By The Myanmar Times, Shweproperty.com
Updated at 25 December 2018
ရန်ကုန်မြို့သစ်စီမံကိန်းရဲ့ အဆင့်(၁)အဖြစ် ရန်ကုန်မြို့ကြည့်မြင်တိုင် အနောက်ဘက်ကမ်းရှိ ဧက ၂၀ဝဝဝ ခန့်ရှိ မြေနေရာမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရက ရာနှုန်းပြည့် ပိုင်ဆိုင်ထားတဲ့ ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက် (NYDC) က တာဝန်ယူဆောင်ရွက်နေပါတယ်။
ရန်ကုန်မြို့သစ်စီမံကိန်းကို ပြီးခဲ့တဲ့ အစိုးရလက်ထက် ကတည်းကစတင်ဖို့ စိုင်းပြင်းခဲ့တာဖြစ်ပြီး အခုအစိုးရသစ်လက်ထက်မှာ အစီအစဉ်သစ်နဲ့ ပြန်လည်စတင်ခဲ့ တာပါ။ ရန်ကုန်မြို့သစ်စီမံကိန်းကို ရန်ကုန်မြစ် အနောက် ဘက်ကမ်းက ကြည့်မြင်တိုင်မြို့နယ်မှာ အကောင်အထည် ဖော်မှာဖြစ်ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့က ရာနှုန်းပြည့်ပိုင်ဆိုင်တဲ့ ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီက New Yangon Development Company (NYDC)က ဦးဆောင်လုပ်ကိုင်မှာ ဖြစ်ပါတယ်။
စီမံကိန်းပထမအဆင့်မှာ အဆောက်အအုံဆောက်လုပ်ခြင်းအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံကျော်ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။
Flood Risk Assessment eJY Traffic & Transport Planning တို့အတွက် ကနဦးအစီရင်ခံစာ ရေးဆွဲမှုတွေ အောက်တိုဘာလကုန်မှာ ပြီးဆုံးခဲ့ပါတယ်။
မဟာဗျူဟာမြောက် သဘာဝပတ်ဝန်းကျင်ဆန်းစစ်မှု နဲ့ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်တာတွေအတွက် အကြံပေးအဖြစ်ERM Myanmar ကုမ္ပဏီလီမိတက်ကို နိုဝင်ဘာ ၂၀ ရက်က ရွေးချယ်ခဲ့ပါတယ်။
NYDC Challenge တင်ဒါ ခေါ်နိုင်ရေးအတွက် လိုအပ်တဲ့ စီမံကိန်းအကြိုစာရွက်စာတမ်းတွေ(PPD) ကို အပြီးသတ်နိုင်ဖို့ ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက် နဲ့ China Communications Construction Company Ltd (CCCC)တို့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နေတာ နောက်ဆုံးအဆင့်ကို ရောက်နေပြီဖြစ်ပါတယ်။
နောက်တစ်ဆင့်ကPPD မူကြမ်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ တိုင်းဒေသကြီးရှေ့နေချုပ်ရုံးကို တင်ပြ ရမှာဖြစ်ပါတယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေဆီက ခွင့်ပြုချက်ရရှိပြီးရင်တော့ PPD ကို ကြေညာမှာဖြစ်ပြီးရန်ကုန်မြို့သစ်စီမံကိန်းကို တည်ဆောက်ဖို့NYDC Challenge တင်ဒါလည်း စတင်မှာ ဖြစ်ပါတယ်။
PPD မှာပါဝင်မယ့် တည်ဆောက်ရေးလုပ်ငန်းတွေကတော့ တံတားအမှတ်(၁) ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်း၊ ဗားကရာလမ်းအနီးက မြို့သစ်အထိ လှိုင်မြစ်ပေါ်မှာတည်ဆောက်မယ့် ခြောက်လမ်းသွားတံတား၊ တံတားအမှတ်(၂) (-လက်ရှိပန်းလှိုင်မြစ်ကူးတံတားနှင့် ယှဉ်လျက် နှစ်လမ်းသွားတံတား)၊ ၂၆ ကီလိုမီတာရှိ အဓိကလမ်းမကြီးတွေ၊ ပြန်လည်နေရာချထားမယ့် မြို့ရွာငါးခုရဲ့ အခြေခံအဆောက်အအုံ၊ ကနဦးဆောက်လုပ်မယ့် ၁၀ စတုရန်းကီလိုမီတာရှိတဲ့ စက်မှုဇုန်ဧရိယာ အခြေခံအဆောက်အအုံတွေ၊ စီမံကိန်းတစ်ခုလုံးကို ရေပေးဝေနိုင်မယ့် ပမာဏရှိတဲ့ ရေသန့်စင်စက်ရုံ(Water Treatment Plant)၊ စီမံကိန်းတစ်ခုလုံး အသုံးပြုနိုင်တဲ့ ရေဆိုးသန့်စင်စက်ရုံ (Waste Water Treatment Plant)?၊ တိုးမြစ်အနီးမြို့သစ်နဲ့ ၃၂ ကီလိုမီတာကွာဝေးတဲ့နေရာမှာ တည်ဆောက်မယ့် ရေပေးဝေရေး ပင်မအဆောက်အအုံနဲ့ အဓိက ရေဖြန့်ဝေရေး ပိုက်လိုင်းတွေ၊ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးကွန်ရက် တွေ ပါဝင်ပါတယ်။
ရန်ကုန်မြို့သစ်စီမံကိန် Master Planပထမအဆင့် အလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာ ၇ ရက်က လှိုင်သာယာ မြို့နယ်မှာ ကျင်းပခဲ့ပြီး စင်ကာပူနိုင်ငံAECOM ကုမ္ပဏီ လီမိတက်ကMaster Plan ပထမအဆင့်နဲ့ ပတ်သက်ပြီး ရှင်းလင်းခဲ့ပါတယ်။
လက်ရှိအချိန်မှာ ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ ပတ်သက်ပြီး လာမယ့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလအစပိုင်းမှာ ဒုတိယအဆင့်Master Plan ဏူညေ ဒီဇိုင်းပြီးစီးနိုင်ဖို့ သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပေးတွေအားလုံးက ပူးပေါင်းရေးဆွဲလျက် ရှိပါတယ်။
Ref & Photo Credit : The Myanmar Times
Posted : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties