By The Kumudra, Shweproperty.com
Updated at 2 December 2014
အစိုးရရဲ့အခွန်နှုန်းထား၊ စီမံကိန်းပြသနာ၊ မြေပြန်သိမ်းမှုစတဲ့ ပြသနာတွေကြောင့် မြို့သစ်ဘက်တွေရဲ့မြေဈေးဟာ ထက်ဝက်နီးပါးကျဆင်းလာတယ်လို့ အကျိုးဆောင်တစ်ဦးက ပြောပါတယ်။
'အရင်လပိုင်းက ဒဂုံအရှေ့ဈေးတွေမှာ ရပ်ကွက်အလိုက် (ကျပ်) သိန်း ၃၀၀ လောက်ဖြစ်ပေမယ့် အခုလဆန်းပိုင်းကစပြီး ၁၈၀ လောက်အထိ အခေါ်တွေနိမ့်လာပြီး ရောင်းသူတွေသာများတယ်၊ ဝယ်လက်ကမရှိသလောက်ကို အေးနေတယ်'လို့ ဒဂုံမြို့သစ်ဘက်မှ အိမ်ခြံမြေအကျိုးဆောင် ဦးငယ်ကပြောပါသည်။
ဈေးကွက်မရှိသလောက် အရောင်းအဝယ်အေးနေတဲ့ မြို့နယ်တွေကတော့ ဒဂုံဆိပ်ကမ်း၊ အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်း၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာ အစရှိတဲ့မြို့နယ်တွေဖြစ်ပြီး ယခင်ဈေးနှုန်းထက် သိန်း ၅၀မှ သိန်းရာချီအထိ လျှော့ချရောင်းနေတာဖြစ်ပါတယ်။ ဒါ့အပြင် အရောင်းအဝယ်အေးနေတဲ့ အမျိုးအစားတွေကတော့ ကြိုပွိုင့်တိုက်ခန်း၊ ခြံမြေ၊ လယ်မြေစတာတွေဟာ အဓိက ဈေးကွက်ပျောက်နေတာ ဖြစ်ပါတယ်။
အစိုးရဘက်ကအခွန် နှုန်းထားတွေနဲ့ ထိန်းချုပ်ပုံနဲ့ ပတ်သက်ပြီး စီးပွားရေးနှင့် ဥပဒေ လမ်းညွှန် ဦးဇော်မြင့်ဦး (GEOG) ကလည်း 'အခုဆိုရင် ဈေးနှုန်းတွေကျနေပြီ အခွန်ဥပဒေအရ အောင်မြင်ပါတယ်၊ ဈေးနှုန်း able ဖြစ်ဖို့ကတော့ အတိအကျ မပြောနိုင်ဘူး၊ အတက်အကျ ကြမ်းတာတွေကိုတော့ ထိန်းချုပ်နိုင်တယ်' လို့သူ့အမြင်ကိုပြောပါတယ်။
ဈေးနှုန်းအဆမတန်မြင့်တက်မှုကို ထိန်းချုပ်နိုင်မယ့်နည်းလမ်းတွေကို အစိုးရနဲ့သက်ဆိုင်ရာဝန်ကြီးဌာနတွေက စတင်အကောင်အထည်ဖော်ခြင်း၊ တန်ဖိုးနည်းအိမ်ရာ၊ တန်ဖိုးနည်း အငှားအိမ်ရာ၊ စံနှုန်းထားသတ်မှတ်ချက်၊ အခွန်ကောက်ခံပုံ စတဲ့ အချက်တွေပြောင်းလဲမှုကြောင့်နောက်ပိုင်း အငှားဈေးကွက်တွေလည်း ကျဆင်းလာနိုင်မှာ ဖြစ်ပါတယ်။
အငှားဈေးကျဆင်းဖို့
ရန်ကုန်မြို့တွင်း အဆမတန် မြင့်တက်နေတဲ့ အိမ်ငှားခ ဈေးလျှော့ချနိုင်ရေးနဲ့ အခြေခံလူတန်းစားတွေအတွက် သင့်တင့်မျှတတဲ့ နှုန်းထားနဲ့အငှားအိမ်ရာတွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
အစိုးရရဲ့ အငှားအိမ်ရာဈေးနှုန်းတွေကတော့ လက်ရှိဈေးကွက်ပေါက်ဈေးထက် အဆ ၂၀နီးပါးကွာခြားမှုတွေရှိ နေတာကြောင့် အခြေခံလူတန်းစားတွေ အတွက် အငှားအိမ်ရာများများ အကောင်အထည် ဖော်လာနိုင်ပါက ဈေးကွက်ငှားရမ်းခတွေလည်း လျှော့ကျလာမှာ ဖြစ်တယ်လို့သိရပါတယ်။
မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဌာနက ညွှန်ကြားရေးမှုးချုပ် ဦးမင်းထိန်ကလည်း" တန်ဖိုးနည်းအိမ်ရာတွေကို လတ်တလော မဝယ်ယူနိုင်တဲ့ အောက်ခြေလူတန်းစားတွေ အတွက် အငှားအိမ်ယာတွေ အကောင်အထည်ဖော်သွားမယ်၊ လက်ရှိအစိုးရ အငှားအိမ်ရာ ဈေးနှုန်းတွေကလည်းအနည်းဆုံး ၂၀၀၀ကနေ အများဆုံး ၅၀၀၀လောက်ပဲဆိုတော့အပြင်ထက်အများကြီးသက်သာတယ်"လို့ ပြောပါတယ်။
ကြိုပွိုင့်အရောင်းပွဲတော်
ကြိုပွိုင့်အရောင်အဝယ် ဝယ်ယူသူနည်းပါးလာတာကြောင့် အရစ်ကျပေးချေမှု နှစ် ပိုပေးကာ၊ ဈေးလျှော့ရောင်းချတာ စတာတွေနဲ့ ဝယ်ယူသူရှာတာတွေ ပြုလုပ်လာကြပါတယ်။ ဆောက်လုပ်ရေးကုမ္ပဏီတချို့က အကျိုးတူပူးပေါင်းဆောက်လုပ်ပြီး ရရှိတဲ့အခန်းတွေကို ရောင်းချမှုတွေပြုလုပ်တာဖြစ်ပါတယ်။
ကြိုပွိုင့်တိုက်ခန်းတွေ အရောင်းအဝယ် အေးလာတာတွေကြောင့် နောက်ပိုင်းကန်ထရိုက်တိုက် ဆောက်လုပ်မှုလည်း လျော့နည်းလာနိုင်ပါတယ်။
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties