By ပြည်သိမ်း မိုးညို, Shweproperty.com
Updated at 3 October 2014
ကုန်မြို့ အိမ်ခြံမြေ တစ်ပေ ပတ်လည်စံနှုန်းသတ်မှတ်ချက်အသစ် ကို အောက်တိုဘာ ၈ ရက်တွင် ထုတ် ပြန်သွားမည်ဖြစ်ကြောင်း အိမ်ခြံမြေ ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့မှ သတင်းရရှိသည်။
ယခုသတ်မှတ်ချက်မှာ ရန်ကုန် မြို့တော် စည်ပင်သာယာနယ်နိမိတ် မြို့နယ်များအားလုံးအကျုံးဝင်မည် ဖြစ်ပြီး ပြီးခဲ့သည့်နှစ်မှ စတင်သတ် မှတ်ရေးဆွဲခဲ့သည့် နှုန်းထားများကို ပြောင်းလဲထားခြင်းဖြစ်ကာ လက်ရှိ ကာလနှင့်အညီ ပြန်လည်ရေးဆွဲ ထုတ် ပြန်သွားမည်ဖြစ်ကြောင်း အိမ်ခြံမြေ ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
ရန်ကုန်မြို့တွင် နှစ်စဉ်ကြီးမြင့် နေသော အိမ်ခြံမြေစံနှုန်း တစ်ပေပတ်လည်ဈေးမှာ မြို့နယ်များတွင် လက်ရှိပေါက်နေသည့် ကာလတန်ဖိုးနှင့် အနီးစပ်ဆုံး ရေးဆွဲထားသောကြောင့် တန်ဖိုးသတ်မှတ်ချက်မြင့်ထားကြောင်း အထက်ပါတာဝန်ရှိသူကဆိုသည်။
စံနှုန်းသတ်မှတ်ချက်အသစ် ထုတ်ပြန်လိုက်ပါက ပြင်ပတွင် တရားမဝင် ရောင်းဝယ်မှုပိုမိုများပြားလာနိုင်ပြီး ဈေးမြင့်လာနိုင်ကာ အရောင်းအဝယ်နည်းသွားနိုင်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်းအတွင်းရေးမှူးက ဆိုသည်။
တစ်ပေပတ်လည်စံနှုန်းမှာ ပြင်ပပညာရှင်များအိမ်ခြံမြေ အသင်းကဲ့သို့ အကျိုးဆောင်များထံမှ အကြံပြုချက်သဘောထား များမရယူထားသဖြင့် ကောင်းမွန်သည့် စံနှုန်းသတ်မှတ်ချက်ဖြစ်လာနိုင်ဖွယ်မရှိကြောင်း မဏ္ဍိုင်အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးသန်းဦးကပြောသည်။
လက်ရှိတွင် မြို့သစ်စီမံကိန်း ဂယက်နှင့် အိမ်ခြံမြေစံနှုန်းတစ် ပေပတ်လည်သတ်မှတ်ခြင်းကို မကြာမီထုတ်ပြန်မည်ဆိုသောကြောင့် အိမ်ခြံမြေအရောင်းအဝယ်ပြုလုပ်မည့်သူများက စောင့်ကြည့်နေကြသည်ဟု စိုင်းခွန်နောင်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင် ဦးစိုင်းခွန်နောင်ကပြောသည်။
ယခုထွက်ပေါ်လာမည့် စံနှုန်းသတ်မှတ်ချက်အသစ်မှာ ပြီးခဲ့သည့်နှစ်ကထက် ရန်ကုန်တွင် အိမ်ခြံမြေဈေးနှုန်းမြင့်တက်နေ သောကြောင့် တန်ဖိုးသတ်မှတ်ချက်ပိုမိုလာနိုင်ဖွယ်ရှိကြောင်း၎င်းကဆိုသည်။ ရန်ကုန်တွင် နှစ်စဉ်ကြီးမြင့်နေသော အိမ်ခြံမြေဈေးနှုန်းများ ကို အစိုးရကထိန်းချုပ်ရန် ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၁ ရက် ကစတင်ပြီး အရောင်းအဝယ်ပြုလုပ်ပါက အစိုးရ သတ်မှတ်ထား သည့်စံနှုန်းအတိုင်း အရောင်းအဝယ်ပြုလုပ်ရမည်ဖြစ်ပြီး အခွန် ဆောင်ရာတွင်လည်း အဆိုပါနှုန်းအ တိုင်းတွက်ချက်ပေးဆောင်စေရန် ရည်ရွယ်ပြုလုပ်ခဲ့သည့် အစီအမံတစ်ခုဖြစ်သည်။
Ref : 7days
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties