By Messenger, Shweproperty.com
Updated at 23 November 2015
မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာ အနီးရှိ စည်ပင်သာယာပိုင် မြေကွက်များတွင် ဆောက်လုပ်ခွင့်ပြုမိန့် ရထားကြောင်း စာရွက်စာတန်းအတုများ ပြုလုပ်ကာ ဆောက်လုပ်ရေး ကုမ္ပဏီများသို့ လိုက်လံ လိမ်လည်ရောင်းချခြင်းများ ရှိနေကြောင်း စည်ပင်သာယာရေး ကော်မတီတာဝန်ရှိသူ တစ်ဦးက ပြောသည်။
မန္တလေး ချမ်းမြသာစည် မြို့နယ်တွင်းရှိ၊ မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာအနီးရှိ တန်ဖိုးမျှတ အိမ်ရာများ တည်ဆောက်ရန် လျာထားသည့် စည်ပင်သာယာပိုင် မြေကွက်များဖြစ်သည့် မမ -(၁၉)၊ မမ- (၂၅)၊ မမ-(၂၈)၊ မမ- (၂၉) တွင် တည်ဆောက်ခွင့်ပြုမိန့် ရထားသည်ဟုဆိုကာ ဆောက်လုပ်ရေး ကုမ္ပဏီများသို့ ဆောက်လုပ်ခွင့်ပြုမိန့် စာရွက်စာတန်း အတုများဖြင့် လိုက်လံလိမ်လည် ရောင်းချနေခြင်း ဖြစ်ကြောင်း စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စည်ပင်သာယာအနေဖြင့် ယင်းမြေကွက်များတွင် တန်ဖိုးမျှတအိမ်ရာများ ဆောက်လုပ်ရန် လျာထားသော်လည်း လက်ရှိအချိန်ထိ မည်သည့် ကုမ္ပဏီကိုမျှ ဆောက်လုပ်ခွင့် ချထားပေးခြင်း မရှိကြောင်းနှင့် ယင်းသို့ လိုက်လံ လိမ်လည်နေသည့် အဖွဲ့ကိုလည်း စုံစမ်းလျက်ရှိကြောင်း စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
“လုပ်ငန်း တည်ဆောက်တာတွေ ဆောင်ရွက်မယ်ဆိုရင် အကုန်တင်ဒါစနစ်နဲ့ သွားတာပါ။ ဒီမြေကွက်တွေမှာလည်း တန်ဖိုးမျှတ အိမ်ရာတည်ဆောက်ဖို့ လျာထားရုံပဲ ရှိပါသေးတယ်၊ ဘယ်ဆောက်လုပ်ရေး ကုမ္ပဏီကိုမှ ဆောက်လုပ်ခွင့်ချ ပေးထားတာ မရှိပါဘူး။ အခုက စည်ပင်ကို တချို့ ဖုန်းဆက်မေးကြတယ်။ အဲဒီလို လိုက်ရောင်းနေတာတွေ ရှိတယ်။ အဲဒါတကယ်လား မေးကြတယ်။ အခုအဲဒီအဖွဲ့ကို စုံစမ်း နေပါတယ်။ အဲဒီလို ကိုယ့်ဆီကို လာပြောတာရှိရင်လည်း စည်ပင်ကို အကြောင်းကြားလို့ ရပါတယ်”ဟု စည်ပင်သာယာရေး ကော်မတီတာဝန်ရှိသူ တစ်ဦးက ပြောသည်။
Ref : Messenger
Photo Credit : Wikipedia
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties