By Sint Sint, Shweproperty.com
Updated at 25 September 2020
ရန်ကုန်မြို့ရှိ ကွာရန်တင်းစင်တာများတွင် အသွားအလာကန့်သတ်စောင့်ကြပ်ထားသူများမှာ ပြီးခဲ့ သော ရက်ပိုင်းက လူဦးရေ ၁၀၀၀၀ ဝန်းကျင်ရှိခဲ့ရာမှ လက်ရှိတွင် ၇၀၀၀ခန့်သာရှိတော့ကြောင်း ရန်တိုင်း ဒေသ ကြီး ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ကိုဗစ်ကာလ၌ ကွာရန်တင်းထားရှိရေး လုပ်အားပေး ကူညီဆောင် ရွက်နေသည့် အဖွဲ့၏ တာဝန်ရှိသူ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာအဖွဲ့ကော်မတီ အတွင်းရေး မှူး ကိုဒီငြိမ်းလင်းက ပြောသည်။
ရန်ကုန်မြို့တွင် Covid -19 ရောဂါပိုးတွေ့ရှိသူ အတည်ပြုလူနာများမှာ နေစဉ်ရာနှင့် ချီနေသော်လည်း ကူး စက်မှုမြင့်တက်ခဲ့သည့် ကာလမှာ တစ်လကျော်ကြာမြင့်လာပြီးဖြစ်သည့်အတွက် ပိုးတွေ့လူနာများနှင့် ထိတွေ့ ဆက်စပ်မှုများမှာလည်း နည်းလာသည့်အပြင် အစောပိုင်း ကွာရတ်တင်း ထားရှိသူများမှာလည်း ရက်ပြည့်သဖြင့် အသုတ်လိုက် ဆင်းဆင်းနေရသောကြောင့် ကွာရန်တင်းထားရှိသူများ လျော့နည်းလာ ခြင်းဖြစ်ကြောင်း သိရသည်။
''ကွာရန်တင်းဝင်တဲ့သူတွေက ပြကန်တော့ လျော့သွားပြီ။ ဟိုတစ်လောကလောက် မများတော့ဘူး။ ဘာလို့ ဆိုတော့ ပထမအသုတ်က ပြန်ထွက်သွားပြီဆိုတော့လေ။ ၆၀၀၀ ၊ ၇၀၀၀ လောက်ရှိမယ်။ စာရင်းတွေက များတော့ အတိအကျပြောဖို့ ခက်တယ်။ ၇၀၀၀ ဝန်းကျင်လောက် ရှိအုံးမယ်'' ဟု ယင်းကပြောသည်။
အစောပိုင်း၌ ကွာရန်တင်းဝင်နေသူများမှာ ပြီးခဲ့သော ရက်ပိုင်းအတွင်းက အသုတ်လိုက်ပြန်ဆင်း နေကြ ရပြီး ယမန်နေ့( စက်တင်ဘာလ ၂၄ရက်) တွင် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရိုးမရိပ်သာ အိမ်ရာ ကွာရန်တင်း စင်တာ တစ်ခုတည်းမှ ကွာရန်တင်းဝင်နေသူ ၁၂၀၀ ကျော်အထိ ပြန်သွားနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
နောက်ဆုံးရ သတင်းများ
COVID-19 ရောဂါ ကူးစက်မှုမြင့်မားလာခြင်းကို ထိန်းချုပ်ရန် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ထားသည့် စျေးများတွင် ပြည်သူများအတွက် အဓိကလိုအပ်သည့် စားသောက်ကုန်နှင့် ဆေးဆိုင်များသာ ဖွင့်ထားပြီး ဆိုင်အများစု ပိတ်ထား
ကိုဗစ်၁၉ ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေတဲ့ကျန်းမာရေးဝန်ထမ်းတွေနေစရာ အခက်အခဲမရှိစေရန်ပြင်ဆင်ထား
ရန်ကုန်တိုင်းဒေသကြီးအတွင်း STAY AT HOME သတ်မှတ်ထားသည့် မြို့နယ်များကို RATION စနစ်ဖြင့် အခြေခံစားသောက်ကုန်များ ဖြန့်ဖြူးပေးရန် စီမံနေကြောင်း သိရ
ရိုးမအိမ်ရာနှင့် အောင်မြင့်မိုရ်အိမ်ရာတို့ကို QUARANTINE CENTER အဖြစ် သုံးစွဲနိုင်ရန် လွှဲပြောင်းပေးထားသဖြင့် အဆိုပါအိမ်ရာ ဝယ်ယူခွင့်ရရှိထားသူများကို အိမ်ခန်း တက်ရောက်နေထိုင်ခွင့် ခေတ္တဆိုင်းငံ့မည် ဖြစ်ကြောင်း အသိပေးကြေညာ
Ref & Photo Credit : Pyi Myanmar
Posted By : Sint Sint (ShweProperty.com)
Property Sales Event
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties