By 7day Daily, Shweproperty.com
Updated at 22 January 2019
ရန်ကုန်မြို့သစ်စီမံကိန်း ၏ ကနဦးအခြေခံအဆောက်အအုံ အတွက် တင်ဒါကို NYDC Challenge စနစ်ဖြင့် ဖေဖော်ဝါရီလ လယ်တွင် ဖိတ်ခေါ်မည်ဟု ရန် ကုန်မြို့သစ် ဖွံ့ဖြိုးရေးကုမ္ပဏီ (NYDC)ဥက္ကဋ္ဌဦးသိမ်းဝေကပြော သည်။
ဇန်နဝါရီ ၂၁ ရက်တွင်ထုတ် ပြန်သော ရန်ကုန်မြို့သစ်စီမံကိန်း နှင့် ပတ်သက်သည့်စာစဉ်၌ ဦး သိမ်းဝေက မှတ်တိုင်သစ်များအစ ပြုမည့် ၂၀၁၉ အမည်ဖြင့် ရေး သားခဲ့ခြင်းဖြစ်သည်။
NYDC Challenge ဆိုသည် မှာ ကုမ္ပဏီတစ်ခုက မိမိလုပ်ကိုင် လိုသည့် စီမံကိန်းတစ်ခုကို အစ၊ အဆုံးကုန်ကျခံလေ့လာစစ်တမ်း ပြုလုပ်၍ ပုံစံထုတ်ပေးရခြင်းဖြစ် သည်။
ပုံစံထွက်လာပါက အခြား ကုမ္ပဏီများနှင့်အတူ ဈေးပြိုင် တင်ဒါဝင်ပြိုင်ရမည်ဖြစ်သည်။ အကယ်၍ပုံစံထုတ်သည့်ကုမ္ပဏီ က တင်ဒါမအောင်မြင်ဘဲ အခြား ကုမ္ပဏီတစ်ခုက တင်ဒါအောင် မြင်လျှင် ပုံစံထုတ်သည့်ကုန်ကျ စရိတ်ကို မူလကုမ္ပဏီသို့ ပြန် လည်ပေးအပ်ရမည်ဖြစ်သည်။
ရန်ကုန်မြို့သစ် စီမံကိန်း စတင်ရာတွင် NYDC Challenge စနစ်ဖြင့် တင်ဒါစတင်ခေါ်မည့် လုပ်ငန်းများသည် ကြည့်မြင်တိုင် မှ ရန်ကုန်မြို့သစ်သို့ဆက်သွယ် မည့် ခြောက်လမ်းသွားတံတား၊ လှိုင်သာယာမှ ဆက်သွယ်ထား သည့် နှစ်လမ်းသွားတံတားကို လေးလမ်းသွားအဖြစ် အဆင့်မြှင့် တင်ခြင်း၊ ၂၆ ကီလိုမီတာ (၁၆ မိုင်)ရှိသည့် မြို့သစ်လမ်းမကြီး များ၊ ရွာများစုစည်းပေးမည့် ဧက ၄,၂၀၀ ကျော်ရှိမည့် ရွာမြို့ငါးခု၊ ဧက ၃,၂၀၀ ရှိစက်မှုဇုန်မြေနေ ရာ၊ ရေသန့်နှင့် ရေဆိုးစနစ်များ ပါဝင်မည်ဖြစ်သည်။
ထို့အပြင် တိုးမြစ်အနီးမြို့ သစ်နှင့် ၃၂ ကီလိုမီတာအကွာရှိ ရေပေးဝေရေး ပင်မအဆောက် အအုံ၊ အဓိကရေဖြန့်ဝေရေးပိုက် လိုင်းများနှင့် လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေး ကွန်ရက်တို့ ပါ ဝင်မည်ဖြစ်သည်။
‘‘၂၀၁၈ ခုနှစ်အတွင်းမှာ ရန် ကုန်မြို့သစ်စီမံကိန်းအတွက် အ ရေးပါတဲ့လုပ်ဆောင်ချက်တွေ လုပ်ဆောင်နိုင်ခဲ့သလိုပဲ ၂၀၁၉ ခုနှစ်မှာလည်း ရန်ကုန်မြို့သစ်ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ အလုပ်အ ကိုင်အခွင့်အလမ်းသစ်နှစ်သန်း ကို အမြန်ဆုံးအကောင်အထည် ဖော်နိုင်အောင် ပွင့်လင်းမြင်သာမှု အပြည့်နဲ့ ဆက်လက်ကြိုးစားသွား မယ်’’ ဟု ဦးသိမ်းဝေက ပြော သည်။
ရန်ကုန်မြို့သစ် Master Plan ရေးဆွဲနေပြီး လာမည့်သီတင်းပတ်အတွင်း ဒုတိယအဆင့် မူကြမ်းထွက်လာမည်ဟု ဦးသိမ်းဝေက ပြောသည်။
ဇန်နဝါရီ ၂၈ နှင့် ၂၉ ရက် တွင် နေပြည်တော်၌ ကျင်းပမည့် ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် ရန်ကုန်မြို့သစ်၌ ရင်းနှီးမြှုပ်နှံမှုရှာဖွေနေ သည့် အများပြည်သူသုံးလမ်း ပန်းဆက်သွယ်ရေး၊ မြို့တော်သန့် ရှင်းရေး၊ အမှိုက်သိမ်းစနစ်နှင့် ဆက်သွယ်ရေးတို့အကြောင်း ရှင်းလင်းပြီး ဖိတ်ခေါ်မည်ဟု ဦး သိမ်းဝေက ပြောသည်။
ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ တန်ဖိုးရှိ ရန်ကုန်မြို့သစ်စီမံကိန်း ကို ရန်ကုန်တိုင်း အစိုးရက မြေဧက ၂၀,၀၀၀ ပေါ်တွင် အ ကောင်အထည်ဖော်ရန် စီစဉ်နေ သည်။
Ref : 7day Daily
Photo Credit : Social Media
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties