By Yangon Media Group, Shweproperty.com
Updated at 22 November 2016
ရန်ကုန် မြို့၏ အဓိကအချက်အချာကျသည့် လေးမြို့နယ်အတွင်း ဖော်ဆောင်လျက် ရှိသောညဈေး၌ နိုဝင်ဘာ ၂ဝရက် နောက်ပိုင်းတွင် စတင်ရောင်းချခွင့် ပြုသွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ဆိုင်ခန်းများမဲနှိုက် မှုပြီးပြတ်ခြင်းမရှိသေးကြောင်း ရန်ကုန် မြို့တော်စည်ပင်၊ စီမံရေးရာဌာနမှ ဒုတိယဌာနမှူး ဦးညီညီဦးက နိုဝင် ဘာ၁၉ရက်တွင် ဒီမိုကရေစီတူဒေး သို့ ပြောသည်။
''ရက်ကိုတော့ အတိအကျမပြော နိုင်သေးပေမယ့် ဒီနိုဝင်ဘာ၂ဝရက် နောက်ပိုင်းမှာ ပြောင်းရွှေ့ပေးနိုင်ဖို့ ကို စီစဉ်နေတာပါတယ်''ဟု ¤င်းက ပြောသည်။ ညဈေးဖော်ဆောင်ရာတွင် လို အပ်သည့်သန့်စင်ခန်းများ၊ ရေပိုက် သွယ်တန်းခြင်းဆိုင်ရာ လုပ်ငန်းများ နှင့် လျှပ်စစ်မီးရရှိရေး ဆိုင်ရာလုပ်ငန်း များကိုဆောင်ရွက်နေပြီဖြစ်ပြီး ညဈေး ဖော်ဆောင်ပြီးပါက မွန်းလွဲ၃နာရီမှ ည၁၁နာရီအထိ ရောင်းချခွင့်ပြုသွား မည်ဖြစ်ကြောင်း သိရသည်။
ယင်းညဈေးတွင် လိုက်လံရောင်း ချခွင့်မရှိသည့် ကျန်လမ်းဘေးဈေး သည်များကို အဓိကလမ်းမကြီး ၁၁ လမ်းပေါ်၌ တက်ရောက်ရောင်း ချခွင့် ပြုမည်မဟုတ်ဘဲ အတွင်းလမ်းများ တွင်သာ ပတ်ဝန်းကျင်မှကန့်ကွက်မှု မရှိလျှင် ရောင်းချခွင့်ပြုသွားမည်ဖြစ် ကြောင်း အဆိုပါဈေးသည် များကို လည်း ယာယီဈေးရောင်းချခွင့်သက် သေခံလက်မှတ်ထုတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ညဈေးသို့ပြောင်းရွှေ့ရောင်းချ ခွင့်မရှိသည့် ဈေးသည်များအနေဖြင့် လမ်းအတွင်း ဝင်ရောက်ရောင်းချရ မည်ဆိုပါက လမ်းအတွင်းရှိနေအိမ် များမှရောင်းချခွင့်မပြုလျှင် အခက် အခဲများစွာ ကြုံတွေ့လာနိုင်မည်ဖြစ် ကြောင်း ညဈေးသို့ပြောင်းရွှေ့ရောင်း ချခွင့်မရှိသည့် ဈေးသည်များကပြော သည်။
ညဈေးတွင် စားသောက်ဆိုင် နှင့် သစ်သီးအရောင်းဆိုင်များကိုသာ ရောင်းချခွင့်ပြုသွားမည်ဖြစ်ပြီး နိုဝင် ဘာ၁၈ရက်မှစတင်၍ ဆိုင်ခန်းနေရာ များကို မဲနှိုက်ပေးနေပြီဖြစ်ကြောင်း သိရသည်။ ယင်းဈေးသည်များအား မဲနှိုက် နေရာ ချထားပေးခြင်းနှင့်ပတ်သက်၍ သစ်သီးနှင့်စားသောက် ဆိုင်များအား အသိပေးအကြောင်းကြား ဆောင် ရွက်ခြင်းဖြစ်ပြီး မဲလာနှိုက်သည့်ဈေး သည်များအား ဆိုင်ခန်းအမျိုးအစား များကို မဲနှိုက်ကာ သတ်မှတ်ပေးနေ ခြင်းဖြစ်ကြောင်း လမ်းမတော်၊ ပန်း ဘဲတန်းမြို့နယ် စည်ပင်သာယာအုပ် ချုပ်ရေးမှူးရုံးမှ အုပ်ချုပ်ရေးမှူး ဦးမောင် မောင်လွင် က ပြောသည်။
''အဓိကလမ်းမကြီး ၁၁လမ်းပေါ် မှာ ၂၄နာရီပတ်လုံး ဘယ်ဈေးသည်မှ ရောင်းချခွင့်မပြုတော့ဘူး။ ရောင်း နေတာကိုတွေ့ရင် စည်းကမ်းထိန်း သိမ်းရေးအဖွဲ့တွေက စည်ပင်ဥပဒေ အတိုင်း အရေးယူမှာဖြစ်ပါတယ်''ဟု ¤င်းကပြောသည်။ ညဈေး စတင်အသက်ဝင်သည် နှင့်တစ်ပြိုင်နက် ယင်းလေးမြို့နယ် တွင်းရှိ အဓိကလမ်းမကြီး၁၁လမ်းဖြစ် သော ဗိုလ်ချုပ်လမ်း၊ အနော်ရထာ လမ်း၊ မဟာဗန္ဓုလလမ်း၊ ကုန်သည် လမ်း၊ ကမ်းနားလမ်း၊ ပန်းဆိုးတန်း လမ်း၊ ဆူးလေဘုရားလမ်း၊ ရွှေတိဂုံ ဘုရားလမ်း၊ လသာလမ်း၊ လမ်းမတော် လမ်းနှင့် ဘုန်းကြီးလမ်းတို့ပေါ်တွင် လမ်းဘေးဈေးသည်များကို ဈေးရောင်း ချခွင့်ပြုတော့မည်မဟုတ်ကြောင်း သိ ရသည်။
ညဈေးကို ကျောက်တံတား၊ ပန်း ဘဲတန်း၊ လသာနှင့် လမ်းမတော်မြို့နယ် အတွင်းရှိ ကမ်းနားလမ်းတစ်လျှောက် (အောင်ရတနာလမ်းမှ ပန်းဆိုးတန်း လမ်းအထိ)၊ ကျောက်တံတားမြို့နယ် မဟာဗန္ဓုလပန်းခြံလမ်း (မဟာဗန္ဓု လလမ်းမှ ကမ်းနားလမ်းကြား)နှင့် ဘဏ်လမ်း (မဟာဗန္ဓုလပန်းခြံလမ်း မှ ပန်းဆိုးတန်းလမ်းကြား)တို့တွင် ဖော်ဆောင်လျက်ရှိပြီး ရှစ်ပေပတ် လည်၊ ခြောက်ပေပတ်လည်နှင့် ၄ပေx ၈ပေဆိုင်ခန်းများဖြင့် ရောင်းချရမည် ဖြစ်ကြောင်းသိရသည်။
Ref & Photo Credit : Yangon Media Group
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties