ကိုယ်ယခုနေထိုင်နေတဲ့ အိမ်ဟာ ဘယ်အမျိုးအစားထဲ ပါနေလဲဆိုတာလေ့လာဆန်းစစ်ကြည့်လိုက်ရအောင်။အိမ်၏ ခေါင်းရင်းနေအိမ်သည် မိမိအိမ်ထက်မြင့်မည်။ခြေရင်းအိမ်သည်လည်းမိမိအိမ်ထက်မြင့်ပါက ကိုယ်နေသောအိမ်သည် အမိုးနိမ့်နေလျှင်အိမ်ပုခက် ဟုခေါ်သည် ။နေသောမိသားစုသည် စီးပွားတက်၏။
 
ကိုယ့်အိမ်ခေါင်းရင်းအိမ်က အမိုးနိမ့်မည် ။ကိုယ့်အိမ်ခြေရင်းကလဲ အမိုးနိမ့်မည် ……ကိုယ့်အိမ်က အလယ်မှ အမိုးမြင့်မားနေပါကအိမ်မြင့်မိုရ်ဟုခေါ်သည်။
 
လူကြီးမိဘတို့ကို ခေါင်းရင်းဘက်ထား၍ပြူ စုလုပ်ကျွေးအား သဒ္ဓါပြည့်ကအထူးကောင်းမွန်၏ ။ကိုယ့်အိမ်၏ခေါင်းရင်းကမြင့်မည် ။ကိုယ့်အိမ်၏ ခြေရင်းက ကိုယ့်အိမ်ထက်နိမ့်နေပါကအိမ်တောင်တန်းဟုခေါ်သည် ။တစ်စိမ့်စိမ့်စီးပွားဖြစ်၏ ။
 
ကိုယ့်အိမ်၏ခေါင်းရင်းကနိမ့်၍ကိုယ့်အိမ်၏ ခြေရင်းအိမ်က မြင့်နေပါကစီးပွားအသည်းအသန်ရှာရတတ်သည် ။ရေဆန်အိမ်ဟုခေါ်သည် ။ရှေးလူကြီးများက မဝယ်သင့်ဟုဆိုကြ၏။
 

 
ကိုယ့်အိမ်၏ ခေါင်းရင်းနားတွင် မီးဖိုအကြီးကြီးဖြင့်စီးပွားရှာသောအိမ်ရှိနေပါက ထိုအိမ်ကိုဘုရားဆောင်ရွှေ့ခြင်းသို့မဟုတ်အိမ်အမိုးထပ်မြှင့်ခြင်းပြု အပ်၏။မကျန်းမမာဖြစ်တတ်၏ ။ဦးခေါင်း အပူတိုက်ဟုခေါ်ကြသည် ။သတိထားအပ်၏။
 
ကိုယ့်အိမ်၏ ဘေးဘယ်ညာအိမ်တို့မှဆူညံစကား ပြင်းသောအသံချဲ့စက်ဆောင်းဘောက်စ်အသံအဆဲအဆိုနူတ်ကြမ်းတမ်းခြင်းပြု လုပ်နေပါကထိုအိမ်သည် နတ်ဆိုးလှည်းအိမ်ဟုခေါ်သည်။အမင်္ဂလာအသံကြားတွင်ညပ်နေ၍ဖြစ်၏ ။မေတ္တသုတ် မပြတ်သရဇ္ဈယ်အပ်၏။
 
အလွန်စပ်စပ်စုစုနိူင်သော အိမ်နီးပါးချင်းငွေအချေးအငှားအလွန်ပက်စက်၍ပြန်ဆပ်လျှင်လက် အလွန်ခက်သောသူတို့နှင့်နေထိုင်ရပါကမရှိပါ ဟူသောစကားကိုလိမ်ညာပြောတတ်ရ၍သီလ မလုံသောကံကို စီရင်ဖန်တီးမိနေတတ်၍အလိမ္မာဖြင့် ဝစီကံထိမ်းထိမ်းသိမ်းသိမ်းသတိထားပြောရတတ်၏။ဝစီဗေဒထိတိုင်းရှ ဟူသည်နှင့်အညီကိုယ်ပါ ဆင်းရဲနွမ်းပါးလာတတ်၏ ။
 

ဖတ်ရှမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ
 
 
စီးပွားဥစ္စာ တိုးပွားစေဖို့ ဒီနေ့ ၊ဒီလတွေကိုရွေးပြီး အိမ်ဆောက်ပါ

နေအိမ် မျက်နှာမူရာအရပ်ဒေသကို လိုက်၍ ကံဇာတာအနိမ့်အမြင့် ခြားနားပုံ

ရွှေငွေအဝင်ကြမ်းစေမယ့် အိမ်ရှေ့တံခါး ပြင်ဆင်နည်း

 
Credit : Mdynews
Posted By : Sint Sint (ShweProperty.com)