By Sint Sint, Shweproperty.com
Updated at 23 August 2020
အိမ်ခွဲနေမယ်ဆိုရင် အစပိုင်းမှာ အဆင်မပြေတာတွေ ရှိကောင်း ရှိနိုင်ပါတယ်
စုံတွဲလေးတို့ရေ မင်္ဂလာဆောင်ပြီးနောက်မှာ နှစ်ဖက်မိဘ ဆွေမျိုးတွေနဲ့ မနေဘဲ နှစ်ယောက်တည်း သက်သက် အိမ်ခွဲနေမယ်လို့ တွေးထားလား၊ နှစ်ယောက်တည်း အိမ်ခွဲပြီးနေတယ်ဆိုတာ နှစ်ယောက်တည်း ကြိုးစားရုန်းကန်ပြီး လောကဓံကို ရင်ဆိုင်တာပါပဲ။ ဒီလိုနေတဲ့အခါ အဆင်ပြေစေဖို့ သိထားသင့်တာလေးတွေတော့ ရှိပါတယ်နော်။
နေစရာ အရင်ရှာပါ
စုံတွဲလေးတို့ရေ မင်္ဂလာဆောင်ဖို့ စီစဉ်နေကတည်းက နေဖို့နေရာလည်း ကြိုတင်စီစဉ်ထားရပါမယ်။ အဲဒီနေရာအသစ်မှာပဲ ခန်းဝင်ပစ္စည်းတွေ ထားမလားပေါ့။ မင်္ဂလာဆောင်ပြီးနောက်မှာ နေမယ့် အိမ်အသစ်ကို တန်းသွားမယ်ဆိုရင်တော့ ကြိုပြီးတော့ ရှာရမှာပါ။ အဲဒီလို မဟုတ်ရင်တော့ ဖြည်းဖြည်းချင်း ရှာလို့ ရပါတယ်။ နေစရာ အိမ်ရှာတဲ့အခါမှာ စုံတွဲလေးတို့ ပတ်ဝန်းကျင် အဆင်ပြေလား၊ ဆွေမျိုးတွေနဲ့ နီးလား၊ အလုပ်နဲ့ရော ဝေးလား ဒီလိုအချက်တွေ ထည့်သွင်း စဉ်းစားနော်။
ကုန်ကျစရိတ်
စုံတွဲလေးတို့ရေ နှစ်ယောက်တည်း အိမ်ခွဲနေမယ်ဆိုရင် အိမ်စရိတ်ကို ဦးစားပေး ထည့်ပြီး စဉ်းစားရမှာပါနော်။ အိမ်က ငှားနေမှာလား၊ အရစ်ကျ ဝယ်ထားတာမျိုးလား အစရှိသဖြင့် အိမ်ရဲ့ ကုန်ကျစရိတ်ကို တွေးပါ။ ဝင်ငွေနဲ့ ထွက်ငွေကို သေချာချိန်ဆပြီး တိတိကျကျ သုံးစွဲဖို့တော့ လိုပါတယ်။ ဘယ်လောက်စုမယ်ဆိုတာမျိုးပေါ့။ နောက်ပြီး နေစရာအိမ်အတွက် ငွေတွေ အများကြီး မသုံးရမယ့် နည်းလမ်းလေးတွေ ရှာပါ။ ဒါမှ အပိုငွေ ထွက်လာမှာနော်။
စီစစ္ပါ
နှစ်ယောက်တည်း အိမ်ခွဲနေတယ်ဆိုတာ ဘဝရဲ့ အနိမ့်အမြင့် အတက်အကျတွေကို အတူတူ ရင်ဆိုင်ကြတာပါ။ ဒီတော့ အဆင်ပြေစေဖို့အတွက် ငွေကြေးက အရေးကြီးပါတယ်။ သုံးတဲ့အခါမှာ သေချာလေး စိစစ်ပြီးမှ သုံးပါ။ အရင်လို ခဏခဏ ညဘက်တွေ အပြင်မှာ ထွက်စားတာမျိုး ရှောင်ပါနော်။ ဒါက ပိုပြီး ကုန်ကျစေတယ်မလား။
သည်းခံပါ
စုံတွဲလေးတို့ မင်္ဂလာဆောင်ပြီးတာနဲ့ အိမ်ခွဲနေမယ်ဆိုရင် အစပိုင်းမှာ အဆင်မပြေတာတွေ ရှိကောင်း ရှိနိုင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု ပိုပြီး ထားဖု့ိ လိုသလို မပြေတာတွေကိုလည်း သည်းခံဖို့ လိုပါတယ်။ ထမင်းဟင်းစားမကောင်းတာမျျိုး၊ ဘယ်အရာမဆို ကိုယ်ပဲ လုပ်ရတာမျိုး ရှိလာမှာပါ။ ဒီအရာတွေကို စိတ်ရှည်ဖို့ လိုပါတယ်နော်။
မင်္ဂလာဆောင်ပြီးနောက် ဇနီးမောင်နှံတို့ အိမ်ခွဲနေမယ်ဆိုရင် သိထားသင့်တဲ့အချက်လေးတွေ သိပြီးပြီဆိုရင်တေ့ာ အိမ်အသစ်မှာ အဆင်ပြေဖို့ ကြိုတင်ပြင်ဆင်ထားနော်။
Credit : Marry
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ