By 7daydaily, Shweproperty.com
Updated at 29 February 2016
ဝေဖန်ကန့်ကွက်မှုများ ကြောင့် ရပ်ဆိုင်းခံလိုက်ရသည့် ရန်ကုန်မြို့သစ်စီမံကိန်းကို ၂၀၁၆နှစ်လယ်တွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သတင်းရရှိ သည်။
ရန်ကုန်မြို့သစ်စီမံကိန်းကို မြေဧက သုံးသောင်းကျော်ပါဝင် သည့် ကြည့်မြင်တိုင် တစ်ဖက် ကမ်း ပန်းလှိုင်မြစ်နှင့် ခနောင်တို ချောင်းအကြားနှင့် ရန်ကုန်-တွံ တေးကားလမ်းပေါ် မြေနေရာ တွင် စတင်မည်ဖြစ်ကြောင်း ရန် ကုန်တိုင်းဒေသကြီး မြို့သစ်စီမံ ကိန်းတင်ဒါစိစစ်ရေးအဖွဲ့ခေါင်း ဆောင် ဦးကျော်စိုးက ပြောသည်။
အဆိုပါစီမံကိန်းကို တင်ဒါ ရွေးချယ်စိစစ်ရေးအဖွဲ့က Busi-ness Capital City၊ ရန်ကုန် အနောက်တောင်ဒေသဖွံ့ဖြိုးရေး အများနှင့် သက်ဆိုင်သော ကုမ္ပ ဏီနှင့် ရွှေပုပ္ပားအပြည်ပြည်ဆိုင် ရာဆောက်လုပ်ရေးကုမ္ပဏီတို့ အား လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ် ကြောင်း ဦးကျော်စိုးက ဆက် လက်ပြောကြားသည်။
တင်ဒါခေါ်ယူစဉ်က ကုမ္ပဏီ ၅၀ ကျော်လာရောက်ပြီး လျှောက် လွှာဝယ်ယူခဲ့သော်လည်း တင်ဒါ နောက်ဆုံး တင်သွင်းရက်တွင် ကုမ္ပဏီသုံးခုသာ လာရောက် တင်ပြသောကြောင့် ယင်းကုမ္ပဏီသုံးခုအား ပြန်လည်ရွေးချယ် လုပ်ကိုင်စေခဲ့ခြင်းဖြစ်သည်ဟု ၎င်း ကဆိုသည်။
ယင်းစီမံကိန်းတွင် လုပ်ကိုင် ခွင့်ရသည့် ကုမ္ပဏီသုံးခုက ရန် ကုန်နှင့် လမ်းပန်းဆက်သွယ်ရေး မြန်ဆန်စေရန် တံတားငါး စင်းနှင့် လူနေတိုက်ခန်း သုံးသောင်းကျော် ပါဝင်မည်ဖြစ်ပြီး စီမံကိန်း၏ ရုပ်လုံးပေါ်ရန် ၁၀နှစ်ခန့် အချိန်ယူတည်ဆောက်ရ မည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ခန့်မှန်းထားသည်။
ယခုစီမံကိန်းအပြင် ရန်ကုန် အနောက်တောင်ပိုင်းမြို့သစ်၊ ရန်ကုန်အရှေ့မြောက်ပိုင်းမြို့သစ်၊ မှော်ဘီ၊ သန်လျင်၊ ဒလ၊ ထန်း တပင်နှင့် လှည်းကူးမြို့နယ်တို့ တွင် မြို့သစ်စီမံကိန်းများ တည် ဆောက်ရန် မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေးမဟာဗျူဟာစီမံကိန်း ၂၀၄၀ ကို လွှတ်တော်၌ အတည် ပြုခဲ့ပြီးဖြစ်သည်။
၂၀၁၄ က ရန်ကုန်မြို့တော် ဝန်ကိုယ်တိုင်တင်ပြခဲ့သည့် ရန် ကုန်မြို့သစ်စီမံကိန်းမှာ ပွင့်လင်း မြင်သာမှုမရှိဘဲ ဝေဖန်မှုများ ကြောင့် ရပ်ဆိုင်းခဲ့သည်။
Ref : 7daydaily
Photo Credit : 7daydaily
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties