By 7daydaily, Shweproperty.com
Updated at 26 September 2016
အရောင်းအဝယ်ရပ် တန့်လုနီးပါးဖြစ်ခဲ့သော ရန်ကုန် အိမ်ခြံမြေ ဈေးကွက်သည် အ ရောင်းအဝယ်အနည်းငယ်ပြန်ဖြစ် လာကြောင်း အိ မ်ခြံမြေအကျိုး ဆောင်များက ပြောသည်။
အရောင်းအဝယ်ကောင်း လာခြင်းမှာ သြဂုတ်လမှစတင်ခဲ့ပြီး နေရာဒေသအလိုက် မူလခေါ်ဈေး ထက် ထက်ဝက်ခန့်လျော့နည်းသည့် ဈေးဖြင့် အရောင်းအဝယ်ဖြစ်ပေါ်နေသည်ဟု အကျိုးဆောင်များက ဆိုသည်။
ရွှေဈေးမြင့်တက်ခြင်း၊အစိုးရက ဘတ်ဂျက်ငွေကြေးအချို့ကို စီမံကိန်းများအတွက် ချထားပေး ခြင်းစသည်တို့ကြောင့် ဈေးကွက် အတွင်း ငွေကြေးဝင်ရောက်လာ သဖြင့် အရောင်းအဝယ်အနည်း ငယ်ဖြစ်လာခြင်းဟု မဏ္ဍိုင်အိမ်ခြံ မြေအကျိုးဆောင် မန်နေဂျင်းဒါ ရိုက်တာ ဦးသန်းဦးက ပြောသည်။
‘‘အရောင်းအဝယ် ပြန်ဖြစ် လာပေမယ့် ဈေးကတော့ အရင် ခေါ်ဈေးမရဘူး။ တစ်ဝက်လောက်ကို လျှော့ရောင်းနေရတယ်’’ ဟု ဦးသန်းဦးက ပြောသည်။
အများစုက ကြိုပွိုင့်စနစ်ဖြင့် ကန်ထရိုက်တိုက်များ ဝယ်ယူ ထားပြီး ပြန်လည်ရောင်းချလိုသူများက ဈေးလျှော့ရောင်းချနေသဖြင့် အရောင်းအဝယ်ဖြစ်နေခြင်း ဖြစ်သည်။
ကျပ်သိန်း ၂၅၀ မှ ၃၀၀ အကြားရှိ ကန်ထရိုက် တိုက်ခန်းများမှာ မူလ ပေါက်ဈေးထက် လျှော့ချ ရောင်းချနေကြောင်း အိမ်ခြံမြေအကျိုးဆောင်အချို့က ဆိုသည်။
တန်ဖိုးကြီးလုံးချင်းအိမ်ခြံမြေဈေးကွက်တွင်မူ မျှော်မှန်းသကဲ့သို့အရောင်းအဝယ် မဖြစ်ကြောင်း သတင်းရရှိသည်။
Ref & Photo Credit : 7daydaily
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties