By 7days, Shweproperty.com
Updated at 21 October 2014
ရန်ကုန်မြို့နှင့် မန္တလေး မြို့တွင် တစ်နှစ်ထက်တစ်နှစ် လူ နေထိုင်မှု ထူထပ်လာခြင်းကြောင့် လယ်ယာမြေများ ပယ်ဖျက်ပြီး မြို့၊ ရွာမြေအဖြစ် ပြောင်းလဲလျှောက် ထားမှုများပြားလာကြောင်း ပြည် ထဲရေးဝန်ကြီးဌာန၊ မြေယာယစ် မျိုးနွယ်အခွန်ဌာနမှ ညွှန်ကြားရေး မှူး ဦးကျော်မြင့်က ပြောသည်။
လူဦးရေ ၅ ဒသမ ၂ သန်း ကျော်နေထိုင်သော ရန်ကုန်မြို့ တွင် လူဦးရေ ပိုမိုများပြားလာ သောကြောင့် လယ်ယာမြေမှ မြို့ နှင့် ကျေးရွာအဖြစ် ပြောင်းလဲမှု များသော မြို့နယ်များမှာ တောင် ဒဂုံ၊ မြောက်ဒဂုံ၊ အရှေ့ဒဂုံ၊ ရွှေ ပြည်သာနှင့် လှိုင်သာယာမြို့နယ် တို့ဖြစ်သည်ဟု အမျိုးသားအဆင့် မြေအသုံးချမှု မူဝါဒမူကြမ်း အ လုပ်ရုံဆွေးနွေးပွဲ၌ ဦးကျော်မြင့်က ပြောသည်။
လွန်ခဲ့သည့် အနှစ် ၂၀ နှင့် နှိုင်းယှဉ်ပါက ရန်ကုန်မြို့နှင့် မန္တ လေးမြို့များသည် မြေအသုံးချမှု ပုံစံ များစွာ ပြောင်းလဲလာသည်။ ထို့ကြောင့် တိုးလာသော လူဦးရေ ကိုလိုက်၍ မြို့ပြနှင့် ကျေးရွာမြေ အဖြစ် ပြောင်းလဲလိုပါက ဝန်ကြီး ဌာနအနေဖြင့် မြေလွတ်မြေလပ် များ ရှာဖွေရပြီး ယခုနောက် ပိုင်း မြို့တစ်ဝိုက်တွင် မြေလွတ် မြေလပ်များ မကျန်တော့သော ကြောင့် လယ်ယာမြေများ၌ နေ ထိုင်ရန် လျှောက်ထားလာခြင်း ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။
‘‘ရန်ကုန်မြို့ကြီး လွန်ခဲ့တဲ့ အနှစ် ၂၀ က ဒီလူဦးရေ မရှိဘူး။ မြို့ကြီးလည်းဖြစ်တယ်။ အလုပ် အကိုင်အခွင့်အလမ်းတွေက များ တော့ တစ်နှစ်ထက်တစ်နှစ် လူ နေအိမ်ခြေများလာတယ်။ အဲဒီ တော့ ရန်ကုန်မြို့နဲ့ မန္တလေးမြို့ တစ်ဝိုက် စားကျက်မြေ လျော့ သွားတယ်’’ ဟု ဦးကျော်မြင့်က ပြောသည်။
လယ်ယာမြေ၊ မြေလွတ်မြေ ရိုင်းနှင့် အခြားမြေများ စားကျက် မြေနှင့် ကျေးရွာမြေအဖြစ် ပြောင်း လဲလိုပါက မြေအမျိုးအစားပေါ် မူတည်၍ သက်ဆိုင်ရာ ဝန်ကြီး ဌာနက ပယ်ဖျက်ပေးရပြီးနောက် ပြည်ထဲရေးဝန်ကြီးဌာနက အဆို ပါ မြေများကို မြို့နှင့် ကျေးရွာအ ဖြစ် သတ်မှတ်ပေးရသည့် လုပ် ငန်းစဉ်ကို လုပ်ကိုင်ရသည်။
မြန်မာနိုင်ငံ၏ လူဦးရေ သိပ် သည်းဆသည် တစ်စတုရန်းကီလို မီတာတွင် ပျမ်းမျှ လူနေထိုင်သူ ၇၆ ဦးရှိသည့်အနက် ရန်ကုန်တိုင်း နှင့် မန္တလေးတိုင်းဒေသကြီးတို့သည် လူဦးရေ အထူထပ်ဆုံးဖြစ်ပြီး တစ်စတုရန်းကီလိုမီတာတွင် လူဦးရေ ၇၀၀ ကျော်နှင့် ၂၀၀ ကျော် နေထိုင်ကြောင်း အသစ် ကောက်ယူထားသည့် ၂၀၁၄ ခုနှစ်လူဦးရေ သန်းခေါင်စာရင်းကောက်ယူခြင်းမှ သိရသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး ရှိ မြို့ကြီး ၁၄ ခုအနက် ရန်ကုန် မြို့နှင့် မန္တလေးမြို့သည် လူဦးရေ အများဆုံး နေထိုင်သော မြို့ကြီး နှစ်ခုဖြစ်ပြီး တတိယအများဆုံး နေထိုင်သော မြို့မှာ နေပြည်တော် ဖြစ်သည်။ ရန်ကုန်မြို့၏ လူဦးရေ သည် ငါးသန်းကျော်ရှိပြီး မန္တလေး မြို့တွင် လူဦးရေ တစ်သန်းကျော် ရှိသည်
Ref : 7days
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties