By Eleven Media Group, Shweproperty.com
Updated at 28 December 2015
ရန်ကုန်မြို့ရှိ အိမ်ခြံမြေဈေးကွက် အတွင်း၌ ရုံးခန်းပြုလုပ်ရန် အတွက် ကွန်ဒိုများကိုသာ ငှားရမ်းမှု မြင့်တက်လာပြီး အိမ်ခြံမြေ အရောင်းထက် အငှားဘက်တွင် ပိုမိုစိတ်ဝင်စားမှု မြင့်တက်လာကြောင်း သိရသည်။
ပြီးခဲ့သည့်လအတွင်း၌ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး အိမ်ခြံမြေဈေးကွက် ပြောင်းလဲမှု မြင့်တက်လာနိုင် ကြောင်းကို အိမ်ခြံမြေ ကျွမ်းကျင်သူများမှ သုံးသပ်ထားသော်လည်း ကြီးမားသောပြောင်းလဲမှု မတွေ့ကြောင်း သိရသည်။ ထို့အပြင် အိမ်ခြံမြေ အရောင်းဈေးကွက်ထက်ပင် အိမ်အခန်း အငှားဘက်တွင်သာ ပိုမိုစိတ်ဝင်စားမှု မြင့်တက်ကာ အရောင်းအဝယ်မှာ အနည်းငယ်သာဖြစ်ကာ အငှားဈေးကွက် ပိုမိုမြင့်တက်လာကြောင်း သိရသည်။
“လက်ရှိကျွန်တော်တို့ ကောက်ထားတဲ့ စစ်တမ်းအရ အရောင်းထက် အငှားဘက်ကို လူတွေပိုပြီးတော့ စိတ်ဝင်စားတာကို တွေ့ရပါတယ်။ ပြီးတော့ မြန်မာနိုင်ငံကို ရင်းနှီးမြုပ်နှံဖို့လာတဲ့ ကုမ္ပဏီအများစုကလည်း ခြံဝင်းတွေနဲ့ အိမ်တွေထက် တိုက်ခန်း၊ ကွန်ဒိုတွေ ကိုပိုပြီးတော့ ငှားရမ်းလာကြပါတယ်။ ကျွန်တော်တို့ ဝက်ဘ်ဆိုက်မှာဆိုရင် ငှားရမ်းဖို့အတွက် အိမ်ခြံမြေပေါင်း သုံးထောင်ကျော်ရှိပြီး စက်ရုံတွေ တည်ဆောက်ဖို့ အတွက် မြေကွက်လပ်တွေ ရှိပါတယ်။ ပြီးတော့ ရုံးခန်းအတွက် တစ်လကို ကျပ်ရှစ်သိန်းနှင့် ၁၅ သိန်း ဝန်းကျင် အခန်းတွေက ပိုပြီးတော့ အငှားသွက်နေပါတယ်” ဟု Mr.Elijah Htangu က ပြောကြားသည်။
ရန်ကုန်တွင်၂၀၁၄၊ ၂၀၁၅ ခုနှစ် အတွင်း ၌ တန်ဖိုးနည်းအိမ်ရာ များစွာထွက်ပေါ် လာသော်လည်း လူနေထူထပ်သည့် စမ်းချောင်း၊ မြေနီးကုန်း၊ လှည်းတန်း၊ လသာတို့တွင် အိမ်ခြံမြေ အငှားဈေးနှုန်း လျှော့ကျခြင်း မရှိဘဲ ဈေးနှုန်းအတက်ဘက်သို့ ဦးတည်နေပြီး အဆိုပါ မြို့နယ်များ အတွင်းရှိ အဆောင်ဈေးနှုန်းများပင် အနည်းဆုံး ကျပ် ၃၅၀၀၀ မှ အမြင့်ဆုံးကျပ် ၅၀၀၀၀ ထိရှိကြောင်း သိရသည်။
“စမ်းချောင်းဘက်နဲ့ ကမာရွက်ဘက်တွေမှာ အိမ်အငှားတွေက ပိုများတယ်။ အဝယ်ကျတော့ တောင်ဒဂုံနဲ့ မြောက်ဥက္ကလာဘက်တွေ ပိုများတယ်။ ဒီနှစ်ထဲမှာဆို အရောင်းထက် အငှားဘက်ကိုပိုပြီးတော့ စိတ်ဝင်စားကြတယ်။ ရောင်းချင်တဲ့သူတွေ များနေပြီး ချက်ချင်းရောင်းလို့ အဆင်မပြေတဲ့ အိမ်တွေဆို အိမ်ငှားထားရတာတွေ ရှိပါတယ်။ အငှားဈေးတွေကတော့ ကျပ်တစ်သိန်းခွဲကနေ ကျပ်နှစ်သိန်းကြား ရှိပါတယ်။ ၁၅ ပေ၊ ပေ ၆၀ အခန်းတွေကို ပိုပြီးတော့ လူကြိုက်များပါတယ်။ ရုံးခန်းလုပ်ဖို့အတွက် ကွန်ဒိုတွေငှားလာ ကြပေမယ့် အသေးစားနဲ့ အလတ်စား အိမ်ခံမြေဈေးကွက် အတွင်းမှာတော့ တိုက်ခန်းတွေကိုပဲ အများဆုံးငှားရမ်း လာကြပါတယ်” ဟု အကျိုးဆောင်အဖြစ် လုပ်ကိုင်နေသူ မဝါဝါကျော်က ဆိုသည်။
ရန်ကုန်မြို့အတွင်း၌ ၂၀၁၄ ခုနှစ်မှ စတင် ကာအိမ်ခြံမြေ အရောင်ဈေးနှုန်း၊ အငှားဈေးနှုန်းများ မြင့်တက်လာပြီး လက်ရှိရန်ကုန်မြို့၏ အိမ်ငှားဈေးနှုန်းမှာ ပိုမိုမြင့်တက်လာကြောင်း အိမ်ခြံမြေ အကျိုးဆောင်များ၏ ပြောကြားချက်အရ သိရသည်။ ထို့အပြင် ရန်ကုန်မြို့ရှိ အိမ်ခြံမြေဈေးကွက် အတွင်း၌ အငှားဈေးကွက်ပင် ဆက်လက်မြင့်တက် လာနိုင်မည် ဖြစ်ကြောင်း အိမ်ခြံမြေ ကျွမ်းကျင်သူများ၏ ပြောကြားချက်အရ သိရသည်။
Ref : Eleven Media Group
Photo Crtedit : EMG
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties