By 7daydaily, Shweproperty.com
Updated at 8 March 2016
ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီက တည် ဆောက်သည့် အဆင့်မြင့်လူနေ တိုက်ခန်းပေါင်း ၅၀ ကျော်ကို လေလံစနစ်ဖြင့် ရောင်းချမည်ဖြစ် ကြောင်း သတင်းရရှိသည်။
ရွှေမြယာအဆင့်မြင့် အိမ်ရာစီမံကိန်းမှ အခန်းပေါင်း ၅၂ ခန်း နှင့် အလုံမြို့နယ် ရွှေဇမ္ဗူ River Complex မှ မြေညီထပ်နှင့် ပထမထပ်တို့ကို လေလံတင်ရောင်းချ မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအင်ဂျင်နီယာနှင့် အဆောက်အအုံဌာန သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
လေလံတင်ရောင်းချရာတွင် အလုံးလိုက်၊ အလွှာလိုက်ရောင်း ချခြင်းမျိုးများ ပါဝင်မည်ဖြစ်ပြီး လေလံကြမ်းခင်းဈေးကို ထုတ်ပြန်ကြေညာခြင်း မရှိပေ။
ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီက ဆောက်လုပ်ရေး ကုမ္ပဏီများနှင့် အကျိုးတူတည်ဆောက်သည့် အိမ်ရာစီမံကိန်းများ ရောင်းချလျက်ရှိရာ ယခုအခန်းများမှာ ရောင်းချရန် ကျန်ရှိနေသေးသည့် အခန်းများ ဖြစ် သည်။
ရန်ကုန်မြို့တော်စည်ပင်ပိုင် မြေကွက် ၁၁ ကွက်တွင် ပုဂ္ဂလိက ကုမ္ပဏီများနှင့်ပူးပေါင်းကာ ကွန်ဒို ၁၁ လုံး တည်ဆောက်နေပြီး အဆိုပါ တိုက်ခန်းများထဲမှ အခန်းအများစုကို ရောင်းချပြီးဖြစ်ပြီး ကျန်ရှိနေသေးသည့် အခန်းများ ရောင်းချနေခြင်း ဖြစ်သည်။
အဆင့်မြင့်အိမ်ရာစီမံကိန်း များ၏ တန်ဖိုးမှာတစ်ပေပတ် လည်ဖြင့် တွက်ချက်၍ ပေကျယ် အခန်းများဖြစ်သောကြောင့် အ နည်းဆုံးကျပ်သိန်း နှစ်ထောင်မှ စတင်ပြီး စာချုပ်ချုပ်ဆိုသည့်နေ့ မှ အခန်းလွဲှပြောင်းယူချိန်အထိ ရာခိုင်နှုန်းအလိုက် ငွေပေးသွင်းရ မည်ဖြစ်ကြောင်း သတ်မှတ်ထား သည်။
ယခုရောင်းချသည့် ရွှေမြ ယာစီမံကိန်းအပြင် ရန်ကင်း၊ အလုံ၊ မရမ်းကုန်း၊ လမ်းမတော်၊ သင်္ဃန်းကျွန်း မြို့နယ်များတွင် စည်ပင်သာယာရေး ကော်မတီက ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ် ငန်းရှင်များနှင့် ပူးပေါင်း တည် ဆောက်နေသည့် တန်ဖိုးမြင့်အိမ် ရာစီမံကိန်းများစွာရှိပြီး အဆောက်အအုံများ ပြီးစီးပါက ရောင်းချမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ထားသည်။
ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီက ယခုကဲ့ သို့ တန်ဖိုးမြင့် အိမ်ရာစီမံကိန်းများ အပြင် တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများဖြစ်သည့် ဗိုလ်ဗထူး၊ ဗိုလ်မင်းရောင် အိမ်ရာစီမံကိန်း များကိုလည်း ၂၀၁၄ နှစ်ကုန်ကစတင်ပြီး မဲဖောက်ရောင်းချပေး လျက်ရှိသည်။
Ref : 7daydaily
Photo Credit : Social
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties