By ဦးဇော်မြင့်ဦး, Shweproperty.com
Updated at 11 December 2014
အရောင်းအဝယ်ကိစ္စအတွက် ဥပဒေသဆောင်ပုဒ်တစ်ခု ရှိပါသည်။ "ဝယ်သူ သတိ" "LET THE BUYER BE WARE" ဖြစ်ပါသည်။ မြေ၊အိမ် ဝယ်ယူခြင်းသည် ဘဝတွင် အလွန် တန်ဖိုးကြီးသော ရင်းနှီးမှု၊ စွန့်စားမှု လည်းဖြစ်ပြီး အတိမ်းအဆောင်း အမှားအယွင်း လုံးဝမရှိရန် အရေးကြီးပေသည်။
ဝယ်သူ၏ တာဝန်များ ၁။ ဝယ်သူသာသိပြီး ရောင်းသူမသိသေးသော အရောင်းပစ္စည်း၏ အကျိုးခံစားခွင့် အမှန်ကို ဝယ်သူက ရောင်းသူကိုပြောရန်၊ ၂။ ရောင်းချခြင်းပြီးမြောက်သော အချိန်နှင့်နေရာတွင် ဝယ်သူက ငွေကိုပေးခြေရန်၊ ၃။ ပစ္စည်းပိုင်ဆိုင်မှုသည် ဝယ်သူထံရောက်သွားပြီးနောက် ရောင်းသူ၏ပယောဂကြောင့်မဟုတ်ဘဲ ပစ္စည်းပျက်စီးလျှင် ဝယ်သူ၏ တာဝန်သာဖြစ်သည်၊ ၄။ ပစ္စည်းပိုင်ဆိုင်မှုသည် ဝယ်သူထံရောက်သွားပြီးနောက် ပစ္စည်းအတွက်ပေးရမည့် အခွန်ငွေကို ဝယ်သူကပေးရန်၊ ၅။ ရောင်းသောပစ္စည်းသည် အပေါင်ထားသော ပစ္စည်းဖြစ်ပြီး ပစ္စည်းပိုင်ဆိုင်မှု ဝယ်သူထံရောက်သွားလျှင် ဝယ်သူထံရောက်ပြီးနောက် ကျသင့်သော အတိုးငွေကို ဝယ်သူကပေးရန်၊ ဝယ်သူ၏အခွင့်အရေးများ ၁။ ပစ္စည်းပိုင်ဆိုင်မှု ဝယ်သူထံရောက်သွားပြီးလျှင် ပစ္စည်းတန်ဖိုးတိုးဖွားလာမှု၊ ပွားများလာမှုနှင့် ငှားရမ်းခအမြတ်အစွန်းများကို ရခွင့်ရှိသည်။ ၂။ ပစ္စည်းကို လွှဲအပ်သည့်အခါ ဝယ်သူက အကြောင်းမဲ့ လက်မခံပဲ ငြင်းတာမျိုးမဟုတ်လျှင် ပေးခြေရမည့်ငွေနှင့် ဝယ်ငွေက အတိုးကို ခုနှိမ်ခွင့်ရှိသည်။ ဝယ်သူကလက်ခံပြီး ရောင်းသူကငြင်းနေလျှင် ပဋိညာဉ်အတည်ပြုပေးရန် တရားစွဲနိုင်သည်။ ကုန်ကျစရိတ်ကို ဝယ်ငွေက ခုနှိမ်နိုင်သည်။
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ