ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)တို့ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှာ မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကို ရေးဆွဲခဲ့ပါတယ်။ အဲဒါကို နောက်ဆုံးအခြေအနေနဲ့ ကိုက်ညီအောင် (The Project for Up dating the Strategic Urban Development Plan of the Greater Yangon)ကို ၂၀၁၆ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့ကနေ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်နေ့မှာ စီမံကိန်းအပြီးသတ် ရေးဆွဲပြီး ရန်ကုန်တိုင်းဒေသကြီးကို လွှဲပြောင်းပေးခဲ့ပါတယ်။