By Saung, Shweproperty.com
Updated at 11 March 2020
ရန်ကုန်မန္တလေးမြို့ကြီးတွေမှာ အိမ်ခြံမြေအရောင်းအဝယ်စျေးကွက် ယခင်ကထက် ပြန်လည်ကောင်းမွန်လာတယ်လို့ မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဌဦးတင်မောင်က ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ကျင်းပတဲ့ မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဒုတိယအကြိမ်နှစ်ပတ်လည်အသင်းသားစုံညီ အထွေထွေအစည်းဝေးပွဲမှာ ပြောကြားခဲ့ပါတယ်။
“လက်ရှိအချိန်မှာတော့ အိမ်ခြံမြေစျေးကအနိမ့်ဆုံးကိုေရာက်နေတာရယ်၊ နိုင်ငံတော်အစိုးရက ၂၀၁၉-၂၀၂၀ ပြည့်နှစ်အခွန်နှုန်းအတွက် သတ်မှတ်ပေးလိုက်တာရယ်ကြောင့် အိမ်ခြံမြေဝယ်ယူမှုများပြားပြီး အရောင်းအဝယ်ပိုဖြစ်လာတယ်”လို့ ၎င်းကပြောပါတယ်။
နှစ်ပတ်လည် အစီရင်ခံစာနဲ့ နှစ်ချုပ်ငွေစာရင်းရှင်းတမ်းတွေကို အသင်းသားစုံညီ အထွေထွေအစည်းဝေးပွဲမှာ ဖတ်ကြားတင်ပြခဲ့ပါတယ်။
အသင်းဝင် ငါးထောင်ခန့်ရှိတဲ့ အိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်းကို ၂၀၁၇ ခုနှစ် မတ်လ ၂၀ ရက်နေ့က ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ခွင့်ပြုချက်ဖြင့်စတင်ဖွဲ့စည်းခဲ့ပါတယ်။ အသင်းဝင်တွေအနေနဲ့ လက်ရှိမှာတော့ အိမ်ခြံမြေနှင့် သက်ဆိုင်တဲ့သင်တန်းတွေကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အခမဲ့ဖွင့်လှစ်လျက်ရှိကြောင်းသိရပါတယ်။
Written By : Saung (ShweProperty.com)
Photo Credit : mmtimes
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties