By Sint Sint, Shweproperty.com
Updated at 20 October 2020
ရန်ကုန်မြို့သစ်စီမံကိန်းကို တရုတ် CCCC ကုမ္ပဏီ နှင့် ယှဉ်ပြိုင်တင်ဒါတင်သွင်းရန် စိတ်ဝင်စားသည့် ကုမ္ပဏီများကို ဆွစ်ယှဉ်ပြိုင်တင်ဒါ (Swiss Challenge) ကော်မတီက အောက်တိုဘာ ၁၅ ရက်တွင် ဖိတ်ခေါ်လိုက်သည်။
အဆိုပါစိတ်ဝင်စားမှုဖော်ပြလွှာသည် ပထမအဆင့်ဖြစ်ပြီး စိတ်ဝင်စားသည့်ကုမ္ပဏီများသည် အောက်တိုဘာ ၂၂ ရက် တွင် တင်သွင်းရမည်ဖြစ်သည်။
လက်ရှိအစိုးရသက်တမ်း တစ်လျှောက်ညှိနှိုင်းပြီးနောက် ရန်ကုန်မြို့သစ်စီမံကိန်းကို ရှေ့ဆက်ရန် ပထမအဆင့်ကို မြန်မာအစိုးရက ဆောင်ရွက်ခြင်းဖြစ်သည်။
ကော်မတီကထုတ်ပြန်ချက်အရ ရန်ကုန်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အအုံနှင့်စက်မှုဇုန်အတွက် အဆိုပြုလွှာတင်သွင်းမှုကို မြန်မာအစိုးရက လက်ခံရရှိခဲ့ပြီး ထိုတင်ဒါကို ယှဉ်ပြိုင်တင်ဒါတင်သွင်းလိုသည့် ကုမ္ပဏီများကို ဖိတ်ခေါ် ခြင်းဖြစ်သည်။
ရန်ကုန်မြို့သစ်၏ စက်မှုဇုန်နှင့် အခြေခံအဆောက်အအုံများ တည်ဆောက်ရေးအတွက် တရုတ် CCCC ကုမ္ပဏီ၏ ဆွစ်ယှဉ် ပြိုင်တင်ဒါ (Swiss Challenge) တင်သွင်းမှုကိုကြီးကြပ်ရန် ဂျာမနီအခြေစိုက် Roland Berger ကုမ္ပဏီကို အကြံပေးအဖြစ် မြန် မာအစိုးရက ပြီးခဲ့သည့်စက်တင်ဘာတွင် ငှားရမ်းခဲ့သည်။
ဆွစ်ယှဉ်ပြိုင်တင်ဒါဆိုသည် မှာ ကုမ္ပဏီတစ်ခုက မိမိလုပ် ကိုင်လိုသည့် စီမံကိန်းတစ်ခုကို အစ၊အဆုံး အကုန်ကျခံ လေ့ လာစစ်တမ်းပြုလုပ်၍ စီမံကိန်းပုံ စံထုတ်ပေးရမည်ဖြစ်ပြီး စီမံကိန်း ပုံစံထွက်လာပါက အခြားကုမ္ပဏီများနှင့်အတူ ဈေးပြိုင်တင်ဒါဝင်ပြိုင်ရမည်ဖြစ်သည်။
အကယ်၍ ၎င်းက တင်ဒါမအောင်မြင်ပါက တင်ဒါအောင်မြင်သည့်ကုမ္ပဏီက စီမံကိန်းပုံစံ ထုတ်လုပ်ခဲ့သည့် မူလကုမ္ပဏီကို ကုန်ကျစရိတ် ပြန်လည်ပေးအပ်ရမည်ဖြစ်သည်။
ရန်ကုန်မြို့တော်မြို့ပြဖွံ့ ဖြိုးတိုးတက်ရေး စီမံကိန်းသစ်တွင် ပါဝင်သည့် လုပ်ငန်းစီမံကိန်းများအနက် စက်မှုဇုန်နှင့် အခြေခံအဆောက်အအုံများကို ဦးစွာအကောင်အထည်ဖော်ဆောင်ရွက်ရန် အစိုးရဘက်က စီစဉ်ခြင်းဖြစ်သည်။
ရန်ကုန်မြို့သစ်စီမံကိန်းကို ယခင် အစိုးရလက်ထက်တွင် စတင်ခဲ့သည့် မြေနေရာရှိ မြေ ဧက ၂၀,၀၀၀ တွင် ပထမအဆင့် စတင် အကောင်အထည်ဖော်မည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။
နောက်ဆုံးရ သတင်းများနှင့် ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ
ဆိုလာစနစ်သုံးအိမ်ခြေလေးသိန်းကျော်ပြုပြင်ထိန်းသိမ်းရေးကို ပုဂ္ဂလိကနှင့်ပူးပေါင်းဆောင်ရွက်မည်
ဟံသာဝတီ လေဆိပ်စီမံကိန်း ပထမအဆင့် ပြီးဆုံးပါက တစ်နှစ်လျှင် ခရီးသည် (၈) သန်း ဝန်ဆောင်မှုပေးနိုင်မည်
စီးပွားတက်မည့်အိမ်
လယ်မြေပုဒ်မ ၇ (က)နဲ့ ၇ (ခ)အကြောင်း သိကောင်းစရာများ
Credit : 7Day News
Photo Credit : mizzimaburmese
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties