By The Kumudra, Shweproperty.com
Updated at 21 July 2015
‘ရပ်ဆိုင်းထားတဲ့ ရန်ကုန်မြို.သစ်စီမံကိန်းပြန်ဖြစ်လာတာ ဝမ်းသာတယ်၊ ဒါပေမဲ့ ဒီနေရာမှာ စီမံကိန်းကျပြီး ဒီဒေသကလူထုကို အခြားတစ်နေရာပို. မယ်ဆိုလို. အားလုံးက စိုးရိမ်နေကြပါတယ်’ လို.ကြည့်မြင့်တိုင်မြို.တယ်၊ တစ်ဖက်ကမ်းရှိ အေးရွာနေဒေသခံဦးခင်ဦးက ပြောတယ်။
ရန်ကုန်မြို.သစ်စီမံကိန်းထဲမှာပါတဲ့ ဒေသခံတွေအားလုံးနဲ. ရပ်ကွက်၊ ကျေးရွာတွေကို ဖျက်ပြီး တွံတေးမြို.နယ်ထဲမှာ ရှိတဲ့ သစ်ဝန်းတောဘက်ကို ပို.မယ်လို.ပြောနေကြတယ်။ အဲသည်မှာ သည်ကလူတွေကို ထားဖို. ဧက ၃၀၀၀ ဝယ်ထားပြီးပြီလို. ဆိုတယ်။ သစ်ဝန်းတောဆိုတဲ့ နေရာက သည်နေရာနဲ. မိုင် ၂၀ကျော်လောက်ဝေးပြီး မအူပင်မြို.နယ်နဲ. တွံတေးကားလမ်းကြားမှာပါ။ ရေနက်ကွင်းတွေဖြစ်လို. ဘာမှလုပ်ကိုင် စားသောက်လို.မရဘူးလို.ဆိုတယ်။
ရန်ကုန်မြို.သစ်စီမံကိန်းဖော်မယ့် နေရာက လယ်မြေတွေရဲ. အနည်းဆုံးကာလပေါက်ဈေးက ကျပ်သိန်း ၂၀၀ကနေပြီးတော့ လမ်းမကြီးဘေးတွေဆိုရင် ကျပ်သိန်း ၁၀၀၀ကျော်အထိရှိတယ်။ စီမံကိန်းအစမှာ တစ်ဧက ကျပ်သိန်း ၁၂၀၀နဲ. ရောင်းထားတဲ့လယ်တွေလည်း ရှိတယ်။ အဲဒါကြောင့် စီမံကိန်းထဲမှာပါတဲ့ လယ်ယာမြေတွေကို ကျပ်သိန်း ၅၀၊ ၁၀၀ ပဲပေးမယ်ဆိုတာကို လက်မခံနိုင်ကြတာလို.ဆိုတယ်။
သည်ကစောင့်နေသူ
ရန်ကုန်တိုင်းဒေသကြီးအနောက်ဘက်ပိုင်း၊ ကြည့်မြင့်တိုင်တစ်ဖက်ကမ်းမှာ တိုးချဲ.တည်ဆောက်ဖို. စီစဉ်ထားတဲ့ ရန်ကုန်မြို.သစ်စီမံကိန်းကို ရပ်ဆိုင်းလိုက်ပြီဖြစ်တယ်လို. ပြီးခဲ့တဲ့ ၂၀၁၄ခုနှစ်၊ စက်တင်ဘာလ ၂၆ရက်နေ.၊ တိုင်းဒေသကြီးလွှတ်တော်မှာ ရန်ကုန်မြို.တော်ဝန် ဦးလှမြင့်က ပြောတယ်။ မြို.သစ်စီမံကိန်းရပ်ဆိုင်းလိုက်တာကြောင့် ဒေသခံတွေကမောက်ကမ ဖြစ်ပြီး ကျန်ခဲ့တယ်။ အခု ရန်ကုန်မြို.သစ်စီမံကိန်းကို ရန်ကုန်မြို.ရဲ. အနောက်ဘက်ပန်းလှိုင်မြစ်နဲ. တွံတေးတူးမြောင်းကြား၊ လှိုင်မြစ်နဲ. လှိုင်သာယာ - တွံတေးကားလမ်းကြားမှာ တည်ထောင်မယ်လို.ပြီးခဲ့တဲ့ ဇွန်လ ၁၅ရက်နေ.က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ပြန်လည်အတည်ပြုခဲ့တယ်။ မြို.သစ်စီမံကိန်းပြန်ဖြစ်လာပြီဆိုလို. လယ်တွေရောင်းဖို. စောင့်နေကြသူတွေရှိတယ်လို. အကျိုးဆောင် ဦးခင်ဇော်က ဆိုတယ်။
သူက ‘လယ်တွေရောင်းချင်တဲ့သူက အများကြီးရှိတယ်၊ အခုဝယ်ရင် အခုရောင်းချင်နေကြတယ်၊ စီမံကိန်းရှိလာလို. အရောင်းအဝယ်ပြန်ရှိလာမယ် ဆိုရင် လယ်တွေရောင်းပြီး အခြားစီးပွားရေးပြောင်းလုပ်ဖို. စီစဉ်ထားကြတယ်’ လို.ပြောပါတယ်။
နစ်နာမှုတွေရှိ
မြို.သစ်စီမံကိန်း ရုတ်တရက်ပေါ်လာပြီး ရက်ပိုင်းအတွင်းပြန်ရပ်ဆိုင်းသွားတာ ကြောင့် အခက်အခဲဖြစ်ပြီး ကျန်ခဲ့တဲ့ဒေသခံတွေရှိတယ်။ မြို.သစ်စီမံကိန်းအစမှာ အရောင်းအဝယ်တွေကောင်းနေပြီး ဝယ်တဲ့သူကလည်း ကြိုက်ဈေးပေးဝယ်စရန်ချတယ်။ ရှေ.ဆက်ပြီး မမြှုပ်နှံရဲတော့ဘဲ အဆုံးခံကြတယ်။ ဝါးရံ်ုဆိပ်ရွာထဲမှာ ဆိုရင် တစ်ဧက ကျပ်သိန်း ၇၅၀နဲ.ရောင်းတာကို စရန်ကျပ်သိန်း ၁၅၀ချသွားတယ်။ စီမံကိန်းရပ်ဆိုင်းလိုက်တော့ စရန်အဆုံးခံပြီး နစ်နာသွားတာမျိုးတွေဖြစ်ခဲ့တယ်။
တံတားလေးတော့ လိုချင်တယ်။
ရန်ကုန်မြို.သစ်စီမံကိန်းကြီးဖြစ်တာ မဖြစ်တာထက်အဓိကဟိုဘက်သည်ဘက်ကို တံတားတစ်စင်းထိုးပေးစေချင်တယ်လို. ကြည့်မြင့်တိုင်မြို.နယ် တစ်ဖက်ကမ်း အလတ်ချောင်းကျေးရွာနေ ဦးမြလွင်က ဆိုပါတယ်။
သူက ‘စီမံကိန်းဖြစ်တာ၊ မဖြစ်တာထား၊ ဟိုဘက်သည်ဘက်ကို တံတားတစ်စင်းထိုးပေးစေချင်တယ်လို. ကြည့်မြင်တိုင်မြို.နယ် တစ်ဖက်ကမ်းအလတ်ချောင်းကျေးရွာနေ ဦးမြလွင်က ဆိုပါတယ်။
သူက ‘စီမံကိန်းဖြစ်တာ၊ မဖြစ်တာထား၊ ဟိုဘက်ကမ်းဒီဘက်ကမ်းအတွက် တံတားတစ်ခုတော့ ဖြစ်စေချင်တယ်၊ ခြောက်လမ်းသွား မဟုတ်တောင် လေးလမ်းသွားပေါ့၊ ကြည့်မြင်တိုင်ကပဲ ထိုးထိုး အေးရွာကပဲထိုးထိုး၊ ရွာတွေတိုးတက်သွားမှာပါ။ လေမကလို. မုန်တိုင်းပဲကျကျ သွားလို. လာလို.ရသွားပြီ’ လို. ပြောပါတယ်။
ပြောင်းခံရမှာ စိုးရိမ်
‘မြို.သစ်စီမံကိန်းနဲ. ပတ်သက်ပြီး လူကြီးတွေ၊ မြို.နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ဘာတွေလုပ်နေတယ်ဆိုတာကို မသိကြတဲ့ ဒေသခံအများစုက သူတို.ကို တစ်နေရာရာ ရွှေ.ပြောင်းပို.ပစ်လိုက်မလား၊ နှိပ်ကွပ်လိုက်မလားလို. စိုးရိမ်နေကြတယ်၊ ဒီနေရာမှပဲ အိမ်ပြန်ဆောက်ပေးပြီးနေခွင့်ပေမလား သဲသဲကွဲကွဲ မသိကြလို.ပါ။ တကယ်လို. ရွှေ.ခဲ.ရင်လဲ ဘယ်သူမှ လက်မခံပါဘူး၊ သတင်းစာဂျာနယ်တွေက တစ်ဆင့် ကန်.ကွက်သွားမှာပါ’ လို. အလတ်ချောင်း၊အုပ်ချုပ်ရေးတာဝန်ခံ ဦးညွန်.တင်က ပြောပါတယ်။
သူက ‘စီမံကိန်းထဲမှာပါတဲ့ အိမ်တွေ လယ်တွေကို ဖျက်မယ်ဆိုရင် ကာလပေါက်ဈေးအတိုင်း ပေးလျော်ရမယ်လို. တောင်းဆိုဖို. ကျေးရွာ ရပ်မိရပ်ဖ၊ အုပ်ချုပ်ရေး၊ အထောက်အကူပြုအဖွဲ.တွေ ပေါင်းစပ်ပြီး ရွာတိုင်းမှာ ဖွဲ.ထားတယ်၊ လျော်ကြေးက ကာလပေါက်ဈေးထက်နည်းနေရင် ကော်မတီ အဖွဲ.က တောင်းပေးမယ်၊ ရင်းနှီးမြှုပ်နှံမယ့်သူနဲ. ဒေသခံကြားနှစ်ဖက်မနစ်နာရမယ့် ဈေးတစ်ခု သတ်မှတ်တောင်းဆိုမယ်’ လို.ပြောပါတယ်။
Ref : The Kumudra
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties