By ဖိုးတုတ်(လှည်းတန်း), Shweproperty.com
Updated at 5 December 2012
ရန်ကုန်မြို့ အတွင်းရှိ မြို့နယ်များမှ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ဒဂုံဆိပ်ကမ်းအိမ်ရာ လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင် ဥက္ကလာ၊ မြောက်ဥက္ကလာစသည့် မြို့နယ်များတွင် အရောင်းအငှားလုပ်ငန်းများ ပုံမှန်အထက်တွင်တည်ရှိသည်ဟု အိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရသည်။
တောင်ဒဂုံအရှေ့နှင့် ဒဂုံဆိပ်ကမ်းအိမ်ရာရောင်းဝယ်ငှားသာမန်ထက်ပို
တောင်ဒဂုံဆိပ်ကမ်း အိမ် ရာမှာဆို ပေ ၄ဝxပေ ၆ဝအကွက်ကိုသိန်း ၂ဝဝ နဲ့ ၃ဝဝ ကြားမှာ ရှိတယ်။ အိမ်ပါတယ် တစ်ထပ်လမ်းထဲတော့ဝင်ရမယ်။ အတွင်း နည်းနည်းကျတယ်။ လမ်းမတန်းမှာဆိုရင် အိမ်အပါပေါ့၊ ပေ ၄ဝ xပေ ၆ဝ ကို သိန်း ၅ဝဝ နဲ့ ၆ဝဝ ကြားမှာရှိတယ်၊ အဲဒါလမ်းမ ဘက်ပေါ့၊ ဒီမှာက အိမ်ကြီးအိမ်ကောင်း တွေ နည်းသေးတယ်၊ သိပ်မရှိဘူး။ တောင် ဒဂုံ အရှေ့ဘက်ဆိုရင် အတွင်းလမ်းဘက်ဆို ပေ ၄ဝ xပေ ၆ဝ ကို သိန်း ၃ဝဝ ဝန်းကျင်ရှိပြီး လမ်းမဘက်မှာဆိုရင်တော့ သိန်း ၁ဝဝဝ ဈေးလောက်အထိ ဈေးရှိ တယ်''ဟု I Home အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းမှ မတင်တင်ခိုင်က ပြောသည်။
တောင်ဒဂုံဆိပ်ကမ်းအိမ်ရာနှင့် တောင် ဒဂုံအရှေ့ပိုင်းတွင် အိမ်ခြံမြေ အရောင်းအဝယ်ဈေးကွက်မှာ ယခုအခါ ပိုမိုလုပ်ကိုင် ရပြီးအနည်းဆုံးသိန်း ၉ဝ မှ အမြင့်ဆုံး သိန်းထောင်ဂဏန်းအထိဈေးရှိကြောင်း၊ ပုံမှန်အရောင်းအဝယ်ရှိပြီး အငှားဈေးကွက် မှာလည်း သောင်းဂဏန်းမှ သိန်းဂဏန်း ဈေးအထိ အမျိုးမျိုးရှိပြီး အိမ်၏တည် နေရာပေါ်မူတည်၍ ဈေးနှုန်းမှာကွာဟမှုရှိ ကြောင်း အဆိုပါရပ်ကွက်တွင်း နေထိုင်သူ အိမ်ခြံမြေ အကျိုးဆောင် ကိုမင်းကပြော သည်။
တက်ရိပ်ပြလာသည့် မြောက်ဒဂုံအိမ်ခြံမြေဈေး
''အစ်မတို့မြောက်ဒဂုံ(၄၉)ရပ်ကွက်ထဲ မှာ ၄၃ ပေxပေ ၆ဝ တစ်ထပ်အိမ်ပါတယ်။ လမ်းထဲတော့ဝင်ရတယ်၊ဈေးကသိန်း ၃ဝဝ ကျော်မယ်ညှိလို့ရတယ်၊ ၄၁ ရပ်ကွက်မှာ လမ်းမဘက်ပေါ့ အိမ်ပါတယ်။ တစ်ထပ် အိမ်ပဲ ပေ ၄ဝxပေ ၆ဝ သိန်း ၁၃ဝဝ ဈေးရှိ တယ်၊ ဒီမှာကလမ်းမဘက်ပိုနီးရင် ဈေးနှုန်း ပိုပေးရတယ်။ ရပ်ကွက်အလိုက်ပေါ်မူ တည်ပြီး ဈေးနှုန်းလည်း ပြောင်းတယ်၊ ရပ် ကွက်ကောင်းရင်ကောင်းသလို ဈေးလည်း ကောင်းကောင်းခေါ်နိုင်တယ်''ဟု ရွှေနန်းစံ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ မမေသူ က ပြောသည်။
မြောက်ဒဂုံအိမ်ခြံမြေဈေးသည် တောင် ဒဂုံအိမ်ခြံမြေဈေးထက် ပိုမိုရခြင်းမှာသွား လာရလွယ်ကူခြင်းမှာ အဓိကဖြစ်ပြီး ဝန် ထမ်းအများစုမှာ နေထိုင်ရသည်မှာအဆင် ပြေကြောင်း၊ မိမိတတ်နိုင်သည့် ငွေကြေး အင်အားနှင့် ညီမျှသောအိမ်ကိုငှားရမ်း နေ ထိုင်နိုင်ပြီး ရပ်ကွက်အများစုမှာ အေးအေး ချမ်းချမ်းရှိခြင်းကြောင့် ဖြစ်နိုင်ကြောင်း အဆိုပါရပ်ကွက်နေထိုင်သူ အိမ်ခြံမြေ အကျိုးဆောင် မချိုချိုစန်းက သူ့အမြင် ကိုဆိုသည်။
ဈေးကောင်းနေဆဲ လှိုင်သာယာနှင့် ရွှေပြည်သာ အိမ်ခြံမြေဈေး
''လှိုင်သာယာမှ အောင်မြေသာစည် ရပ်ကွက်မှာ ပေ ၄ဝx ပေ ၆ဝ ကို အိမ်ပါ သိန်း ၄ဝဝ အထက်မှာရှိတယ်။ တံတား ဖြူ ဘက်မှာဆိုရင် ပေ ၂ဝx ပေ ၆ဝ ကို သိန်း ၂ဝဝ ဈေးရှိတယ်။ အရင်ကထက် တော့ အရောင်းအဝယ်ပိုလုပ်ရပါတယ်။ ရွှေပြည်သာ ထန်းခြောက်ပင်ဘက်မှာ ပေ ၆ဝ ပတ်လည်တစ်ထပ်တိုက်ကို သိန်း ၈ဝဝ ဈေးခေါ်ထားတယ်။ အစ်မတို့ အဓိက အလုပ်ဖြစ်တာက အရောင်းပေါ့၊ စက်မှုဇုန် ဘက်တွေ မှာဆိုရင် မြေကွက် ဂိုဒေါင် ပါအရောင်းအငှားပိုအလုပ်ဖြစ်တယ်'' ဟု ပြည့်စုံအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ မငြိမ်းသူထွေးက ပြောသည်။
ဈေးကောင်းမွန်သည့် မြောက်ဥက္ကာလာနှင့် တောင်ဥက္ကလာ
အခု တောင်ဥက္ကလာ ပင်းယလမ်း သွယ် မှာ ပေ ၄ဝx ပေ ၆ဝ တစ်ထပ်တိုက် ရေမီးအစုံဂရန်ပါကို သိန်း ၁ဝဝဝ ဈေးရှိ တယ်၊ သစ္စာလမ်းက ပေ၄ဝxပေ ၆ဝ တိုက်ဆိုရင် ဖုန်းပါတယ်၊ ဂရန်ပါတယ်၊ သိန်း ၈၅ဝဝ ဈေးပေါက်တယ်။ မြောက် ဥက္ကလာပ(ဃ)ရပ်ကွက်ထဲမှာ ပေ ၂ဝx ပေ ၆ဝ ခုနစ်ထပ်တိုက် ရေမီးဂရန်ပါတယ်။ သိန်း ၆ဝဝ ဈေး၊ (ခ)ရပ်ကွက်ထဲမှာ တစ် ထပ်တိုက် ရေမီးပါတယ်၊ ပေ ၄ဝxပေ ၆ဝ ကို သိန်း ၃၆ဝ ခေါ်ထားတယ်။ အိမ်ဈေး အဓိက ကွာသွားတာက အိမ်ရဲ့အကျယ် အဝန်း ပြင်ဆင်ပုံပါဝင်တဲ့ပစ္စည်းပေါ့၊ ပြီးရင် ရပ်ကွက်ရဲ့လမ်းအခြေအနေ တိတ်ဆိတ်မှု အပေါ်မူတည်ပြီး ဈေးကိုတောင်းကြတာပါ အရောင်းအဝယ်လည်း ဖြစ်ကြပါတယ်။ ဒီလပိုင်းမှာ အလုပ်ကောင်းနေတယ်''ဟု အဆိုပါ ဒေသ၏ အိမ်ခြံမြေ အကျိုးဆောင် ကိုဇော်ဇော်မင်းက ပြောသည်။
သာကေတ အိမ်ခြံမြေ ဈေးလည်း ကောင်းနေမြဲ
''သာကေတ (၉)ရပ်ကွက်မှာ ပေ ၂ဝ ပေ ၆ဝ တစ်ထပ်တိုက် သိန်း ၄ဝဝ ကျော် ဈေးရှိတယ်၊ လမ်းအတွင်းတော့ ဝင်ရမယ် အထဲနည်းနည်းရောက်တယ်၊ ဝါဝါဝင်း အိမ်ရာမှာ ပေ ၈၅ ပတ်လည် ဂရန်ပါ၊ နှစ် ထပ်တိုက်ကို သိန်း ၇၅ဝဝ ဈေးရှိတယ်၊ဒီ ဘက်မှာလည်း အဝယ်လိုက်ပါတယ်၊ ဝယ်သူအများစုကတော့ အိမ်နဲ့လမ်း အနေအထားကို အဓိကထားကြည့်တာပေါ့၊ အခုရောင်းတဲ့သူ အများစုကလည်းဝယ်သူအသင့်နေထိုင်လို့ရအောင် အိမ်ထဲမှာ ပါတဲ့ပစ္စည်းတွေပါ အပြီးရောင်းချပြီး တော့ အရောင်းအဝယ်လုပ်လာကြတယ်'' ဟု ရွှေနန်းစံ အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းမှ မမေသူက ပြောသည်။
အိမ်ခြံမြေဈေးနှုန်းများ ကောင်းမွန်ခြင်း မှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် အိမ်ခြံ မြေလုပ်ငန်းမှ လက်ရှိတွင်အကောင်းမွန် ဆုံးလုပ်ငန်းဖြစ်ပေါ်လျှက်ရှိကြောင်း ကား ဈေးကွက်၊ ရွှေဈေးကွက်မှာ အတတ်အကျအလွန်ကြမ်းသောကြောင့် စီးပွား သမားများမှာ အိမ်ခြံမြေလုပ်ငန်း ဘက်သို့ ခြေဦးလှည့်လာခြင်းဖြစ်နိုင်ကြောင်း စီးပွား ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးကျော်နိုင်က ဆိုသည်။
Source : Venus News
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties