By Eleven Media Group, Shweproperty.com
Updated at 18 May 2015
ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ မာလာဆောင်ရှေ့၊ အင်းယားကန်ပေါင်ရှေ့ (တံတားဖြူမှတ်တိုင်ရှေ့)၊ ပညာရေးတက္ကသိုလ်ရှေ့(စိုက်ပျိုးရေး မှတ်တိုင်အနီး) တို့ အပါအဝင် နေရာ (၆)ခုတွင် လူကူခုံးကျော်တံတား (၆)စင်းကို (၂၀၁၅-၂၀၁၆) ဘဏ္ဍာနှစ်အတွင်း ဆောက်လုပ်မည်ဖြစ်ရာ လေ့လာတိုင်းတာမှုများ မကြာမီပြုလုပ်တော့မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။
ဆောက်လုပ်မည့်နေရာ(၆)ခုမှာ ပြည်လမ်းမပေါ်ရှိ မာလာဆောင်ရှေ့၊ အင်းယားကန်ပေါင်ရှေ့ (တံတားဖြူမှတ်တိုင်ရှေ့)၊ ပညာရေးတက္ကသိုလ်ရှေ့(စိုက်ပျိုးရေး မှတ်တိုင်အနီး)၊ အနော်ရထာလမ်းနှင့် ဆူးလေဘုရားလမ်းဆုံ၊ လသာမြို့နယ် အနော်ရထာလမ်းနှင့် လမ်းမတော်လမ်းဆုံ၊ ကမ္ဘာအေးစေတီလမ်းပေါ် ဗဟန်း(၃)လမ်းအနီးတို့ ဖြစ်ကြောင်း သိ၇သည်။
အဆိုပါတံတား(၆)စင်းတွင် စက်လှေကားတပ်ဆင်မည့် တံတားများလည်း ပါဝင်မည်ဖြစ်ပြီး ၎င်းတို့ဆောက်လုပ်ရန်အတွက် ကျပ်သန်း (၁၅၂၀) အသုံးပြုမည်ဟု လျာထားကြောင်း၊ ဘဏ္ဍာငွေရရှိမှု ပေါ်မူတည်၍စက်လှေကားများတပ်ဆင်နိုင်သလောက် ထည့်သွင်းဆောက်လုပ်သွားမည်ဖြစ်ကြောင်း၊ တံတားဆောက်လုပ်ရေးလုပ်ငန်းခွင်ကြောင့် ယာဉ်ကြောပိတ်ဆို့မှု တတ်နိုင်သလောက်နည်းပါးအောင် လုပ်ဆောင်သွားမည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ဆိုသည်။
၎င်းတို့အနက် ပန်းဆိုးတန်း-ဒလဆိပ်ကမ်းအနီးနှင့် ကမ္ဘာအေး ဂမုန်းပွင့်ကုန်တိုက်ရှေ့တို့တွင် ဆောက်လုပ်ခဲ့သော လူကူးခုံးကျော်တံတားများသည် နိုင်ငံတကာအဆင့်မီ စက်လှေကားပါဝင်ကြောင်း၊ သို့သော်တစ်ခါတရံ စက်လှေကားများ ရပ်ထားမှုကြောင့် အဆင်မပြေမှုများလည်းရှိကြောင်း သိရသည်။
Ref : Eleven Media Group
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties