By နှင်းနုဝေ, Shweproperty.com
Updated at 13 January 2014
ရန်ကုန်မြို့၏ နှစ်စဉ်အိမ်ရာအခန်း လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် မြို့ ကိုချဲ့ခြင်းထက် ရှိပြီးသားမြေပေါ်တွင် အထပ်မြင့်မြင့်အဆောက်အအုံများ ဆောက်လုပ်ခွင့်ရရန်လိုကြောင်း မြန်မာ နိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင် များအသင်း၏ အထွေထွေအတွင်းရေးမှူး ဦးရန်ဝင်းက ဒီဇင်ဘာ တတိယပတ်က ပြုလုပ်ခဲ့သော ရန်ကုန်မြို့၏ မြို့နယ်အလိုက် အဆိုပြုမြို့ပြအသုံးချမှုနှင့် အဆောက် အအုံ တည်ဆောက်မှုဇုန်များ အများပြည် သူနှင့်ဆိုင်သော အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
လက်ရှိတွင် ရန်ကုန်မြို့၌ နှစ်စဉ် အခန်းလိုအပ်ချက် နှစ်သောင်းကျော်ရှိနေ သော်လည်း တစ်နှစ်လျှင် အခန်းအရေ အတွက် စုစုပေါင်း ခုနစ်ထောင်ခန့်သာ ဆောက်လုပ်ပေးနိုင်ကြောင်း သိရသည်။
ဦးရန်ဝင်းက ''ရန်ကုန်မြို့မှာနှစ်စဉ် အခန်းလိုအပ်ချက်က ရှိနေတုန်းပဲ။ လူဦး ရေကလည်း ထပ်ထပ်ပြီးတိုးလာတယ်။ ဒီလို တိုးလာတဲ့သူတွေအတွက် အခန်း တွေကို ဖြည့်ဆည်းပေးဖို့ ဘယ်သူက ဖြည့်ဆည်းပေးမလဲ။ မြေကို ဘေးကို ချဲ့ဖို့ ထက် လက်ရှိရှိနေတဲ့မြေပေါ်မှာ အထပ် မြင့်မြင့်ဆောက်ခွင့်ရရင် အိမ်ရာလိုအပ် ချက်ကို ဖြေရှင်းပေးနိုင်မှာပါ'' ဟု ပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးအပါအဝင် အဖွဲ့အစည်းများပါဝင် ရေးဆွဲလျက်ရှိသော Zoning Law အရ ရန်ကုန်မြို့တွင် ၁၈ ထပ်၊ အထပ် ၂ဝ နှင့်အထက် အဆောက်အအုံများ တည် ဆောက်ခွင့်မရနိုင်တော့ကြောင်း၊ ထိုကြောင့် အဆိုပါ Zoning Law ကို ရန်ကိုမြို့တွင် တိုးပွားလာမည့် လူဦးရေ အခန်းလိုအပ်ချက်များအတွက် ရေရှည် သုံးနိုင်ရန် ရေးဆွဲသင့်ကြောင်း၊ ဦးရန်ဝင်း က ဆက်လက်၍ အကြံပြုပြောကြားခဲ့ သည်။
Zoning Law အရ ရန်ကုန်မြို့၏ မြို့မြေအသုံးချမှုဇုန်များ ခွဲခြားသတ် မှတ်ရာတွင် ဇုန် ၁၁ ဇုန် ခွဲခြားသတ်မှတ် ထားကြောင်း သိရသည်။
Ref : PYI MYANMAR
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties