By 7daydaily, Shweproperty.com
Updated at 21 February 2017
ရန်ကုန်မြို့သစ်စီမံကိန်း ကို ဖေဖော်ဝါရီလကုန်တွင် ကြည့်မြင်တိုင်တစ်ဖက်ကမ်းကစ၍ အကောင်အထည်ဖော် မည်ဖြစ် ကြောင်း ဖေဖော်ဝါရီ ၁၈ ရက်၌ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်းက ပြောကြားသည်။
မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၌ပြုလုပ်သော နိုင်ငံ တော်ဒုတိယသမ္မတဦးမြင့်ဆွေနှင့် လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် ဦးဖြိုးမင်းသိန်းက ပြောကြား သည်။
‘‘ဒီဖေဖော်ဝါရီ လကုန်မှာ ကျွန်တော်တို့ရန်ကုန်မြို့သစ် စီမံကိန်းနဲ့ပတ်သက်ပြီး စတင်တော့ မှာဖြစ်ပါတယ်။ ကြည့်မြင်တိုင် တစ်ဖက်ကမ်းကို ကျွန်တော်တို့စ တင်ဆောင်ရွက်ဖို့ ရှိပါတယ်’’ ဟု၎င်းကဆိုသည်။
စီမံကိန်းနှင့် ပတ်သက်၍ ပြည်သူများကို ပွင့်ပွင့်လင်း လင်းချပြရန်ရှိသည်ဟုလည်း ဝန်ကြီးချုပ် က ဆက်လက်ပြောသည်။
ရန်ကုန်မြို့သစ် စီမံကိန်း တည်ဆောက်ရန် ရန်ကုန်တိုင်း အစိုးရကဦးဆောင်ပြီး မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းနှင့် ပူးပေါင်း၍ ရန်ကုန်မြို့ပြဖွံ့ဖြိုးရေး အများပိုင်ကုမ္ပဏီ ကိုလည်း ဖွဲ့စည်းထားကြောင်း ဦးဖြိုးမင်းသိန်းက ဆိုသည်။
အများပိုင်ကုမ္ပဏီတွင် တိုင်း အစိုးရ ပါဝင်ရခြင်းသည် မြို့ပြ ဖွံ့ဖြိုးရေးလုပ်ကိုင်ရာ၌ ဆောက် လုပ်ရေးကုမ္ပဏီ ၂,၀၀၀ ကျော် နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် အစိုးရက ဦးဆောင်နေရခြင်း ကြောင့်ဖြစ်သည်ဟု ၎င်းကရှင်းပြ သည်။
အဆိုပါ စီမံကိန်းကို တိုင်း ဒေသကြီး အစိုးရအဖွဲ့က ကြီးကြပ်ကွပ်ကဲခြင်း၊ ဒီဇိုင်းရေးဆွဲခြင်းများ ပြုလုပ်ပြီးမှ ကုမ္ပဏီများကို တင်ဒါခေါ်၍ ကန်ထရိုက်ပေးပြီး ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုမည်ဟု ၂၀၁၆ စက်တင်ဘာ ၂၉ ရက်က ရန်ကုန်တိုင်းလွှတ်တော် အစည်းအဝေးအပြီး သတင်းမီဒီယာများ၏ မေးမြန်းမှုကို စီမံကိန်းနှင့် စီးပွားရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ဖြေကြားထားသည်။
စီးပွားရေး လုပ်ငန်းရှင်များ သည် ၎င်းတို့ကိုယ်တိုင် ဒီဇိုင်းရေး ဆွဲပြီး ၎င်းတို့၏အကျိုးအတွက် သာ လုပ်ဆောင်သောကြောင့် အစိုးရသစ် လက်ထက်တွင် မြို့ သစ်စီမံကိန်းကို ပြည်သူလူထုအ ကျိုးဖြစ်စေရန် အစိုးရ အဖွဲ့က ကြီးကြပ်ကွပ်ကဲခြင်း၊ ဒီဇိုင်းရေး ဆွဲခြင်းများပြုလုပ်၍ အကောင်အ ထည်ဖော်မည်ဟု ဒေါ်စန္ဒာမင်းက ဆက်လက်ပြောကြားသည်။
ထို့အပြင် ရန်ကုန်မြို့ထဲရှိ ဆောက်လုပ်ရေးအိမ်ရာ စီမံကိန်းအဟောင်းများကို ဂျပန်အပါအ ဝင် ပြည်ပနိုင်ငံများမှ လုပ်ငန်းရှင်များနှင့် ပူးပေါင်း အကောင်အ ထည်ဖော်ရန်ရှိနေကြောင်း၊ ရန်ကုန်မြို့အနီးဝန်းကျင်ရှိ အိမ်ရာစီမံကိန်းအတွက် မြေရယူထား မှုများကိုလည်း မတ်လနောက်ပိုင်း တွင် တည်ဆောက်အကောင်အ ထည်ဖော်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။
Ref : 7daydaily
Photo Credit : global new light of myanmar
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties