By 7daydaily, Shweproperty.com
Updated at 16 November 2015
ရွေးကောက်ပွဲပြီးဆုံး သွားသော်လည်း သမ္မတအသစ် ကြေညာပြီးသည်အထိ ရန်ကုန် တိုင်း လုံခြုံရေးကို လိမ္မော်ရောင် အဆင့် သတ်မှတ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
မြန်မာနိုင်ငံအနှံ့ ရဲစခန်းများ ကို သက်ဆိုင်ရာဒေသတွင်း လုံခြုံ ရေးအတွက် နိုဝင်ဘာ ၁ ရက်မှ ၁၅ ရက်အထိ လုံခြုံရေးကို အဝါ ရောင်အဆင့် တရားဝင်သတ်မှတ် ညွှန်ကြားထားသည်ဟု မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲမှူးကြီးတစ်ဦးက ပြောသည်။
‘‘ရွေးကောက်ပွဲကာလပြီး ဆုံးပေမယ့် လုံခြုံရေးအဆင့်ကို တစ်နိုင်ငံလုံးအနေနဲ့ နိုဝင်ဘာ ၁၅ ရက်အထိ အဝါရောင်အဆင့် သတ်မှတ်ထားတယ်။ နောက်ပိုင်း မှာတော့ လိမ္မော်ရောင်အဆင့် ထားရှိမယ်ဆိုပေမယ့် လုံခြုံရေးကတော့ ရွေးကောက်ပွဲကာလအတိုင်း ဆက်ပြီးလုပ်ဆောင်သွားမှာပါ’’ဟု၎င်းက ပြောသည်။
ပြည်ထဲရေးဝန်ကြီးဌာနက လုံခြုံရေး ပုံမှန်အနေအထားကို အစိမ်းရောင်အဆင့်၊ သတိအနေ အထားဖြင့် အချိန်ပြည့်တာဝန် ထမ်းဆောင်ရန် အဝါရောင်အ ဆင့်သတ်မှတ်ကာ လူစုလူဝေးဖြင့် ဆူပူမှုအခြေအနေဖြစ်ပေါ်လာပါ က လိမ္မော်ရောင်၊ အဆိုးဆုံးအခြေအနေရောက်လာပါက အနီရောင် အဆင့် သတ်မှတ်သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ သတင်းရရှိသည်။
‘‘ရဲတွေ ကင်းလှည့်နေတာ တွေတော့ တွေ့ရပါတယ်။ ညပိုင်း တွေ ကင်းလှည့်နေတော့ ကောင်းပါတယ်။ ယာဉ်စစ်ပိတ်ဆို့တွေ လုပ်ပြီး ရှာနေတာတွေလည်း မြင်ရပါတယ်။ ဒါပေမဲ့ တချို့ယာဉ်စစ်ပိတ်ဆို့ လုပ်နေတာတွေက တော့ သာမန်လုပ်နေတဲ့ပုံစံမျိုး တွေ ရှိနေတယ်’’ဟု ဒဂုံမြို့သစ် မြောက်ပိုင်းတွင်နေထိုင်သူ ကိုမျိုးက ပြောသည်။
နိုင်ငံ၏ လက်ရှိလူဦးရေ အချိုးအစားအရ ရဲတပ်ဖွဲ့ဝင်အင် အား ၁၅၀,၀၀၀ ရှိရမည်ဖြစ်ရာ ၈၀,၀၀၀ ခန့်သာရှိနေသောကြောင့်လုံခြုံရေးအတွက် ပြည်သူများကပါ ပူးပေါင်းပါဝင်ပေးကြရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှဒုရဲမှူးကြီးတစ်ဦးက ပြောသည်။
‘‘အခုလို လုံခြုံရေးလုပ် ဆောင်ရာမှာလည်း ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့ လိုပါတယ်။ ည ပိုင်းတွေ ဖမ်းဆီးစစ်ဆေးနေတဲ့ အခါမှာလည်း ကားတွေပေါ်မှာ တုတ်၊ ဓားလက်နက်တင်ဆောင် မောင်းနှင်တဲ့ ယာဉ်တွေ ဖမ်းမိတာတွေ ရှိပါတယ်။ ပြည်သူတွေအနေ နဲ့လည်း မိမိပတ်ဝန်းကျင်မှာ ထူးခြားတာတွေရှိရင် သတင်းပေး တိုင်ကြားစေချင်ပါတယ်’’ဟု အဆိုပါရဲအရာရှိက ပြောသည်။
ရန်ကုန်တိုင်းတွင် ရွေး ကောက်ပွဲကာလ နိုဝင်ဘာ ၇ ရက်နှင့် ၈ ရက်များ၌ အရက်ဆိုင်၊ ကေတီဗီဆိုင်နှင့် အနှိပ်ခန်းများကို ပိတ်ခိုင်းခဲ့ပြီး နိုဝင်ဘာ ၉ ရက် မစတင်ကာ မူလဖွင့်လှစ်ခွင့်ပေးခဲ့သည့်အချိန်အတိုင်း ပြန်လည်ခွင့်ပြုထားကြောင်း အဆိုပါဆိုင်ဖွင့်လှစ်သူများက ပြောသည်။
‘‘ဆိုင်တွေကိုတော့ အရင်လို ဖွင့်ခွင့်ပေးထားပေမယ့် အရင် လောက်တော့ အချိန်မပေးတော့ ဘူး။ အရင်ဆို မနက် ၄ နာရီ လောက်အထိ ဖွင့်ခွင့်ရပေမယ့် အခုကတော့ ည ၁၂ လောက်ဆိုပိတ်ခိုင်းတယ်။ ညပိုင်းအစော ပိတ်ရတော့ အရင်လောက်တော့ ဧည့်သည်မရဘူး’’ဟု အနောက်ပိုင်းခရိုင်တွင် ဖွင့်လှစ်ထားသည့် ကေတီဗီဆိုင်မှ မန်နေဂျာတစ်ဦး က ပြောသည်။
ရန်ကုန်တိုင်းတွင် လုံခြုံရေး အဆင့်ကို သမ္မတအသစ်ကြေညာ ပြီးသည်အထိ လိမ္မော်ရောင် အဆင့်သတ်မှတ်ထားသော်လည်း ရွေးကောက်ပွဲကာလအတိုင်း လုံခြုံရေး ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။
Ref : 7daydaily
Photo Credit : Click
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties