By အေးမွန်, Shweproperty.com
Updated at 29 March 2013
တန်ဖိုးမျှတအိမ်ရာ(တန်ဖိုးနည်းအိမ်ရာ) တွေအနီးအနားကမြေကွက်တွေက ဈေးတက်ပေမဲ့ အရောင်းအဝယ်အေးနေပြီး မြို့စွန်(မြို့ပြင်) ရှိ သိန်း၁၀၀အောက်ရှိတဲ့မြေကွက်တွေကိုဝယ်စုကြတဲ့သူတွေများနေတယ် လို့အကျိုးဆောင် တချို့ဆီက သိရပါတယ်။
အိမ်ရာစီမံကိန်းတွေ တင်ခါစကတော့ အနီးနားမြေကွက်ကိုဝယ်တဲ့သူတွေရှိတယ်၊အခုတော့နည်းတယ်၊ အဝယ်များနေတာကရွှေပြည်သာ၊အရှေှ့ဒဂုံ၊ဒဂုံဆိပ်ကမ်း စတဲ့မြို့နယ်တွေရှိတန်ဖိုး သိပ်မများတဲ့ မြေကွက်တွေကိုဝယ်ရောင်းသမားတွေက ဝယ်စုကြတာလို့လည်းဆိုပါတယ်။
ရွှေစံမြတ် အကျိုးဆောင်မှ ဦးမျိုးက ‘မြေကွက် ဈေးတွေမြင့်နေတော့ ဈေးအချို့အချောင်ရနိုင်တဲ့ နေရာတွေကို ဆင်းဝယ်ကြတယ်၊ ရွှေပြည်သာဘက်ဆိုရင်လဲ ပေါက်ဈေးနဲ့တွက်ရင် တန်တဲ့ အနေအထားရှိတဲ့နေရာတွေမှာ အရောင်းအဝယ်ဖြစ်တယ်၊ရပ်ကွက်အတွင်းပိုင်း ပေ၄၀ x ပေ ၆၀ ကိုသိန်း ၅၀၊၇၀ ဝန်းကျင်တွေဝယ်ကြတယ်။ သိန်း၁၀၀ အောက်ပဲရှိတော့ သိန်းထောင်ဂဏန်းဝယ်ရင်းတာထက် အခုလိုနေရာတွေကိုပိုပြီး ရင်းနှီးထားကြတာများလာတာ၊ အဓိက က စည်းကားစပြုတဲ့နေရာတွေကို ပိုပြီး စိတ်ဝင်စားကြတယ်’လို့ရှင်းပြပါတယ်။
တန်ဖိုးမျှတအိမ်ရာ(တန်ဖိုးနည်းအိမ်ရာ) တွေနားမှာမြေကွက်ဈေးမာတဲ့ အတွက် အရောင်းအဝယ် အေးနေပြီး ဈေးစုံစမ်းတဲ့သူလောက်သာရှိတယ်။တချို့တွေက ပါးစပ်ထဲရှိတဲ့ အတိုင်းဈေးခေါ်ပြီး ပိုတိုးတောင်းကြတဲ့အတွက်လည်း အရောင်းအဝယ်အေးတာလို့လည်း အကျိုးဆောင်တချို့ကဆိုကြတယ်။
‘လောလောဆယ်တော့အိမ်ရာစီမံကိန်းတွေနားထက်ဒဂုံအရှေ့ပိုင်းက သိမ်းကွက်တွေကိုပိုပြီးဝယ်စုကြတယ်၊လမ်းမတန်းဆိုရင် ပေ၄၀ x ပေ၆၀ ကိုသိန်း ၅၀ လောက်ပဲရှိတာ၊အတွင်းကွက်တွေက သိန်း၂၀ ဝန်းကျင်ပဲ ရှိတဲ့အတွက် ဝယ်စုတဲ့သူများတယ်၊တံတားစီမံကိန်း နားတို့ဆိုရင် အခုဝယ်ရောင်းသမားတွေ၊မြေဝယ်စုတဲ့သူတွေ စိတ်ဝင်စားတာများတဲ့နေရာ’လို့မြောက်ဒဂုံမြို့နယ် ရှိအကျိုးဆောင်တစ်ဦးကပြောပါတယ်။
မြေကွက်ပိုင်ရှင်တချို့ကတော့ အရောင်းအဝယ်မလုပ်သေးဘဲ အခြေအနေကို စောင့်ကြည့်နေကြတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ လည်းဝင်လာဖို့ရှိတော့ စောင့်ကြည့်နေကြတဲ့ သဘောပါ။ ဝယ်ရောင်းသမား ကြီးတွေပါပဲ၊လက်ရှိတော့ ဝယ်ရောင်းသမားအသေးတွေပဲပွဲဖြစ်ကြတာများတယ်လို့အကျိုးဆောင်တချို့ အဆိုအရ သိရပါတယ်။
Ref : မော်ဒန်ဂျာနယ်
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties