By Sint Sint, Shweproperty.com
Updated at 12 August 2020
မိမိတို့ နေအိမ်ကို လာဘ်ပိတ်စေတတ်သော အချက်များ ဖတ်ထားသင့်ပါတယ်ခင်ဗျ။
၁။ မီးဖိုအား စလောင်းဖုံးအုပ်ခြင်း
၂။ အိမ်ထောင်ဦးစီး လင်ယောင်္ကျားအား နိမ့်ကျသော နေရာတွင်ထားခြင်း
၃။ မိမိ ဇနီးသည်အား ညာဘက်တွင် အိပ်စေခြင်း
၄။ စားသောက်သော အိုးခွက်ပန်းကန်များအား လွှင့်ပြစ်ခြင်း
၅။ ထမင်း ဟင်း ချက်ရင်း သီချင်းဆိုခြင်း
၆။ နေဝင်ခါစ အချိန်တွင် အိပ်စက်ခြင်း
၇။ နေဝင် မိုးချုပ် လေချွန်ခြင်း
၈။ နေမထွက်ခင် ကြွေးပေး ကြွေးယူ ကြွေတောင်း ခံရခြင်း
၉။ နေဝင် နေထွက်ချိန် သန်းရှာခြင်း
၁၀။ နေဝင် နေထွက်ချိန် ကလေးများအား ရိုက်ခြင်း
၁၁။ နေမွန်းတည့်ချိန် တိရိစ္ဆာန်များအား သတ်ဖြတ်ခြင်း
၁၂။ နေဝင် နေထွက်ချိန်တွင် ကျိန်စာတိုက်ခြင်း
၁၃။ အမျိုးသမီးများ မိုးချုပ်ချိန် ဆံပင် ဖားလျှားဖြင့် အပြင်သို့သွားခြင်း
၁၄။ အမျိုးသမီးများ၏ မသန့်ရှင်းသော ပစ္စည်း များကို အိမ်ဦးခန်း၌ ထားခြင်း စွန့်ပစ်ခြင်း
၁၅။ မိမိ ဝတ်သော ပုဆိုး ထမိန်ဖြင့် မျက်နှာ သုတ်ခြင်း
၁၆။ အိမ်အပေါက်အား နောက်ပြန်ဝင်ခြင်း
၁၇။ မျက်နှာမသစ်ပဲ အစာစားခြင်း
၁၈။ မိမိခန္ဓာကိုယ်မှ အမွှေး အမျှင်နှင့် မသန့်ရှင်းသော ပစ္စည်းများ အိမ်အတွင်းစွန့်ပစ်ခြင်း
၁၉။ သောက်ရေအိုး ရေမလဲပဲခြောက်နေခြင်း
၂၀။ သောက်ရေအိုးမှ ရေကို ထမင်းဟင်းချက်ရာတွင် သုံးခြင်း
၂၁။ လင်သားအား စိတ်ဆိုး၍ ကျောခိုင်းအိပ်ခြင်း
၂၂။ သားသမီး ဇနီးကို လင်သားက ငွေ (သို့) အစားအစာ ပစ်ပေးခြင်း
၂၃။ အဝတ်အစားများ ပြောင်းပြန်ဝတ်ခြင်း
၂၄။ အိမ်အပေါက်အား ကျောခိုင်းထိုင်ခြင်း
၂၅။ ထမင်းစားရင်း အိပ်ငိုက်ခြင်း
၂၆။ အိမ်၏ မျက်နှာစာတွင် ကလေးငယ်အား အပေါ့အလေး စွန့်ခိုင်းခြင်း
၂၇။ ထမင်းရည်ပူအား မြေကြီးပေါ်သို့ တိုက်ရိုက်ငှဲ့ချခြင်း
၂၈။ မိမိအိမ်သို့လာသော တောင်းစားသူများအား ဆဲဆိုလွှတ်ခြင်း
၂၉။ အိမ်သာတက်ရင်း အစားစားခြင်း
၃၀။ စားသောက်ပြီး အိုးခွက် ပန်းကန်များကို အချိန်ကြာမြင့်စွာ မဆေးပဲထားခြင်း
၃၁။ အိုးခွက် ပန်းကန်များကို တီး၍ သီချင်းဆိုခြင်း
၃၂။ အိမ်ရှေ့တည့်တည့်တွင် ထမိန် စကတ်များကို လှန်းခြင်း ချွတ်ထားခြင်း
၃၃။ မိမိအိမ်တွင် မွေးမြူထားသော တိရိစ္ဆာန်များအား အစာမကျွေးပဲ လှောင်ထားခြင်း ရိုက်နှက်ခြင်းတို့ကိုရှောင်ပါ
Credit : shwewiki
Photo Credit : Dotproperty
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ