By The Voice Weekly, Shweproperty.com
Updated at 24 March 2013
အမှတ် (၁) စက်မှုဝန်ကြီးဌာန တည်ရှိခဲ့သောအဆောက်အအုံနေရာတွင် ဗီယက်နမ် Hoang AnhGia Lai ကုမ္ပဏီက ဟိုတယ်စတင်ဆောက်လုပ်နေသောကြောင့် ရန်ကင်းမြို့နယ်ရှိ ကွန်ဒိုနှင့် တိုက်ခန်းများ၏ ခေါ်ဈေး ရန်ကုန်မြို့တော်တွင် အမြင့်ဆုံးဖြစ်နေကြောင်း ရန်ကုန်အခြေစိုက် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များက တညီတညွတ် တည်း ပြောကြားသည်။
ရန်ကင်းမြို့နယ်ရှိ ကွန်ဒို၊ တိုက်ခန်းများကို ဝယ်ယူလိုသူများရှိသော်လည်း ဈေးနှုန်းမြင့်သောကြောင့် အဝယ်ထက် အငှားသာရှိကြောင်း ပြည်ကြီးတံခွန် အိမ်၊ ခြံ၊ မြေအကျိုးဆောင်မှ မန်နေဂျာ ဦးနေဇော်အောင်က ပြောကြားသည်။
အဆိုပါမြို့နယ်ရှိ စတုရန်းပေ ၂ဝဝဝ ကွန်ဒိုတစ်ခန်းကို ကျပ်သိန်းလေးထောင်အထိ ဈေးခေါ်ကြောင်း ရန်ကင်းမြို့နယ်တွင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောဆိုသည်။ ''ဆီဒိုးနားအနောက်ဘက်က ပညာဝတီကွန်ဒိုနဲ့ ရွှေအုန်းပင်တိုက်ခန်းတေကွ အဓကိ ဈေးခေါ်နေတာ''ဟု ၎င်းက ဆိုသည်။
ရန်ကုန်မြို့အတွင်းရှိ အိမ်၊ ခြံ၊ မြေ ဈေးကွက်မှာ အသစ်ဆောက်လုပ်မည့် စီမံကိန်းများပေါ်တွင်မူတည်ပြီး လှုပ်ရှား မှုရှိကြောင်း အိမ်၊ ခြံ၊ မြေဝန်ဆောင်မှုအသင်းမှ အထွေထွေအတွင်းရေးမှူး ဒေါ်မို့မို့အောင်က မှတ်ချက်ပြုသည်။
Ref : The Voice Weekly
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties