By Shwe Kyaw, Shweproperty.com
Updated at 20 May 2020
နိုင်ငံတော်အစိုးရအသစ်ပြောင်းလဲပြီးချိန်မှစ၍ ဝန်ကြီးဌာနများ အသစ်ဖွဲ့စည်းကာပြောင်းလဲအုပ်ချုပ်ခဲ့ပါသည်။
မြန်မာနိုင်ငံအတွင်းတွင်တည်ရှိသောမြေနေရာများကို စီမံခန့်ခွဲရာတွင်ပြဠာန်းထားသောနိုင်ငံတော်၏တည်ဆဲဥပဒေနှင့်အညီ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် စည်ပင်သာယာရေးကော်မတီများကခွဲခြမ်း၍ စီမံအုပ်ချုပ်လျက်ရှိပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၉၆၊ ပြည်ထောင်စုဥပဒေပြုစာရင်းဇယား (၁)အရ မြေယာစီမံခန့်ခွဲမှုနှင့်ရွာမြေ၊ မြို့မြေတို့ စီမံခန့်ခွဲရေးကို ပြည်ထောင်စုအစိုးရက စီမံဆောင်ရွက်ခွင့်ရှိပြီး ပုဒ်မ ၁၈၈၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဥပဒေပြုစာရင်းဇယား(၂)အရ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးတို့ကို တိုင်းဒေသကြီး၊ပြည်နယ်အစိုးရအဖွဲ့များကဆောင်ရွက်စီမံရပါသည်။
မြို့များ၊ရွာများ၊သာသနာ့သိမ်ကျာင်းမြေ၊မြစ်ကမ်းသဲသောင်မြေ၊ရေကန်မြေ၊သုသာန်မြေကျေးရွာမြေနှင့်စားကျက်မြေများကို ပြည်ထဲရေးဝန်ကြီးဌာနမှတာဝန်ယူစီမံခန့်ခွဲအုပ်ချုပ်လျက်ရှိပါသည်။
လယ်ယာမြေ၊မြေလွတ်၊မြေရိုင်းများကိုမူ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ယူလျက်ရှိပါသည်
သစ်တောကြိုးဝိုင်းများ၊ကြိုးပြင်ကာကွယ်ရေးတောများနှင့် သဘာဝထိန်းသိမ်းစောင့်ရှောက်ရေးသစ်တောနယ်မြေများကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပါသည်။
ဓာတ်သတ္ထုကန့်သတ်နယ်မြေများနှင့် ရတနာကျောက်မျက်တွင်းထွက်နယ်မြေများကိုမူ သတ္ထုဝန်ကြီးဌာနမှ ဦးစီးလျက်ရှိပါသည်။ရေနံထွက်မြေများကို စွမ်းအင်ဝန်ကြီးဌာနမှ အုပ်ချုပ်လျက်ရှိသည်။
ယဉ်ကျေးမှုအမွေအနှစ်ဒေသ၊ ထိုဒေသရှိထိန်းသိမ်းစောင့်ရှောက်သောမြေများ(ရှေးဟောင်းအထိမ်းအမှတ်အဆောက်အအုံတည်ရှိရာတွင်ကာကွယ်ထိန်းသိမ်းထားသောဇုန်မြေများကို ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဦးစီးဆောင်ရွက်လျက်ရှိသည်။
လမ်းဥပဒေပါလမ်းမြေများ၊နိုင်ငံတော်အစိုးရ၏ခွင့်ပြုချက်ဖြင့်မြေကွက်များဖော်ထုတ်ပြီး အိမ်ရာဆောက်လုပ်ခြင်း၊ စက်မှုဇုန်များ၊လူနေရပ်ကွက်အသစ်များဖော်ထုတ်သည့်မြေများကိုဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူလျက်ရှိပါသည်။
ရထားလမ်းမြေများနှင့် မြစ်ချောင်းနယ်၊ကမ်းပါးကမ်းနားမြေများကို ရထားနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနမှ အုပ်ချုပ်ဆောင်ရွက်နေသည်။
ငါးလုပ်ငန်းရေပြင်၊ ငါးမွေးမြူရေးမြေများ၊ သီးသန့်ငါးလုပ်ငန်းရေပြင်၊ရေချိုငါးလုပ်ငန်းရေပြင်များကိုမူ မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ အုပ်ချုပ်လျက်ရှိသည်။
နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီများကမူ စည်ပင်သာယာရေးနယ်နိမိတ်အတွင်းတွင်ရှိသော စည်ပင်မြေများ၊ စည်ပင်မှ စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေများ၊ တည်ဆဲဥပဒေနှင့်အညီ စည်ပင်မှ လွှဲပြောင်းရရှိထားသောမြေများ၊ ပုဂ္ဂလိကမြေများ၊နိုင်ငံတော်ပိုင်မြေများကို ဦးစီးလျက်ရှိသည်။
Written By: Shwe Kyaw (ShweProperty.com)
Posted By: Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ