By Sint Sint, Shweproperty.com
Updated at 2 December 2020
Unicode
“၁၀ ပေ x ပေ ၆၀ မြေကွက် တွေ အဝယ်လိုက်နေတယ် ဆရာ၊ အဲဒါ တရားဝင်ပိုင်ဆိုင်မှုရှိပါသလား” ဟု မိတ်ဆွေတစ်ဦး၏ သားဖြစ်သူက စာရေးသူထံ လာရောက်ဆွေးနွေးတိုင်ပင်ခြင်းဖြစ်ပါသည်။
“မြေကွက်ကတော့ ခွဲစိတ်လို့ မရဘူး။ ဒါပေမယ့် တရားဝင်ပိုင်ဆိုင် ခွင့်ရအောင်တော့ ဆောင်ရွက်လို့ရပါ တယ်”
“မြေကွက် ခွဲစိတ်လို့ မရဘူးဆိုတာက ဘာကိုဆိုလိုတာလဲ ဆရာ”
“ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီရဲ့ လုပ်ထုံးလုပ် နည်းဆိုင်ရာ နည်းဥပဒေအရ ၁၂၀၀ စတုရန်းပေရှိတဲ့ မြေကွက်အဖြစ်သာ မြေကို ခွဲစိတ်ပေးနိုင်မှာ ဖြစ်တယ်။ ဧရိယာစတုရန်းပေ ၁၂၀၀ အောက် မြေကွက်အဖြစ် မြေကို ခွဲစိတ်ပေးနိုင် မှာ ဖြစ်တယ်။ ဧရိယာစတုရန်းပေ ၁၂၀၀ အောက် မြေကွက်အဖြစ် မြေ ကို ခွဲစိတ်ပေးခွင့်မရှိဘူး။ ဒါကြောင့် ၁၀ ပေ x ပေ ၆၀ မြေကွက်ဟာ ဧရိယာစတုရန်း ပေ (၆၀၀) သာရှိတဲ့ အတွက် မြေခွဲဝေပြီး မြေပုံမထွက်ပါ ဘူး။ ဂရန်လည်း မထွက်ပါဘူး””
“ဒါဆိုရင် အနည်းဆုံးမြေ ဧရိယာ စတုရန်းပေ ၁၂၀၀ ရှိရမယ် ဖြစ်လို့ ပေ ၂၀ x ပေ ၆၀ မြေကွက်တော့ ခွဲစိတ်အမည်ထွက်နိုင်တာပေါ့”
“မှန်ပါတယ်။ ဒါကြောင့် မူလ ဂရန်မြေ ပေ ၄၀ x ပေ ၆၀ မြေကွက်တွေကို ပေ ၂၀ x ပေ ၆၀အဖြစ် နှစ်ကွက်ခွဲစိတ်ပြီး ရောင်းချကြပါတယ်။ ဥပဒေနဲ့ ညီညွတ်တဲ့အတွက် ဂရန်ကိုလည်း နှစ်ကွက်ခွဲပြီး မြေ ကွက်နံပါတ်တစ်ခုစီအဖြစ် ခွဲထွက်ထုတ်ပေးပါတယ်”
“ပေ ၂၀ x ပေ ၆၀ မြေကွက် ကို တရားဝင် ခွဲစိတ်လို့မရရင် ခွဲစိတ် ပြီး ရောင်းချတဲ့ မြေကွက် ၁၀ ပေ x ပေ ၆၀ ဟာ ပေ ၂၀ x ပေ ၆၀ ဂရန်မြေကွက်ထဲမှာပဲ ရှိနေမှာပေါ့”
“ဟုတ်ပါတယ်။ မြေကို ခွဲစိတ် လို့ မရတဲ့အတွက် ဝယ်သူရဲ့ အမည်လည်း ပေါက်မှာ မဟုတ်ပါဘူး”
“ပေ ၂၀ x ပေ ၆၀ ဂရန် အမည်ပေါက်အနေနဲ့ပဲ ရှိနေမှာလား ဆရာ””
“မှန်ပါတယ်။ မူလဂရန် အမည်ပေါက်ဆီက ဝယ်ထားပေမယ့် ဂရန်အမည်မပြောင်းထားတဲ့ မြေကွက်တွေဆိုရင် အခက်အခဲတွေ့နိုင်တာပေါ့”
ဆရာပြောတာက ဂရန်အမည် ပေါက်ဆီမှတစ်ဆင့် ဝယ်ထားတဲ့ကိစ္စမျိုးလား ဆရာ၊ ဘယ်လိုပါလဲ”
“ဥပမာပြောရရင် ပေ ၂၀ x ပေ ၆၀ မြေကွက်ကို မူလဂရန်အမည် ပေါက်ဆီမှ တစ်ဦးတစ်ယောက်က ဝယ်ထားမယ်။ ဒါပေမယ့် ပိုင်ရှင် အမည်ပေါက် ပြောင်းမထားဘူး”
“အရပ် စာချုပ်နဲ့ ဝယ်တဲ့ သဘောပေါ့”
“ဟုတ်ပါတယ်။ အဲဒီ ပုဂ်္ဂိုလ်က နောက်တစ်ဦးကို ထပ်ရောင်းမယ်။ ဒုတိယအကြိမ်ဝယ်သူကလည်း မြေ အမည်ပေါက်မပြောင်းဘူး။ ဒါပေမယ့် သူက ငွေလိုတယ်ဆိုပြီး ပေ ၂၀ x ပေ ၆၀ မြေကွက်ကို ၁၀ ပေ x ပေ ၆၀ မြေခွဲရောင်းတယ်။ အဲဒီမှာတော့ ၁၀ ပေ x ပေ ၆၀ မြေကွက် ဝယ်သူအနေနဲ့ တရားဝင်ပိုင်ဆိုင်မှု အတွက် အခက်အခဲရှိလာနိုင်တာပေါ့”
“ရောင်းသူကိုယ်တိုင်ကလည်း ဂရန်အမည်မပေါက်ဘူးမို့လား။ အရပ်စာချုပ် အဆင့်ဆင့်နဲ့ပဲ ဝယ်ခဲ့ကြတာ မဟုတ်လား”
“လက်ရောက်ရယူ နေထိုင်ကြတာဖြစ်တဲ့အတွက် အချင်းချင်းပြေလည်နေကြမယ်။ အမွေဆက်ခံခွင့်တွေ အငြင်းပွားမှုမရှိကြဘဲ ပြဿနာတစ်စုံတစ်ရာမဖြစ်ရင်တော့ အဆင်ပြေနေတာပေါ့။ ဒါပေမယ့်အကြောင်း တစ်ခုခုကြောင့် မြေပိုင်ဆိုင်မှုတစ်စုံ တစ်ရာ အငြင်းပွားမှုဖြစ်လာရင်တော့ ဥပဒေနဲ့အညီ မှတ်ပုံတင်အရောင်း အဝယ် စာချုပ် ချုပ်ဆိုထားတာ မဟုတ်လို့ အရှုပ်အထွေးကို ဖြေရှင်း ရမှာ ဖြစ်ပါတယ်”
“ဒီလို ဆရာရယ်။ ကျွန်တော့် ဇနီးဘက်က ဆွေမျိုးနီးစပ်တော်တယ် ဆိုပါတော့”
“အင်း - ဆက်ပြောပါဦး”
“သူ့အမေက ခုနစ်ဆယ်ကျော်နေပြီ။ ဒူးကလည်း နာနေတော့ အခုနေတဲ့ ငါးထပ်တိုက်ခန်းကို တက်ဖို့ အခက်အခဲဖြစ်လာတယ်။ ဒါနဲ့ မြေနဲ့ အိမ်ဝယ်ဖို့ စိတ်ကူးတာ ဆရာ”
“ကောင်းတာကတော့ ပေ ၂၀ x ပေ ၆၀ မြေကွက်ကို ဝယ်သင့် တယ်လို့ အကြံပြုချင်တယ်”
“ငွေကြေးကလည်း အကုန်မသုံးချင်ဘူး ဆရာ။ တိုက်ခန်းကိုရောင်းပြီး ဝယ်ရမယ်ဆိုတော့ သူတို့လည်း စဉ်း စားတယ် ထင်ပါတယ်။ အမေကြီးရဲ့ ကျန်းမာရေးကလည်း ရှိသေးတယ်”
“မှန်ပါတယ်။ အိုနာစာဆိုတာလို ဆေးကုသစရိတ်က စုဆောင်းထားရမယ့် ခေတ်ကာလမဟုတ်လား”
“ဟုတ်ကဲ့ ဆရာ။ ဒါနဲ့ ၁၀ ပေ x ပေ ၆၀ မြေကွက်ပေါ်မှာ နှစ်ထပ် ခွဲတိုက် ဆောက်ထားတာကို မိတ်ဆွေ တစ်ဦးက ခေါ်ပြလို့ သဘောကျသွားတယ် ဆရာ”
“အရောင်းအဝယ်တော့ မဖြစ်သေးဘူး မဟုတ်လား။ ဒဂုံမြို့သစ်မှာလား”
“တောင်ဥက္ကလာဘက်မှာ ဆရာ၊ တိုက်ကလေးကဆောက်ထားတာ မကြာသေးဘူး ဆရာ။ အရောင်းအ ဝယ်ဖြစ်ရင် ဘယ်လို ဆောင်ရွက်ရမယ်ဆိုတာကို ဆရာ့ဆီ တိုင်ပင်တာပါ ဆရာ”
“အစောကပြောသလို ဂရန်မြေလား၊ ပါမစ်မြေလား ပထမဆုံး စိစစ်ဖို့ လိုတယ်”
“ဂရန်မြေတော့ ဟုတ်တယ် ဆရာ။ ကျွန်တော်ကိုယ်တိုင်မူရင်း ဂရန်စာရွက်ကိုကြည့်ခဲ့တယ်။ ပြီးတော့ ဂရန်မူရင်းလည်း ပေးထားမယ် ပြောတယ်”
“ဒါဆိုရင် အခြားကပ်လျက် ၁၀ ပေ x ပေ ၆၀ မြေကွက်က ဘယ်လို ရောင်းထားတယ်လို့ ပြောသလဲ”
“ရောင်းထားတာ မဟုတ်ဘူး ဆရာ။ အဲဒီ အိမ်ဘက်မှာ သူတို့က နေမှာ၊ အခုရောင်းတဲ့ မြေကွက်မှာ တိုက်အသစ်ဆောက်ပြီး ရောင်းတဲ့ သဘောဆရာ”
“ဂရန်အမည်ပေါက် ကိုယ်တိုင်ရောင်းတဲ့ သဘောပေါ့””
“ဟုတ်ပါတယ် ဆရာ”
“ဒါဆိုရင်တော့ တရားဝင် အရောင်းအဝယ်မှတ်ပုံတင် စာချုပ် ချုပ် ထားရင်ပိုပြီး ခိုင်မာပါလိမ့်မယ်”
“၁၀ ပေ x ၆၀ ပေ မြေကွက်နဲ့ အိမ်ကို မှတ်ပုံတင် အရောင်းအဝယ် စာချုပ် ချုပ်ဆိုလို့ရပါသလား ဆရာ”
“ရပါတယ်။ ချုပ်ထားသင့်တယ် ထင်တယ်”
“ဂရန်မူရင်း ပေးထားမယ်ဆိုတော့ အရောင်းအဝယ် မှတ်ပုံတင်စာချုပ် ချုပ်ဖို့ လိုအပ်ပါသေးလား ဆရာ။ အရပ်စာချုပ် ချုပ်ဆိုပြီး လက်ရောက်ရယူထားရင် ဖြစ်တယ် မဟုတ်လား”
“ဆရာအနေနဲ့ကတော့ ဥပဒေနဲ့အညီ ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာပဲ အကြံပေးနိုင်တယ်။ ကျန်တဲ့ အပိုင်းကတော့ ဝယ်သူရဲ့ အပိုင်းဖြစ်သွားပြီ။ တချို့ကလည်း တိုက်ခန်းက မြေမပိုင်ဘူး၊ နေပိုင်ခွင့်သာရတာ။ ပေ ၁၀ x ပေ ၆၀ မြေဖြစ်ပေမယ့် မြေနဲ့ အိမ်ကပိုင်ပိုင်နိုင်နိုင်ရှိတယ်ဆို ပြီး ဝယ်နေကြတာ ဖြစ်တယ်”
“အချို့ တိုက်ခန်းတွေက ၁၂ ပေ x ပေ ၅၀ ရှိတဲ့ တိုက်ခန်းတွေလည်း ရှိနေတော့၊ အခုလို မြေနဲ့ နှစ် ထပ် သုံးထပ်ပေါ့ ဆရာ။ တိုက် ကလေးဆိုတော့ နေပျော်တယ်ဆိုပြီး သုံးသပ်ကြတာပေါ့”
“အခုကိစ္စက ဂရန်စာချုပ် မူရင်း ပေးထားမယ်ဆိုလို့ကိုး။ တချို့က ဂရန် စာချုပ် မိတ္တူပဲ ပေးထားတာ မျိုး ရှိတတ်တယ်။ အဲဒါမျိုးဆိုရင် တော့ စာချုပ်စာတမ်းရုံးမှာ ပေ ၂၀ x ပေ ၆၀ မြေကွက်ထဲမှ မခွဲစိတ်ရသေးသော မြေ ၁၀ ပေ x ပေ ၆၀ ကို ဝယ်ယူကြောင်း မှတ်ပုံတင်အ ရောင်းအဝယ် စာချုပ် ချုပ်ဆိုထားသင့်တယ်”
“ခွဲစိတ်လို့ မရဘူးဆိုတော့ မြေ ပုံက ဘယ်လိုဖြစ်နိုင်သလဲ ဆရာ”
“မြေကွက်ကို ရောင်းသူက ဂရန်အမည်ပေါက်ဆိုရင်တော့ ပိုပြီး အဆင်ပြေတာပေါ့။ ဂရန်အမည်ပေါက် ပေ ၂၀ x ပေ ၆၀ မြေကွက်မြေပုံကို အရောင်းမြေပုံထုတ်ပေးရန် သက်ဆိုင်ရာ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ မြေယာဌာနမှာ ဂရန်အမည်ပေါက်ကိုယ်တိုင် လျှောက်ထားရမယ်”
“အရောင်းမြေပုံက ပေ ၂၀ x ပေ ၆၀ မြေကွက်နဲ့ ထွက်လာမှာပေါ့ ဆရာ”
“မှန်ပါတယ်။ အဲဒီ ပေ ၂၀ x ပေ ၆၀ မြေကွက် မြေပုံမှာ ၁၀ ပေ x ပေ ၆၀ မြေကွက်ပုံစံအလယ်မှ မျဉ်းသားပြီး အရောင်ခြယ်ကာ၊ ယင်း အရောင်ခြယ်ထားသော မခွဲစိတ်ရသေးသည့် မြေကွက် ၁၀ ပေ x ပေ ၆၀ ကို ရောင်းကြောင်းမှတ်ပုံတင် စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင် အရောင်းအဝယ်စာချုပ် ချုပ်ဆိုလို့ရပါတယ်”
“ဒါဆိုရင် ဂရန်မူရင်းမရှိသည့် တိုင် ပိုင်ဆိုင်တဲ့ အထောက်အထား စာရွက်စာတမ်းတော့ ပြည့်စုံသွားပြီပေါ့”
“ဒါကြောင့် နားလည်တဲ့ ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ဆောင်ရွက်ကြပါလို့ တိုက်တွန်းအကြံပေးချင်ပါ တယ်”ဟု ဆွေးနွေးလိုက်ပါသည်။
ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ
အိမ်ခြံမြေဝယ်ယူလိုသူများ သတိပြုစရာ မြေဝယ်လျှင် သတိပြုသင့်သည့် စာရွက်စာတမ်းအတုများ
အိမ် မြေ တိုက်ခန်းများအား ဝယ်ဖို့စရန်ပေးပြီးလျှင် ထပ်မံ ပြန်ရောင်းလို့ ရလား
ပါမစ်မြေ ဝယ်ယူခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာ
Zawgyi
“၁၀ ေပ x ေပ ၆၀ ေျမကြက္ ေတြ အဝယ္လိုက္ေနတယ္ ဆရာ၊ အဲဒါ တရားဝင္ပိုင္ဆိုင္မႈရွိပါသလား” ဟု မိတ္ေဆြတစ္ဦး၏ သားျဖစ္သူက စာေရးသူထံ လာေရာက္ေဆြးေႏြးတိုင္ပင္ျခင္းျဖစ္ပါသည္။
“ေျမကြက္ကေတာ့ ခြဲစိတ္လို႔ မရဘူး။ ဒါေပမယ့္ တရားဝင္ပိုင္ဆိုင္ ခြင့္ရေအာင္ေတာ့ ေဆာင္႐ြက္လို႔ရပါ တယ္”
“ေျမကြက္ ခြဲစိတ္လို႔ မရဘူးဆိုတာက ဘာကိုဆိုလိုတာလဲ ဆရာ”
“ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာ ယာေရးေကာ္မတီရဲ႕ လုပ္ထုံးလုပ္ နည္းဆိုင္ရာ နည္းဥပေဒအရ ၁၂၀၀ စတုရန္းေပရွိတဲ့ ေျမကြက္အျဖစ္သာ ေျမကို ခြဲစိတ္ေပးႏိုင္မွာ ျဖစ္တယ္။ ဧရိယာစတုရန္းေပ ၁၂၀၀ ေအာက္ ေျမကြက္အျဖစ္ ေျမကို ခြဲစိတ္ေပးႏိုင္ မွာ ျဖစ္တယ္။ ဧရိယာစတုရန္းေပ ၁၂၀၀ ေအာက္ ေျမကြက္အျဖစ္ ေျမ ကို ခြဲစိတ္ေပးခြင့္မရွိဘူး။ ဒါေၾကာင့္ ၁၀ ေပ x ေပ ၆၀ ေျမကြက္ဟာ ဧရိယာစတုရန္း ေပ (၆၀၀) သာရွိတဲ့ အတြက္ ေျမခြဲေဝၿပီး ေျမပုံမထြက္ပါ ဘူး။ ဂရန္လည္း မထြက္ပါဘူး””
“ဒါဆိုရင္ အနည္းဆုံးေျမ ဧရိယာ စတုရန္းေပ ၁၂၀၀ ရွိရမယ္ ျဖစ္လို႔ ေပ ၂၀ x ေပ ၆၀ ေျမကြက္ေတာ့ ခြဲစိတ္အမည္ထြက္ႏိုင္တာေပါ့”
“မွန္ပါတယ္။ ဒါေၾကာင့္ မူလ ဂရန္ေျမ ေပ ၄၀ x ေပ ၆၀ ေျမကြက္ေတြကို ေပ ၂၀ x ေပ ၆၀အျဖစ္ ႏွစ္ကြက္ခြဲစိတ္ၿပီး ေရာင္းခ်ၾကပါတယ္။ ဥပေဒနဲ႔ ညီၫြတ္တဲ့အတြက္ ဂရန္ကိုလည္း ႏွစ္ကြက္ခြဲၿပီး ေျမ ကြက္နံပါတ္တစ္ခုစီအျဖစ္ ခြဲထြက္ထုတ္ေပးပါတယ္”
“ေပ ၂၀ x ေပ ၆၀ ေျမကြက္ ကို တရားဝင္ ခြဲစိတ္လို႔မရရင္ ခြဲစိတ္ ၿပီး ေရာင္းခ်တဲ့ ေျမကြက္ ၁၀ ေပ x ေပ ၆၀ ဟာ ေပ ၂၀ x ေပ ၆၀ ဂရန္ေျမကြက္ထဲမွာပဲ ရွိေနမွာေပါ့”
“ဟုတ္ပါတယ္။ ေျမကို ခြဲစိတ္ လို႔ မရတဲ့အတြက္ ဝယ္သူရဲ႕ အမည္လည္း ေပါက္မွာ မဟုတ္ပါဘူး”
“ေပ ၂၀ x ေပ ၆၀ ဂရန္ အမည္ေပါက္အေနနဲ႔ပဲ ရွိေနမွာလား ဆရာ””
“မွန္ပါတယ္။ မူလဂရန္ အမည္ေပါက္ဆီက ဝယ္ထားေပမယ့္ ဂရန္အမည္မေျပာင္းထားတဲ့ ေျမကြက္ေတြဆိုရင္ အခက္အခဲေတြ႕ႏိုင္တာေပါ့”
ဆရာေျပာတာက ဂရန္အမည္ ေပါက္ဆီမွတစ္ဆင့္ ဝယ္ထားတဲ့ကိစၥမ်ိဳးလား ဆရာ၊ ဘယ္လိုပါလဲ”
“ဥပမာေျပာရရင္ ေပ ၂၀ x ေပ ၆၀ ေျမကြက္ကို မူလဂရန္အမည္ ေပါက္ဆီမွ တစ္ဦးတစ္ေယာက္က ဝယ္ထားမယ္။ ဒါေပမယ့္ ပိုင္ရွင္ အမည္ေပါက္ ေျပာင္းမထားဘူး”
“အရပ္ စာခ်ဳပ္နဲ႔ ဝယ္တဲ့ သေဘာေပါ့”
“ဟုတ္ပါတယ္။ အဲဒီ ပုဂ္ၢိဳလ္က ေနာက္တစ္ဦးကို ထပ္ေရာင္းမယ္။ ဒုတိယအႀကိမ္ဝယ္သူကလည္း ေျမ အမည္ေပါက္မေျပာင္းဘူး။ ဒါေပမယ့္ သူက ေငြလိုတယ္ဆိုၿပီး ေပ ၂၀ x ေပ ၆၀ ေျမကြက္ကို ၁၀ ေပ x ေပ ၆၀ ေျမခြဲေရာင္းတယ္။ အဲဒီမွာေတာ့ ၁၀ ေပ x ေပ ၆၀ ေျမကြက္ ဝယ္သူအေနနဲ႔ တရားဝင္ပိုင္ဆိုင္မႈ အတြက္ အခက္အခဲရွိလာႏိုင္တာေပါ့”
“ေရာင္းသူကိုယ္တိုင္ကလည္း ဂရန္အမည္မေပါက္ဘူးမို႔လား။ အရပ္စာခ်ဳပ္ အဆင့္ဆင့္နဲ႔ပဲ ဝယ္ခဲ့ၾကတာ မဟုတ္လား”
“လက္ေရာက္ရယူ ေနထိုင္ၾကတာျဖစ္တဲ့အတြက္ အခ်င္းခ်င္းေျပလည္ေနၾကမယ္။ အေမြဆက္ခံခြင့္ေတြ အျငင္းပြားမႈမရွိၾကဘဲ ျပႆနာတစ္စုံတစ္ရာမျဖစ္ရင္ေတာ့ အဆင္ေျပေနတာေပါ့။ ဒါေပမယ့္အေၾကာင္း တစ္ခုခုေၾကာင့္ ေျမပိုင္ဆိုင္မႈတစ္စုံ တစ္ရာ အျငင္းပြားမႈျဖစ္လာရင္ေတာ့ ဥပေဒနဲ႔အညီ မွတ္ပုံတင္အေရာင္း အဝယ္ စာခ်ဳပ္ ခ်ဳပ္ဆိုထားတာ မဟုတ္လို႔ အရႈပ္အေထြးကို ေျဖရွင္း ရမွာ ျဖစ္ပါတယ္”
“ဒီလို ဆရာရယ္။ ကြၽန္ေတာ့္ ဇနီးဘက္က ေဆြမ်ိဳးနီးစပ္ေတာ္တယ္ ဆိုပါေတာ့”
“အင္း - ဆက္ေျပာပါဦး”
“သူ႔အေမက ခုနစ္ဆယ္ေက်ာ္ေနၿပီ။ ဒူးကလည္း နာေနေတာ့ အခုေနတဲ့ ငါးထပ္တိုက္ခန္းကို တက္ဖို႔ အခက္အခဲျဖစ္လာတယ္။ ဒါနဲ႔ ေျမနဲ႔ အိမ္ဝယ္ဖို႔ စိတ္ကူးတာ ဆရာ”
“ေကာင္းတာကေတာ့ ေပ ၂၀ x ေပ ၆၀ ေျမကြက္ကို ဝယ္သင့္ တယ္လို႔ အႀကံျပဳခ်င္တယ္”
“ေငြေၾကးကလည္း အကုန္မသုံးခ်င္ဘူး ဆရာ။ တိုက္ခန္းကိုေရာင္းၿပီး ဝယ္ရမယ္ဆိုေတာ့ သူတို႔လည္း စဥ္း စားတယ္ ထင္ပါတယ္။ အေမႀကီးရဲ႕ က်န္းမာေရးကလည္း ရွိေသးတယ္”
“မွန္ပါတယ္။ အိုနာစာဆိုတာလို ေဆးကုသစရိတ္က စုေဆာင္းထားရမယ့္ ေခတ္ကာလမဟုတ္လား”
“ဟုတ္ကဲ့ ဆရာ။ ဒါနဲ႔ ၁၀ ေပ x ေပ ၆၀ ေျမကြက္ေပၚမွာ ႏွစ္ထပ္ ခြဲတိုက္ ေဆာက္ထားတာကို မိတ္ေဆြ တစ္ဦးက ေခၚျပလို႔ သေဘာက်သြားတယ္ ဆရာ”
“အေရာင္းအဝယ္ေတာ့ မျဖစ္ေသးဘူး မဟုတ္လား။ ဒဂုံၿမိဳ႕သစ္မွာလား”
“ေတာင္ဥကၠလာဘက္မွာ ဆရာ၊ တိုက္ကေလးကေဆာက္ထားတာ မၾကာေသးဘူး ဆရာ။ အေရာင္းအ ဝယ္ျဖစ္ရင္ ဘယ္လို ေဆာင္႐ြက္ရမယ္ဆိုတာကို ဆရာ့ဆီ တိုင္ပင္တာပါ ဆရာ”
“အေစာကေျပာသလို ဂရန္ေျမလား၊ ပါမစ္ေျမလား ပထမဆုံး စိစစ္ဖို႔ လိုတယ္”
“ဂရန္ေျမေတာ့ ဟုတ္တယ္ ဆရာ။ ကြၽန္ေတာ္ကိုယ္တိုင္မူရင္း ဂရန္စာ႐ြက္ကိုၾကည့္ခဲ့တယ္။ ၿပီးေတာ့ ဂရန္မူရင္းလည္း ေပးထားမယ္ ေျပာတယ္”
“ဒါဆိုရင္ အျခားကပ္လ်က္ ၁၀ ေပ x ေပ ၆၀ ေျမကြက္က ဘယ္လို ေရာင္းထားတယ္လို႔ ေျပာသလဲ”
“ေရာင္းထားတာ မဟုတ္ဘူး ဆရာ။ အဲဒီ အိမ္ဘက္မွာ သူတို႔က ေနမွာ၊ အခုေရာင္းတဲ့ ေျမကြက္မွာ တိုက္အသစ္ေဆာက္ၿပီး ေရာင္းတဲ့ သေဘာဆရာ”
“ဂရန္အမည္ေပါက္ ကိုယ္တိုင္ေရာင္းတဲ့ သေဘာေပါ့””
“ဟုတ္ပါတယ္ ဆရာ”
“ဒါဆိုရင္ေတာ့ တရားဝင္ အေရာင္းအဝယ္မွတ္ပုံတင္ စာခ်ဳပ္ ခ်ဳပ္ ထားရင္ပိုၿပီး ခိုင္မာပါလိမ့္မယ္”
“၁၀ ေပ x ၆၀ ေပ ေျမကြက္နဲ႔ အိမ္ကို မွတ္ပုံတင္ အေရာင္းအဝယ္ စာခ်ဳပ္ ခ်ဳပ္ဆိုလို႔ရပါသလား ဆရာ”
“ရပါတယ္။ ခ်ဳပ္ထားသင့္တယ္ ထင္တယ္”
“ဂရန္မူရင္း ေပးထားမယ္ဆိုေတာ့ အေရာင္းအဝယ္ မွတ္ပုံတင္စာခ်ဳပ္ ခ်ဳပ္ဖို႔ လိုအပ္ပါေသးလား ဆရာ။ အရပ္စာခ်ဳပ္ ခ်ဳပ္ဆိုၿပီး လက္ေရာက္ရယူထားရင္ ျဖစ္တယ္ မဟုတ္လား”
“ဆရာအေနနဲ႔ကေတာ့ ဥပေဒနဲ႔အညီ ဘယ္လိုေဆာင္႐ြက္ရမယ္ဆိုတာပဲ အႀကံေပးႏိုင္တယ္။ က်န္တဲ့ အပိုင္းကေတာ့ ဝယ္သူရဲ႕ အပိုင္းျဖစ္သြားၿပီ။ တခ်ိဳ႕ကလည္း တိုက္ခန္းက ေျမမပိုင္ဘူး၊ ေနပိုင္ခြင့္သာရတာ။ ေပ ၁၀ x ေပ ၆၀ ေျမျဖစ္ေပမယ့္ ေျမနဲ႔ အိမ္ကပိုင္ပိုင္ႏိုင္ႏိုင္ရွိတယ္ဆို ၿပီး ဝယ္ေနၾကတာ ျဖစ္တယ္”
“အခ်ိဳ႕ တိုက္ခန္းေတြက ၁၂ ေပ x ေပ ၅၀ ရွိတဲ့ တိုက္ခန္းေတြလည္း ရွိေနေတာ့၊ အခုလို ေျမနဲ႔ ႏွစ္ ထပ္ သုံးထပ္ေပါ့ ဆရာ။ တိုက္ ကေလးဆိုေတာ့ ေနေပ်ာ္တယ္ဆိုၿပီး သုံးသပ္ၾကတာေပါ့”
“အခုကိစၥက ဂရန္စာခ်ဳပ္ မူရင္း ေပးထားမယ္ဆိုလို႔ကိုး။ တခ်ိဳ႕က ဂရန္ စာခ်ဳပ္ မိတၱဴပဲ ေပးထားတာ မ်ိဳး ရွိတတ္တယ္။ အဲဒါမ်ိဳးဆိုရင္ ေတာ့ စာခ်ဳပ္စာတမ္း႐ုံးမွာ ေပ ၂၀ x ေပ ၆၀ ေျမကြက္ထဲမွ မခြဲစိတ္ရေသးေသာ ေျမ ၁၀ ေပ x ေပ ၆၀ ကို ဝယ္ယူေၾကာင္း မွတ္ပုံတင္အ ေရာင္းအဝယ္ စာခ်ဳပ္ ခ်ဳပ္ဆိုထားသင့္တယ္”
“ခြဲစိတ္လို႔ မရဘူးဆိုေတာ့ ေျမ ပုံက ဘယ္လိုျဖစ္ႏိုင္သလဲ ဆရာ”
“ေျမကြက္ကို ေရာင္းသူက ဂရန္အမည္ေပါက္ဆိုရင္ေတာ့ ပိုၿပီး အဆင္ေျပတာေပါ့။ ဂရန္အမည္ေပါက္ ေပ ၂၀ x ေပ ၆၀ ေျမကြက္ေျမပုံကို အေရာင္းေျမပုံထုတ္ေပးရန္ သက္ဆိုင္ရာ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္ သာယာေရး ေကာ္မတီ ေျမယာဌာနမွာ ဂရန္အမည္ေပါက္ကိုယ္တိုင္ ေလွ်ာက္ထားရမယ္”
“အေရာင္းေျမပုံက ေပ ၂၀ x ေပ ၆၀ ေျမကြက္နဲ႔ ထြက္လာမွာေပါ့ ဆရာ”
“မွန္ပါတယ္။ အဲဒီ ေပ ၂၀ x ေပ ၆၀ ေျမကြက္ ေျမပုံမွာ ၁၀ ေပ x ေပ ၆၀ ေျမကြက္ပုံစံအလယ္မွ မ်ဥ္းသားၿပီး အေရာင္ျခယ္ကာ၊ ယင္း အေရာင္ျခယ္ထားေသာ မခြဲစိတ္ရေသးသည့္ ေျမကြက္ ၁၀ ေပ x ေပ ၆၀ ကို ေရာင္းေၾကာင္းမွတ္ပုံတင္ စာခ်ဳပ္စာတမ္း႐ုံးမွာ မွတ္ပုံတင္ အေရာင္းအဝယ္စာခ်ဳပ္ ခ်ဳပ္ဆိုလို႔ရပါတယ္”
“ဒါဆိုရင္ ဂရန္မူရင္းမရွိသည့္ တိုင္ ပိုင္ဆိုင္တဲ့ အေထာက္အထား စာ႐ြက္စာတမ္းေတာ့ ျပည့္စုံသြားၿပီေပါ့”
“ဒါေၾကာင့္ နားလည္တဲ့ ဥပေဒပညာရွင္ေတြနဲ႔ တိုင္ပင္ေဆာင္႐ြက္ၾကပါလို႔ တိုက္တြန္းအႀကံေပးခ်င္ပါ တယ္”ဟု ေဆြးေႏြးလိုက္ပါသည္။
ဖတ္ရႈမႈအမ်ားအဆုံး အိမ္ၿခံေျမဗဟုသုတမ်ား
အိမ္ၿခံေျမဝယ္ယူလိုသူမ်ား သတိျပဳစရာ ေျမဝယ္လွ်င္ သတိျပဳသင့္သည့္ စာ႐ြက္စာတမ္းအတုမ်ား
အိမ္ ေျမ တိုက္ခန္းမ်ားအား ဝယ္ဖို႔စရန္ေပးၿပီးလွ်င္ ထပ္မံ ျပန္ေရာင္းလို႔ ရလား
ပါမစ္ေျမ ဝယ္ယူျခင္းဆိုင္ရာ သိမွတ္ဖြယ္ရာ
Credit : Zaygwet Journal
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ