By 7daydaily, Shweproperty.com
Updated at 23 June 2015
ရန်ကုန်မြို့လယ်တွင်အ ထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်ခွင့်ပြုသည့် အပိုင်း၌ အားနည်းချက်များရှိနေ၍ သေ ချာစိစစ်ရန်လိုအပ်ကြောင်း မြန်မာနိုင်ငံ ဗိသုကာပညာရှင်များအ သင်း ဗဟိုအလုပ်အမှုဆောင် ဒေါ်လှစုမြတ်က ပြောသည်။
‘‘မြို့ရဲ့ အလယ်ကောင်မှာတ ကယ်ဆောက်လုပ်သင့် မသင့်နေ ရာတွေကို သေချာသုတေသန လုပ်ပြီးမှ ခွင့်ပြုသင့်တယ်’’ဟု ၎င်းက ပြောသည်။
လက်ရှိခွင့်ပြုနေသည့် အ ဆောက်အအုံများ၏ အချိုးအစား ခံနိုင်ရည်များကို ပြန်လည် စစ် ဆေးသင့်သည်ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းတွင် ပြု လုပ်သည့် မြို့နယ်အဆောက် အအုံများဆိုင်ရာ ဟောပြောပွဲ၌ ဒေါ်လှစုမြတ်က အကြံပြု ပြော ကြားသည်။
ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီက လက်ရှိ တည်ဆောက်သည့် ဈေးများ၊ကား ပါကင်များတွင်စတီးဖရိန်များသုံး၍ တည်ဆောက်နေခြင်းမှာ အား သာချက်များရှိသကဲ့သို့ အားနည်း ချက်များလည်းရှိပြီး မီးဘေးအန္တ ရာယ်နှင့်ပတ်သက်သည့်အစီအမံ များလည်း များစွာလိုအပ်နေသေး သည်ဟု ဆိုသည်။
လက်ရှိတွင် အစိုးရက မည် သည့်နေရာ၌ အထပ်မြင့် အ ဆောက်အအုံများ ဆောက်လုပ် သင့်၊ မသင့် ZONING PLAN ရေးဆွဲနေပြီး အဆိုပါနေရာများအ နက် ၃၅ ရာခိုင်နှုန်းမှလွဲ၍ကျန်နေ ရာများတွင် အထပ်မြင့်အဆောက် အအုံ ဆောက်လုပ်နိုင်သည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီမှ ပညာရှင်များက ကနဦးရေးဆွဲထားသည်။
‘‘ဟိုနားလည်း အထပ်မြင့်၊ ဒီနားလည်းအထပ်မြင့် အမှန်တ ကယ်လူနေဖို့ထက် စီးပွားရေးဆန် ဆန် ဆောက်နေကြတာ မြို့လယ် မှာ တိုက်အသစ်တွေအများကြီးပဲ။ အခန်းလွတ်တွေလည်း အများ ကြီးပဲ။ တကယ်နေမယ့်ငွေကြေးမ တတ်နိုင်သူတွေက မြို့ပြင်ထွက် နေရတယ်’’ဟု မြို့ပြစီမံကိန်းပ ညာရှင် ဦးဝင်းမြင့်က ထောက်ပြ ပြောကြားသည်။
လက်ရှိ ရန်ကုန်မြို့တွင် တည်ဆောက်နေသည့် အထပ် မြင့် အဆောက်အအုံများအတွက် အကြီးအသေးပေါ်မူတည်ပြီး မြန် မာနိုင်ငံ အင်ဂျင်နီယာအသင်း အ ထပ်မြင့် အဆောက်အအုံများ စစ် ဆေးရေးအဖွဲ့ နှင့်မြို့တော်စည်ပင်မှ လိုင်စင်ရအင်ဂျင်နီယာများ ကိုယ်တိုင် ကြီးကြပ်စစ်ဆေးနေ ခြင်း ဖြစ်ပြီး အဆောက်အအုံများ တည်ဆောက်ခွင့် မကြန့် ကြာစေ ရန် လုပ်ထုံးလုပ်နည်းအချို့ကိုပင် ဖြေလျှော့ပေးနေကြောင်းအင်ဂျင် နီယာနှင့် အဆောက်အအုံဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
Ref : 7daydaily
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties