By Sint Sint, Shweproperty.com
Updated at 9 September 2020
ရန်ကုန်မြို့သစ်၏ စက် မှုဇုန်နှင့် အခြေခံအဆောက်အအုံ များ တည်ဆောက်ရေး တရုတ်CCCC ကုမ္ပဏီ၏ ဆွစ်ယှဉ်ပြိုင် တင်ဒါ (Swiss Challenge) တင်သွင်းမှုကို ကြီးကြပ်ရန် ဂျာမနီအ ခြေစိုက် Roland Berger ကုမ္ပဏီ ကို အကြံပေးအဖြစ်ငှားရမ်း လိုက်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
Roland Berger Pte. Ltd ကို အကြံပေးကုမ္ပဏီအဖြစ် လုပ်ငန်းအပ်နှံစာချုပ် လက်မှတ်ရေး ထိုးခြင်းကို စက်တင်ဘာ ၄ ရက် တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
ထိုလက်မှတ်ထိုးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက် သွယ်ရေးဝန်ကြီး ဦးသောင်းထွန်းက ရန်ကုန်မြို့ အနောက်ဘက် ကမ်းတွင် ခေတ်မီမြို့သစ်ဖော် ဆောင်ရေး ရည်မှန်းချက်အတွက် ခြေလှမ်းသစ်ဟု ပြောကြားသည်။စက်မှုဇုန်နှင့် အခြေခံအဆောက် အအုံများကြောင့် စက်မှုလုပ်ငန်း များ ပိုမိုချဲ့ထွင်ဆောင်ရွက်နိုင်ပြီးကိုဗစ်ကြောင့် နိုင်ငံစီးပွားရေးအ ပေါ် ဆိုးကျိုးသက်ရောက်မှုများကို လျော့ပါးစေရေးနှင့် အလုပ်အ ကိုင်အခွင့်အလမ်းသစ်များ ဖန် တီးနိုင်မည်ဟု ဝန်ကြီးက ဆို သည်။ အဆိုပါ စီမံကိန်းတွင် စက်မှုဇုန်၊ တန်ဖိုးနည်းအိမ်ရာများနှင့် အထောက်အကူပြု အခြေခံအဆောက်အအုံများ ပါဝင်မည်ဖြစ်သည်။
ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသစ်တွင်ပါဝင်သည့် လုပ်ငန်းစီမံကိန်းများ အနက် စက်မှုဇုန်နှင့် အခြေခံအ ဆောက်အအုံများကို ဦးစွာအ ကောင်အထည်ဖော်ဆောင်ရွက်ရန် အစိုးရဘက်က စီစဉ်ခြင်းဖြစ် သည်။
ထို့အတွက် တရုတ်ကုမ္ပဏီ က ဆွစ်ယှဉ်ပြိုင်တင်ဒါ (Swiss Challenge) တင်သွင်းမည်ဖြစ်ပြီး ထိုတင်သွင်းသည့် စီမံကိန်းပုံစံကို အခြားကုမ္ပဏီများက ဈေးနှုန်းဝင် ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ဆွစ်ယှဉ်ပြိုင်တင်ဒါ(Swiss Challenge) ဆိုသည်မှာ ကုမ္ပဏီ တစ်ခုက မိမိလုပ်ကိုင်လိုသည့် စီမံကိန်းတစ်ခုကို အစ၊ အဆုံး အကုန်အကျခံ လေ့လာစစ်တမ်းပြုလုပ် ၍ စီမံကိန်းပုံစံထုတ်ပေးရမည်ဖြစ် သည်။ စီမံကိန်းပုံစံထွက်လာပါက အခြားကုမ္ပဏီများနှင့်အတူ ဈေးပြိုင်တင်ဒါ ဝင်ပြိုင်ရမည်ဖြစ် သည်။ အကယ်၍ ၎င်းက တင်ဒါ မအောင်မြင်ပါက တင်ဒါအောင်မြင်သည့်ကုမ္ပဏီက စီမံကိန်းပုံစံ ထုတ်လုပ်ခဲ့သည့် မူလကုမ္ပဏီကို ကုန်ကျစရိတ် ပြန်လည်ပေးအပ်ရမည်ဖြစ်သည်။
အဆိုပါလက်မှတ်ရေးထိုး ခြင်းနှင့်ပတ်သက်ပြီး Swiss Challenge တင်ဒါကော်မတီ အတွင်းရေးမှူး၊ ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးထံ မှတ်ချက် တောင်းသော်လည်း အစည်းအဝေးလုပ်နေ၍ မအားကြောင်း ပြန်လည်ဖြေကြားသည်။
ရန်ကုန်မြို့သစ်စီမံကိန်းကို တရုတ်အစိုးရပိုင် CCCC ကုမ္ပဏီ ကို လုပ်ကိုင်ခွင့်ပေးမည့်ဟုဆို ထားသော်လည်း အစိုးရဘက်က မူဝါဒပြောင်းလဲလိုက်သဖြင့် စီမံ ကိန်းကို အပိုင်းလိုက်သာအ ကောင်အထည်ဖော်တော့မည်ဟု ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးရဲမင်းဦး က ပြောကြားထားသည်။
ရန်ကုန်မြို့သစ်စီမံကိန်းကို ယခင် အစိုးရလက်ထက်တွင် စတင်ခဲ့သည့် မြေနေရာရှိ မြေ ဧက ၂၀,၀၀၀ တွင် ပထမအဆင့် စတင် အကောင်အထည်ဖော်မည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။
စီမံကိန်းဆောင်ရွက်ခွင့်ရထားသည် တရုတ် CCCC ကုမ္ပဏီ ကို အမေရိကန်က ဩဂုတ် ၂၆ ရက်တွင် အမည်ပျက်စာရင်းသွင်းခဲ့သည်။
စီမံကိန်းကို ရန်ကုန်မြစ် အနောက်ဘက်ကမ်းတွင် တည်ဆောက်မည်ဖြစ်ပြီး အနည်းဆုံး လူဦးရေ သုံးသန်းကျော် နေထိုင်နိုင်မည့်အပြင် အလုပ်အကိုင်အခွင့်အလမ်း နှစ်သန်းကျော် ဖန်တီးနိုင်ရန်ဖြစ်ကြောင်း၊ မြို့သစ်စီမံကိန်း တည်ဆောက်ပြီးစီးပါက စင်ကာပူနိုင်ငံထက် နှစ်ဆကျယ်ဝန်းမည်ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ထားသည်။
Credit : 7Day News
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties