By Kumudra, Shweproperty.com
Updated at 29 August 2017
လက်ရှိအိမ်ခြံမြေဈေးကွက်က အရောင်းအဝယ်နဲ့ အငှားပိုင်းမှာပါ ဩဂုတ်လအတွင်းပိုပြီးကောင်းလာတယ်လို့သိရပါတယ်။ ဈေးကွက်ကတော့ အရင်ကထက်ပိုကောင်းလာတယ်၊ ဒီလမှာပိုပြီးသိသိသာ သာပြောင်းလဲလာတယ်၊ ဇူလိုင်လထက်စာရင်အရောင်းအဝယ်နဲ့ အငှားပိုင်းမှာရောင်းအား ပိုသာလာတယ်၊ အရင်လတွေက အငှားဘက်ကပိုဦးဆောင်နေတယ်၊ အရောင်းအဝယ်က မဖြစ်ခဲ့ဘူး၊ အခုဆိုရင်အ ရောင်းအဝယ်က ဈေးကွက်ပြန်မျှလာတယ်၊ အရမ်းကြီးကောင်းတာမျိုးတော့ မဟုတ်တော့ဘူး၊ ဒါပေမဲ့အရောင်းအဝယ်ပိုများလာတယ်၊ ဈေးကွက်တက်ရိပ်ပြလာတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးကပါတယ်။
လက်ရှိပြည်တွင်း အိမ်ခြံမြေဈေးကွက်မှာအရင်ကထက် ဈေးနှုန်းကျဆင်းခဲ့တယ်။ ဈေးနှုန်းကျဆင်းပေမဲ့ ဈေးကွက်အခြေအနေမှာအရင်ကလိုပဲ အရောင်းအဝယ်မဖြစ်ပေမဲ့ နေရာအလိုက်မြို့နယ်တွေမှာ အရောင်းရောအငှားပါ ပိုသွက်လာတာကိုတွေ့ရတယ်လို့သိရပါတယ်။
ကျောက်တံတားမြို့နယ်နဲ့ မြို့တွင်း ခြောက်မြို့နယ်
မြို့တွင်းရဲ့ အဓိကဈေးကွက်မှာအငှားဈေးကွက်ဖြစ်ပြီး မြေနေရာရှားပါးတဲ့ မြို့နယ်တွေဖြစ်တာကြောင့် တိုက်ခန်း၊ အထပ်မြင့်တွေမှာလည်းအ လွယ်တကူလွှဲပြောင်းဝယ်ယူရောင်းချမှုနည်းပါးတယ်လို့ သိရပါတယ်။ လက်ရှိမှာအငှားဈေးကွက်ဖြစ်နေတယ်လိုု့ သိရပါတယ်။အရင်လနဲ့တော့ သိပ်မကွာဘူး၊ ဘာကြောင့်လဲဆိုတော့ အရင်ကတည်းက အငှားကဖြစ်လာတာ၊ ဒါပေမဲ့ ဒီလကပိုသွက်လာတယ်၊ အရောင်းဈေး ကွက်ကျဆင်းနေပေမဲ့ အငှားဈေးကွက်ကတော့ ပိုဖြစ်ထွန်းတယ်၊ စီးပွားရေးလုပ်မယ့်သူတွေအတွက် သီးသန့်အငှားဈေးကွက်ဖြစ်နေတဲ့သဘောပါ လို့ အကျိုးဆောင်တစ်ဦးက ပြောပါတယ်။
ဗဟန်း
ဗဟန်းမြို့နယ်က မြေပေါများတဲ့မြို့နယ်ဖြစ်ပြီး ဆိတ်ငြိမ်မှုရှိတာကြောင့် အရောင်းအဝယ်ပိုင်းမှာ ယခင်လအတွင်းငြိမ်သက်ခဲ့ပေမဲ့ အခုလအတွင်း ပြန်လည်လှုပ်ရှားအသက်ဝင်လာတယ်လို့ သိရပါတယ်။ နေရာကောင်းပေမဲ့ ဈေးတောင့်မထားနိုင်တဲ့ လူတွေချရောင်းကြတယ်၊ လူတိုင်းတော့မဟုတ်ပါဘူး၊ သိန်း ၁၀ဝ၀ တန်ဆိုရင် ၅၀ဝ နဲ့ချရောင်းတဲ့ သူတချို့ရှိတယ်၊ ဒါကြောင့် ဝယ်တဲ့သူတွေက ပုံမှန်ဈေးဆိုရင်မရတာသိတာကြောင့် အရောင်းအဝယ် ကမေးပြီးရင်ဖြစ်တဲ့နေရာပါလို့ အကျိုးဆောင်တစ်ဦးက ပြောပါတယ်။
မြောက်ဒဂုံ
ရင်းနှီးမြှုပ်နှံဖို့မြေကွက်လိုက်လံကောက်ယူသူတွေကြောင့် အရောင်းအဝယ်မဆိုးတဲ့ မြို့နယ်တစ်ခုဖြစ်တယ်။ လတ်တလောမှာ သိန်း ၇၀ဝ က သိန်း ၁၅၀ဝ ကြား မြေကွက်တွေအရောင်းအဝယ်ဖြစ်တယ်။ အငှားဈေးမှာ လမ်းမတန်းမြေနေရာတွေကို ကျပ်သိန်း ၂၀ ဝန်းကျင်အထိငှား လာကြတယ်လို့ သိရပါတယ်။
ရန်ကင်း၊ တောင်ဥက္ကလာ
ရန်ကင်းနဲ့ တောင်ဥက္ကလာ မြို့နယ်တွေမှာဆိုရင်အရောင်းအဝယ် အားမျှတဲ့မြို့နယ်တွေဖြစ်ပြီး ဈေးကွက်ပြန်လည်ကောင်းမွန်တယ်လို့သိရပါတယ်။ ရန်ကင်းမြို့နယ်ရဲ့ တစ်ပေပတ်လည်စံနှုန်းတွေမှာ လက်ရှိနှစ်သိန်းကနေ ခုနစ်သိန်းကြားရှိကြောင်းသိရပါတယ်။ တောင်ဥက္ကလာမှာလည်း အခြားမြို့နယ်တွေဖြစ်တဲ့ မြောက်ဥက္ကလာ၊ သင်္ဃန်းကျွန်းစတဲ့ မြို့နယ်တွေနည်းတူတစ်ပေပတ်လည် ၁၀ဝ,ဝဝဝ က နေ ၄၀ဝ,ဝဝဝ ကြား ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။
စက်မှုဇုန်မြေ
စက်မှုဇုန်မြေဈေးကွက်မှာ ယခင်လတွေကထက် အရောင်းပိုလာတာကိုတွေ့ရပါတယ်။ အဓိကအရောင်းအဝယ်ဖြစ်တဲ့ ဇုန်ကတော့တောင်ဒဂုံ၊ ရွှေလင်ပန်းနဲ့ မင်္ဂလာဒုံစက်မှုဇုန်မြေတွေဖြစ်တဲ့ သိန်း ၃၀ဝ၀ နဲ့ ၅၀ဝ၀ အကွက်တွေ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။
သီလဝါ ဆိပ်ကမ်းအနီးမြေနေရာတွေက ဈေးကွက်မှာအမြင့်ဆုံးဖြစ်နေပြီး သိန်းထောင်ဂဏန်းက သောင်းဂဏန်းဝန်းကျင်အထိပေါက်ဈေးတွေ ရှိနေတာကြောင့် အရောင်းအဝယ်အေးစက်နေတယ်လို့သိရပါတယ်။ အိမ်ခြံမြေ ဈေးကွက်ဟာ အရောင်းအဝယ်အေးလာတာကြောင့် ကျပ်သိန်း ၁၀ဝ၀ လောက်အထိကျဆင်းလာတယ်လို့ သိရပါတယ်။
Ref & Photo Credit : Kumudra
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties