By လဲ့မို့, Shweproperty.com
Updated at 8 March 2012
ရန်ကုန်မြို့ရဲ့ ငြိမ်သက်ခဲ့တဲ့ အိမ်ခြံမြေဈေးကွက်ဟာ ဖေဖော်ဝါရီလအတွင်း ရန်ကုန်မြို့လယ် နေရာတချို့ပြန်လည် အရောင်းအဝယ်ဖြစ်လာတယ်လို့ သိရပါတယ်။‘အရင် ခြောက်လလောက်က နယ်တွေကအစ အရောင်းအဝယ် အေးနေတယ်၊ အခုရက်ပိုင်းတော့ သိန်းပေါင်း သောင်းချီပြီး အရောင်းအဝယ်လိုက်နေတယ်’ လို့ ယူနီတီ အိမ်ခြံမြေမှ အကျိုးဆောင်တစ်ဦးက ပြောပါတယ်။မြောက်ဒဂုံ၊ တောင်ဒဂုံ၊ သန်လျင်စတဲ့ မြို့နယ်တွေမှာ အရင်က အရောင်းအဝယ်တွေ ဖြစ်ခဲ့ပေမယ့် အခုဈေးကွက်အနေအထား တည်ငြိမ်ပြီး ဝယ်ယူမှ နည်းပါးလာပေမဲ့ မြို့နယ်ကြီးတွေက အိမ်ခြံမြေတွေကိုတော့ စိတ်ဝင်စားမှ များပြားလာတယ်လို့ သိရပါတယ်။အရင်က ဈေးမြင့်ပြီး အရောင်းအဝယ်ကောင်းခဲ့တဲ့ မြို့ပြင်ဧရိယာတွေမှာ အိမ်ခြံမြေဈေးကွက် တည်ငြိမ်နေပေမဲ့ ရန်ကုန်မြို့လယ် အထင်ကရနေရာတွေမှာတော့ အရောင်းအဝယ် တက်လာတယ်လို့ သိရပါတယ်။ဇန်နဝါရီလအတွင်းမှာ ရန်ကုန်အိမ်ခြံမြေဈေးကွက် ပြန်လည် လှုပ်ရှားလာပါတယ်။ ငြိမ်နေတဲ့မြို့နယ်ကြီးတွေက အိမ်ခြံမြေတွေ အရောင်းအဝယ် ကောင်းလာတာက အိမ်ခြံမြေ အရွေ့သဘော ဆောင်နေတာ ဖြစ်တယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေက ပြောပါတယ်။‘မြို့လယ်တွေမှာက သိန်းသောင်းကျော် အရောင်းအဝယ်ကောင်းလာတယ်၊ ရွေတောင်ကြား၊ အင်းလျားလမ်း၊ စမ်းချောင်းနဲ့ မရမ်းကုန်းဘက်တွေမှာ အဝယ်ပြန်လိုက်လာတယ်၊ တစ်ပတ်အတွင်းကို သိသိသာသာ အရောင်းအဝယ် ပြန်ဖြစ်တာ’ လို့ မြောက်ဥက္ကလာမှ အကျိုးဆောင်တစ်ဦးက ပြောပါတယ်။အခုလို မြို့နယ်ကြီးတွေမှာ အရောင်းအဝယ်ဖြစ်နေတာက အမှန်တကယ် နေထိုင်လိုသူတွေရှိသလို အောက်ဈေးနဲ့ ဝယ်ယူထားပြီး ဈေးနှုန်းမြင့်တက်လာပါက ပြန်လည်ရောင်းချဖို့ ဝယ်ယူနေသူတွေကလည်းရှိတယ်လို့ သိရပါတယ်။ဖေဖော်ဝါရီ ၂၀ ရက်နေ့မှ မတ် ၃ ရက်နေ့အထိ ရန်ကုန်မြို့အတွင်း အငှားဖြစ်ခဲ့သော အိမ်ခြံမြေ၊ ကွန်ဒို၊ တိုက်ခန်းတစ်ချို့ ဈေးနှုန်းများ
*(မြ)ပန်းသခင်၊ အောင်ဓနကြွယ် စသောအကျိုးဆောင်များမှ မတ် ၃ ရက်နေ့ ကောက်ယူခဲ့သော ဈေးနှန်းများဖြစ်ပါသည်။ ဈေးနှန်းပြောင်းလဲမှ ရှိနိုင်ပါသည်။Source : Kumudra Journal
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties