By Hsu Myat May Zaw (ShweProperty.com), Shweproperty.com
Updated at 15 May 2018
ရန်ကုန်တိုင်းရှိ ခရိုင်လေးခုတွင် အဆောက်အအုံသစ်များ ဆောက်လုပ်ရန် လျှောက်ထားမှုပေါင်း (၁၂၃၀၀) ကျော် ရှိကြောင်းကို ရန်ကုန်စည်ပင်သာယာရေးကော်မတီ၏ ထုတ်ပြန်ထားသော စာရင်းတွင် ဖော်ပြထားသည်။
လျောက်ထားသူ ၁၂၃၀၀ ထဲမှ အများစုမှာ RC အထပ်နိမ့် အဆောက်အဦးများ ဆောက်လုပ်ရန် လျောက်ထားမှု များဖြစ်သည်။
အဆောက်အအုံ ဆောက်လုပ်ခွင့် လျှောက်ထားရာတွင် ယခင်ကဲ့သို့ ရန်ကုန်စည်ပင်သာယာရေး ကော်မတီ ( အဆောက်အအုံဌာန) တွင် လူကိုယ်တိုင်လာရောက် လျှောက်ထားစရာမလိုတော့ဘဲ ရန်ကုန်မြို့ စည်ပင်သာယာရေး ကော်မတီဝက်ဘ်ဆိုဒ်မှတဆင့် လျှောက်ထားနိုင်သည်။
ရန်ကုန်မြို့တွင် အဆောက်အအုံဆောက်လုပ်မှုများ ယခင်နှစ်များထက် ပိုမိုများပြားလာပြီး ရန်ကုန်မြို့စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန(အဆောက်အအုံ) ကလည်း အရည်အသွေးပြည့်မီသော အဆောက်အအုံများ ထွက်ပေါ်လာရေးအတွက် တင်းကျပ်စွာ စိစစ်လျက်ရှိကြောင်း တွေ့ရသည်။
Written By : Hsu Myat May Zaw (ShweProperty.com)
Photo Credit : Mlcustomwork
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties