By emg, Shweproperty.com
Updated at 17 October 2014
အဆင့်မမီတော့ဘဲ အားနည်းချက်များစွာ ရှိနေသော ရန်ကုန်မြို့၏ ဘတ်စ်ကားသယ်ယူပို့ဆောင်ရေးစနစ် အဆင့်မြှင့်တင်ရေးအတွက် ဂျပန်အပါအဝင် ပြည်ပမှကုမ္ပဏီအချို့နှင့် ဆွေးနွေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေးစနစ်တွင် ဘတ်စ်ကားသယ်ယူပို့ဆောင်ရေးကို အသုံးပြုနေသူ ရာခိုင်နှုန်း ၈၀ ခန့်ရှိနေပြီး ၎င်းတို့မှာ ဟောင်းနွမ်းနေသော ဘတ်စ်ကားများ၊ ယာဉ်တိုက်မှု အန္တရာယ်ရှိနိုင်သည့် ဒိုင်နာ၊ ဘီအမ် စသည့် ဘတ်စ်ကားမျာကို မဖြစ်မနေ အသုံးပြုနေရသေးကြောင်း သိရသည်။
သို့ဖြစ်၍ ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေးစနစ် အဆင့်မြှင့်တင်ရန် မဖြစ်မနေ လိုအပ်လျက်ရှိခြင်းကြောင့် ဘတ်စ်ကားအသစ်များ တင်သွင်းခွင့်ပြုခြင်းအပြင် အဆင့်မြှင့်တင်ရေး အကျိုးတူပူးပေါင်းဆောင်ရွက်မည့် ပြည်ပကုမ္ပဏီအချို့နှင့် ဆွေးနွေးနေခြင်းဖြစ်သည်ဟု ဆိုသည်။
“အခု ခရီးသည်တင် ဘတ်စ်ကားအသစ်တွေ ရန်ကုန်မြို့ကို တင်သွင်းချင်ရင် အခြားယာဉ်တွေထက် လွယ်လွယ်ကူကူ တင်သွင်းခွင့်ရအောင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ထောက်ခံချက်ပေးပါတယ်။ ရေရှည်အတွက်မျှော်မှန်းပြီး ဘတ်စ်ကားစနစ် အဆင့်မြှင့်ဖို့အတွက်ကို ဂျပန်အပါအဝင် ပြည်ပကုမ္ပဏီအချို့နဲ့ ဆွေးနွေးနေတာ ရှိပါတယ်။ လက်ရှိဆွေးနွေးနေဆဲ အဆင့်သာဖြစ်လို့ အတိအကျတော့ ပြောလို့မရသေးဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ရန်ကုန်မြို့တွင် တစ်နေ့လျှင် ခရီးသည်တင်ယာဉ်လိုင်းများမှ ဘတ်စ်ကားအစီးရေ ၁၂၀၀ ကျော်ပြေးဆွဲနေပြီး ယခုနောက်ပိုင်း ယာဉ်ကြောပိတ်ဆို့မှုများ ပိုမိုဆိုးရွားလာခြင်းကြောင့် ခရီးသွားပြည်သူအများစုမှာ လမ်းပေါ်တွင်သာ အချိန်များစွာ ကုန်ဆုံးနေရသည်။
ယခုလက်ရှိ ပြည်ပကုမ္ပဏီအချို့နှင့် ဆွေးနွေးရာတွင်လည်း ကုန်းလမ်းပို့ဆောင်ရေး ခေါင်းစဉ်အောက်ရှိ ရထားပို့ဆောင်ရေးစနစ် မြှင့်တင်ရန်လည်း ဆွေးနွေးလျက်ရှိပြီး မိုးပျံရထားစနစ် အကောင်အထည်ဖော်နိုင်ရန်အတွက်လည်း ဂျပန်နိုင်ငံ၏ အကူအညီ ရယူနိုင်ရေး အတွက်ကိုလည်း ဆွေးနွေးနေပြီး အကူအညီ ရရှိပါက မိုးပျံရထားလမ်း စီမံကိန်းစနစ်ကို ၂၀၁၅ ခုနှစ်တွင် စတင်ရန် စီစဉ်လျက်ရှိသည်ဟု သိရသည်။
Ref : Eleven Media Group
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties