By Sint Sint, Shweproperty.com
Updated at 1 October 2020
အိမ်ရာလိုအပ်ချက်အရ ရန်ကုန်မြို့မှာ လူနေတိုက်တာ ၊ အဆောက်အအုံဆောက်လုပ်မှုဟာလည်း တစတစနဲ့များလာပါတယ်။တချို့ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက စီးပွားရေးကဏ္ဍရင်းနှီးမြှုပ်နှံသူတို့ကို ဦးတည်ပြီး အိမ်ရာတွေ ဆောက်လုပ်ရောင်းချကြပါတယ်။
သူတို့ဆောက်လုပ်တဲ့ အိမ်ရာတွေဟာ အဆင့်မြင့် Luxury ကွန်ဒိုတွေဖြစ်ပါတယ်။တချို့က အစိုးရနှင့်ပူးပေါင်းပြီး ရန်ကုန်မြို့ရှိ အိမ်ရာလိုအပ်သူတို့အတွက် ၊ တန်ဖိုးနည်း ၊ တန်ဖိုးသင့် အိမ်ရာတွေဆောက်လုပ်ကြပါတယ်။
အစိုးရရဲ့ စာရင်းအရ ရန်ကုန်မြို့မှာ အိမ်ရာလိုအပ်ချက်ရှိသူ လေးသိန်းကျော်လောက်ရှိပါတယ်။ဒါ့ကြောင့် ပုဂ္ဂလိကကဏ္ဍ နဲ့ အစိုးရရဲ့ အိမ်ရာထုတ်လုပ်မှုတွေနဲ့အတူ ရန်ကုန်မြို့မှာလည်း ဆောက်လုပ်ရေး စီမံကိန်းတွေ တဟုန်ထိုးတိုးပွားမြင့်တက်လာတာတွေ့ရပါတယ်။
ရန်ကုန်မြို့မှာ ဆောက်လုပ်ပြီး ၊ ဆောက်လုပ်ဆဲ အိမ်ရာ Project ပေါင်း ၁၅၉ ခုရှိပါတယ်။တစ်နိုင်ငံလုံးအနေနဲ့ ၂၅၉ ခုရှိပါတယ်။Project ဆောက်လုပ်မှုအများဆုံးမြို့နယ်တွေက တောင်ဥက္ကလာပမြို့နယ် ၊ လှိုင်မြို့နယ်နှင့် ကမာရွတ်မြို့နယ်တွေဖြစ်ပါတယ်။
လက်ရှိအိမ်ခြံမြေဈေးကွက်အခြေအနေအရလည်း တောင်ဥက္ကလာ ၊ မြောက်ဥက္ကလာ ၊ ကမာရွတ် ၊ လှိုင် ၊ စမ်ချောင်း ၊ သင်္ယန်းကျွန်း ၊ သာကေတ ၊ ဒေါပုံစတဲ့မြို့နယ်တွေက နေအိမ်တိုက်ခန်းတွေဟာလည်း ဝယ်ယူသူစိတ်ဝင်စားမှုမြင့်တက်နေပါတယ်။
နောက်ဆုံးရ သတင်းများ
ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင်ဘဏ်က အိမ်ရာချေးငွေများကို ခုနစ်လတိတိ နောက်ကျကြေး ကင်းလွတ်ခွင့်ပြု
လူမှုဖူလုံရေးထောက်ပံ့ငွေ ၄၀ % အတွက် အလုပ်ရှင်များလိုက်နာဆောင်ရွက်ရမည့် အချက်များထုတ်ပြန်ကြေညာ
STAY AT HOME ကာလအလုပ်သမားတစ်ဦးကို လူမှုဖူလုံရေးကြေး အနည်းဆုံး ကျပ်ငါးသောင်းကျော် ရရှိမည်
ကိုဗစ် လူနာ ၁၀၀၀ ခန့်ထားရှိနိုင်မည့် FORTURNE PLAZA ခန်းမကို ယာယီဆေးရုံအဖြစ်အသုံးပြုရန် စတင်ပြင်ဆင်
Written By : Shwe Kyaw (ShweProperty.com)
Photo Credit : Kayak
Posted By : Sint Sint (ShweProperty.com)
Property Sales Event
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties