By The Modern, Shweproperty.com
Updated at 16 May 2016
ရန်ကုန်မြို့မှာ နေထိုင်တဲ့ အခြေခံနဲ့ လူလတ်တန်းစား ကိုယ်ပိုင်အိမ်မရှိသေးသူတွေဟာ ကိုယ်ပိုင်နေရာ တစ်နေရာလေရဖို့ မျှော်လင့်နေကြပါတယ်။ သာမာန်ဝန်ထမ်း တစ်ယောက်ရဲ့ လစာဟာ ကျပ် ၁ဝဝ,ဝဝဝ ကနေ ၂ဝဝ,ဝဝဝ အတွင်းမှာသာရှိတယ်။ အိမ်ပိုင်ဆိုတာ ခက်ခဲတဲ့ အိပ်မက်တစ်လို ဖြစ်နေပါတယ်။ လူထုက တင်မြှောက်လိုက်တဲ့ အစိုးရ တက်လာပြီဆိုတော့ ပြည်သူတွေ ရင်ဆိုင်နေရတဲ့ အိမ်ငှါးပြသာနာတွေကိုလည်း ဖြေရှင်းပေးဖို့ မျှော်လင့်နေကြပါပြီး။
ရန်ကုန်မြို့မှာ ကိုယ်ပိုင်အိမ်တွေပိုင်ဆိုင်ဖို့၊ တိုက်ခန်တွေပိုင်ဆိုင်ဖို့ ဘယ်လိုလုပ်ဆောင်သင့်လဲဆိုတာကို ရန်ကုန်မြို့ပြပညာရှင်တချို့က အခုလိုထောက်ပြပြောဆိုပါတယ်။ "ပြည်သူပိုင်မြေတွေပြန်လည်ရယူပြီး ပြည်သူ့အိမ်ရာ စီမံကိန်းတွေလုပ်ပေးသင့်တယ် ' လို့မြို့ပြပညာရှင် အငြိမ်းစာ ဦးဌေးဝင်က ပြောပါတယ်။ ပြည်သူတွေအတွက် အိမ်ရာစီမံကိန်းတွေ အကောင်းအထည်ဖော်မယ်ဆိုရင် ခရိုနီတွေ သိမ်းတဲ့မြေတွေ ၊ တပ်သိမ်းမြေတွေကို ပြန်တောင်းရမယ်လို့ ဆိုပါတယ်။ ရန်ကုန်မြို့မှာ လူဦးရေ ငါးသန်းနဲ့ ခြောက်သန်းကြား မှာ နေထိုင်ပြီး အိမ်ထောင်စုပေါင်း တစ်သန်းခန့် ရှိနေတယ်" လို့ ရန်ကုန်တောင်ပိုင်းခရိုင် စည်ပင်သာယာရေဝန်ကြီး ဦးအေးမင်းက ပြောပါတယ်။
ပြည်သူတွေ အားလုံးတက်နိုင်မယ့် အနေအထားနဲ့ အိမ်ရာစီမံကိန်းတွေပေါ်လာဖို့ အိမ်ထောင်စုပေါင်းဘယ်လောက်ရှိတယ်၊ အိမ်ပိုင်ရှင်တွေ ဘယ်လောက်ရှိတယ်ဆိုတဲ့ စာရင်းအတိအကျတွေကိုကောင်ယူပါမယ်။သည်လို စာရင်းကောက်ယူပြီး အိမ်ရာဝယ်ယူ ချင်သူတွေကို တစ်ဆင့်ချင်းလုပ်ဆောင်ပေးသွားနိုင်ရင် အဆင့်ပြေမယ်လို့ သိရပါတယ်။
' တိုက်ခန်း တစ်ခန်းကို ကျပ်သိန်း ၁၀၀ အောက်မှ သတ်မှတ်ပြီး ရောင်းချပေးသင့်တယ်၊ အများပြည်သူ အားလုံး အိမ်ရာပိုင်ဆိုင်နိုင်ဖို့ ဆိုရင် ပြည်သူ အိမ်ရာစီမံကိန်းတွေကို တည်ဆောက်ပြီး ပြည်သူတွေကို အရစ်ကျစနစ်နဲ့ ရောင်းချပေးတာတွေ၊ ပြည်သူတွေ တက်နိုင်တဲံဈေးနှုန်းနဲ့ ရောင်းချပေးတာတွေ လုပ်ဆောင်ပေးသင့်တယ် ' လို့မြို့ပြပညာရှင်ဦးဌေးဝင်းကပြောပါတယ်။
စီစဉ်ပေးပါ
စုငွေဆောင်းငွေ အတန်သင့်ရှိတဲ့ မိသာစုအတွက် တန်ဖိုးနည်းအိမ်ရာတွေ စီစဉ်ပေးလို့ရပါတယ်။ဝယ်ဖို့လည်ူ မတတ်နိုင်စားဖို ့တောင်မတတ်နိုင် အိမ်ငှါးခလည်း မတတ်နိုင်တဲ့ ဝင်ငွေအနည်းဆုံး ပြည်သူတွေအတွက် အိမ်လခ အလွန်သက်တာတဲ့ ပြည်သူ့ အငှါးချအိမ်ရာကို အစိုးရကလုပ်ပေးရမယ်လို့ ဆိုပါတယ်။
မြို့ပြနဲ့အိမ်ရာဖွံဖြိုးရေ ဦးစီးဌာနက မြို့ပြဖွံ့ဖြိုးရေးနဲ့ အိမ်ရာဖွံဖြိုးရေလုပ်ငန်း နှစ်ရပ်ကို လုပ်ဆောင်နေပါတယ်။ ဝင်ငွေနည်းတဲ့ သူတွေအတွက် တန်ဖိုးနည်းအိမ်ရာဆောက်ဖို့နဲ့ အငှါးအိမ်ရာဆောက်နိုင်ဖို့ကို အာရုံစိုက်နေပြီး တန်ဖိုးနည်းအိမ်ရာတွေကို စမ်းသပ်ကာလ အဖြစ် စတင်ရောင်းချပေးနေတယ်လို့ အိုးအိမ်ဦးစီးဌာနက သိရပါတယ်။ ရန်ကုန်မြို့ ဆင်ခြေဖုံးမြို့နယ်နဲ့ မြို့သစ်တောမှာ အိုးအိမ် ဦးစီးဌာနက ရောင်းချပေးနေတဲ့ တန်ဖိုးနည်း တိုက်ခန်းတစ်ခန်းက ကျပ်သိန်း ၁၂၀ ဈေးပေါက်တယ်လို့သိရပါတယ်။ အဲ့သည့်ဈေးနှုန်းကို မတက်နိုင်တဲ့အတွက် လူတိုင်းမဝယ်နိုင်သေးပါဘူး။ အိုးအိမ်ဦးစီးဌာနက ဆင်ခြေဖုံးမြို့နယ်တွေက အိမ်ရာစီမံကိန်းတွေမှာ ရောင်းချဖို့ တိုက်ခန်းပေါင်း ၂၀၀၀ ကျော် ကျန်နေသေးတယ် လို့သိရပါတယ်။ ရွှေလင်ဗန်း တန်ဖိုးနည်းအိမ်ရာမှာ တိုက်ခန်းပေါင်း ၇၆၈ ခန်းကို တစ်ခန်းကို ကျပ်သိန်း ၁၂၀ နှုန်းနဲ့ ရောင်းချပေးထားပြီး ဖြစ်တယ်လို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေဦးစီးဌာနက သိရပါတယ်။ တန်ဖိုးနည်းအိမ်ရာတွေမှာ တစ်ခန်းကို ကျပ်သိန်း ၁၀၀ အောက်ရောင်းချပေးနိုင်ဖို့ ကြိုးစာနေတယ်လို့ ဆိုပါတယ်။
အခက်အခဲ
အငှါးအိမ်ရာဆောက်လိုက်တဲ့ ကုန်ကျစရိတ်တွေဟာချက်ချင်းပြန်မရတဲ့အတွက် တန်ဖိုးနည်းအိမ်ရာမဝယ်နိုင်တဲ့သူတွေကို အငှါးအိမ် ရာဆောက်ပေးဖို့ အိုးအိမ်ဦးစီဌာနမှာ အခက်အခဲတွေအများကြီးရှိသေးတယ်လို့ ဆိုပါတယ်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှာ အစိုးရက တစ်နိုင်ငံလုံးက အိမ်ရာစီမံကိန်းတွေအတွက် ကျပ် ၄၆သန်း ပေးခဲ့တယ်လို့သိရပါတယ်။သည်နှစ်အတွက် ဘယ်လောက်ပေးမလဲဆိုတာ မသိသေးတာကြောင့် အငှါးအိမ်ရာစီမံကိန်းအတွက် မဖြေနိုင်သေးဘဲဘတ်ဂျက်ပေးနိုင်မှသာ လုပ်နိုင်မယ်လို့ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေဦးစီးဌာနက သိရပါတယ်။ တန်ဖိုးနည်းအိမ်ရာ ရောင်းချပေးတဲ့နေရာမှာ လာရောက်လျှောက်ထားတဲ့ လျှောက်လွှာအရေအတွက် ကပေးနိုင်တဲ့ အခန်းတွေထက် လေးဆခန့်ပိုများနေတယ်လို့ သိရပါတယ်။သည်လိုလာရောက်လျှောက်ထားတဲ့လူတွေမှာ နေစရာတကယ် မရှိပေမဲ့ မှတ်ပုံတင်မရှိတာ၊ လျှောက်လွှာစာရွက်စာတမ်းပြည့်စုံမှု မရှိတာတွေကြောင့် မဲနှိုက်ရောင်းချရတယ်လို့ဆိုပါတယ်။ အမှန်အကန် လိုအပ်နေသူတွေ လျှောက်ထားမှသာ တန်ဖိုးနည်းအိမ်ရာစီမံကိန်းစနစ်အောင်မြင်မယ်လို့ သိရပါတယ်။ အစိုးရအနေနဲ့ ဝင်ငွေနည်းတဲ့ သူတွေကို အိမ်လခသက်သာတဲ့ အိမ်ရာတွေကို လုံလောက်တဲ့ပမာဏ အထိ ဆောက်လုပ်ပေစးနိုင်မှ အောင်မြင်နိုင်မယ်လို့ ဆိုပါတယ်။သည်လိုအောင်တဲ့ အိမ်ရာစီမံကိန်းတွေဖြစ်ဖို့ အိမ်ရာလိုအပ်တဲ့ လူဦးရေ ၊ ငှါးခမတက်နိုင်တဲ့လူဦးရေ ၊ အိမ်ခြေရာမဲ့ဘဝနဲ့ ကျုးကျော်တဲနဲ့ နေရတဲ့ လူဦးရေက ဘယ်လောက်ရှိလဲဆိုတာကို သိအောင်လည်းလုပ်ရမယ်လို့ဆိုပါတယ်။
နေစရာပေးပါ
ရန်ကုန်မြို့မှာ အိမ်ရာမဲ့ ကျူးကျော်တွေရဲ့ ပြသာနာဟာကြီးမာနေပြီး အနည်းဆုံး လူဦးရေ တစ်သိန်းကနေ သုံးသိန်းဝန်းကျင် အထိရှိပါတယ်။ သူတို့ရဲ့ ဆက်စပ်နေတဲ့ မှုခင်းတွေ ပဋိပက္ခတွေကို ဖြေရှင်းဖို့ကလည်း နေထိုင်စရာအိမ်ရာအကောင်အထည်ဖော်ပေးဖို့ လိုအပ်ပါတယ်။ ရန်ကုန်မြို့မှာ အလုပ်လုပ်ကိုင်နေသူ တစ်ဦးရဲ့ အခြေခံတစ်ရက်စာ ဝင်ငွေ ကျပ် ၃၆၀၀ ကို တစိလနဲ့ တွက်ချက်မယ်ဆိုရင် ၁၀၈,၀၀၀ သာရရှိမှာဖြစ်ပါတယ်။ မိသာစုသုံးဦးနေထိုင်နိုင်တဲ့ တိုက်ခန်းတစ်ခန်းရဲ့ ငှါးခဟာတစ်လကို အနည်းဆုံးကျပ်တစ်သိန်းနဲ့ တစ်သိန်းအထက် မှာရှိတယ်။လူတစ်ဦးဟာသူ့ရဲ့လစာတစ်လစာလုံးကို အိမ်ငှါးခအတွက် သုံးစွဲလိုက်သလို ဖြစ်ပါလိမ့်မယ်။
"အာဆီယံနိုင်ငံတွေရဲ့ စံနှုန်းအရ လူတစ်ဦးဟာ သူရဲ့ ဝင်ငွေရဲ့ သုံးပုံတစ်ပုံကိုသာ နေထိုင်စရိတ်အတွက် သုံးစွဲသင့်တယ်လို့ ဖော်ပြထားပါတယ်။ ရန်ကုန်မြို့မှာတော့ လူတစ်ဦးဟာ လစာရဲ့ ထက်ဝက်ကျော်ကို အိမ်ငှါးခအတွက် သုံးစွဲးနေရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှာ အခြေခံလူတန်းစားတွေအတွက် အိုးပိုင်အိမ်ပိုင်ရရှိစေမယ့်စီမံကိန်းကို အကောင်းအထည်ဖော်ဖို့ ရှိတယ်" လို့ ရန်ကုန်တိုင်းဒေသကြီး ၊ အင်းစိန်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောပါတယ်။
ရန်ကုန်မြို့မှာ နေထိုင်နေတဲ့ အခြေခံနဲ့ ဝန်ထမ်းပြည်သူတွေတော့ သင့်တင့်တဲ့ ဈေးနှုန်းနဲ့ အိုးပိုင်အိမ်ပိုင်ရမယ့် အစီအစဉ်တွေ ၊ ဥပဒေတွေ အကောင်အထည်ဖော်မယ့် အစီအစဉ်တွေကို သိချင်နေကြပါတယ်။
Ref : The Modern
Phtoto Credit : social
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties