော မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း (Greater Yangon) ၏ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး ရန်ကုန်မြို့တွင် အထပ်မြင့်အဆောက်အအုံများ တည်ဆောက်ရာ၌ မြို့ကို ရေရှည်တည်တံ့ဖွံ့ဖြိုးရန်နှင့် မြို့ပြလက္ခဏာများထိန်းသိမ်းရန် အဆောက်အအုံအမြင့်များကို သတ်မှတ်ခြင်းဖြစ်ကြောင်း မြို့ပြစီမံကိန်းရေးဆွဲရေးပညာရှင် ဒေါ်လှိုင်မော်ဦးက ပြောသည်။
Ref & Photo Credit : The Myanmar Times
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties