By ကုမုဒြာ, Shweproperty.com
Updated at 21 June 2013
ယုဇနဥယျာဉ်မြို့တော်ဘက်မှာ တိုက်ခန်းဝယ်မယ်ဆိုရင် သိသင့်တဲ့အချက်တွေကို အိမ်ခြံမြေအသင်းမှ ပြန်ကြားရေးတာဝန်ခံ၊ ရွှေကံမြေ အိမ်ခြံမြေအကျိုးဆောင်မှ ဦးခင်မောင်အေးက ပြောပြပါတယ်။
ယုဇနဥယျာဉ်မြို့တော်ဘက်မှာ ပါမစ်မြေ၊ ဂရန်မြေတွေနဲ့ အိမ်ရာဝင်းတွေ၊ ပေ ၄၀ x ပေ ၆၀ အကွက်တွေရှိပါတယ်။ ပါမစ်မြေနဲ့ ဂရန်မြေကို ဝယ်မယ်ဆိုရင် သက်ဆိုင်ရာမြို့နယ်ရဲ့ အိုးအိမ်ဌာနမှာ စုံစမ်းဝယ်ယူရမှာဖြစ်ပါတယ်လို့ သိရပါတယ်။ အိမ်ရာဝင်းတွေမှာ ဝယ်မယ်ဆိုရင်တော့ သက်ဆိုင်ရာကုမ္ပဏီ အိမ်ရာဝင်းရဲ့ ပါမစ်ဆက်စပ်စာချုပ်တွေ ရှိပါတယ်။ အဲသည့်စာချုပ်တွေအရ ကုမ္ပဏီအထိသွားပြီး သေချာအောင် စစ်ဆေးရပါမယ်။ ပါမစ်ဆိုရင် နာမည်ပေါက် ချက်ချင်းလုပ်လို့မရသေးလို့ SP (special power) ယူထားရမှာဖြစ်ပြီး GP (general power) ကိုလည်း ယူထားလို့ရပါတယ်။ တိုက်ခန်းဆိုရင်လည်း ယုဇနက တိုက်ခန်းတွေဖြစ်တာကြောင့် ယုဇနကုမ္ပဏီမှာစုံစမ်းရမှာဖြစ်ပြီး အရောင်းအဝယ်ဆက်စပ်စာချုပ်တွေကို သေချာစုံစမ်းလေ့လာပြီးမှ ဝယ်ယူသင့်ပါတယ်။
Ref : ကုမုဒြာ
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties