By U Kyaw Zay Ya (Law), Shweproperty.com
Updated at 5 December 2017
ရောင်းရန် ပဋိညာဉ် Contract of Sale ဟူသည် ရောင်းသူနှင့် ဝယ်သူ ရောင်းဝယ်ခြင်းနှင့် စပ်လျဉ်း၍ စည်းကမ်းချက်နှင့်အတူ ပြုလုပ်သည့် သဘောတူညီမှု ဖြစ်သည်။
မရွှေ.မပြောင်းနိုင်သောပစ္စည်းကို ရောင်းရန် ရောင်းသူနှင့် ဝယ်သူတို. သဘောတူချုပ်ဆိုသည့် အဆင့်ဖြစ်သည်။
အရောင်းအဝယ်အတည်မဖြစ်သေးမီ ရောင်းရန်နှင့် ဝယ်ရန် ကတိပြုကြသည့်အဆင့် ဖြစ်သည်။
တစ်ဖက်နှင့် တစ်ဖက် ကတိမပျက်ရန် စရန်ငွေပေးချေသည့် အဆင့်ဖြစ်သည်။
အောက်ပါအချက်များကို ပြည့်စုံအောင် ထည့်သွင်းချုပ်ဆိုကြရမည်ဖြစ်သည်။
- ဘယ်သူတွေ ချုပ်ဆိုကြတာလဲ၊
- ပစ္စည်းက ဘာပစ္စည်းလဲ၊ ဘယ်နေရာမှာ ရှိတာလဲ၊(ပစ္စည်းဆိုင်ရာ အချက်အလက်အပြည့်အစုံ ဖော်ပြရပါမယ်။)
- ရောင်းသူက ပစ္စည်းကို ရောင်းပိုင်ခွင့်ရှိမရှိ၊
- ပစ္စည်းကို ဘာလုပ်ဖို. ချုပ်ဆိုကြတာလဲ၊ (ကမ်းလှမ်းချက် နှင့် သဘောတူချက်)
- ဒီလိုချုပ်ဆိုရာမှာ ဘယ်သူက ဘာတာဝန်ယူမှာလဲ၊
- စည်းကမ်းချက်ကော ထားမထား၊
- ထားမယ်ဆိုရင် စည်းကမ်းချက်တွေက ဘာတွေလဲ၊
- လုပ်ဆောင်ပေးမယ့်အရာတွေရဲ. အသေးစိတ်အချက်အလက်တွေက ဘာတွေလဲ၊
- တန်ဖိုးငွေ သတ်မှတ်ချက်က ဘယ်လောက်လဲ၊
- တန်ဖိုးငွေကို ဘယ်လို ပေးဆောင်ရမှာလဲ၊
- တန်ဖိုးငွေပေးဆောင်တဲ့အတွက် တစ်ဖက်က ဘာလုပ်ပေးမှလဲ၊
- ဒီလို လုပ်ဆောင်ပေးမှုဟာ ရော့ပတ္တမြား၊ ရော့နဂါး တစ်ပြိုင်တည်း အပေးအယူလုပ်မှာလား၊ ဒါမှမဟုတ် ကန်.သတ်ချက်ထားမှာလား၊
- ကာလသတ်မှတ်ချက် ပါသလား၊ ပါရင် အချိန်ကာလကို ဘယ်လိုသတ်မှတ်မလဲ၊
- တစ်ဖက်နဲ.တစ်ဖက် ဘယ်လိုလိုက်နာကြမလဲ၊
- ပျက်ကွက်ရင် ပျက်ကွက်တဲ့သူရဲ.တာဝန်က ဘာလဲ၊
- တစ်ဖက်ရဲ. ပျက်ကွက်မှုကြောင့် နစ်နာသူရဲ. အကျိုးခံစားခွင့်က ဘာလဲ။
- ပဋိညာဉ် စာချုပ်ကြီးကို ဘယ်နေ. ဘယ်ရက်အတွင်းမှာ နောက်ဆုံးထား ပြုလုပ်မှာလဲ၊
- စာချုပ်ကို ဘယ်နေ. ဘယ်ရက် ဘယ်ခုနနှစ် သက္ကရာဇ်မှာ ပြုလုပ်ချုပ်ဆိုကြတာလဲ၊
- ဘယ်သူတွေရဲ. ရှေ.မှောက်မှာ ပြုလုပ်ချုပ်ဆိုုကြတာလဲ….. စသည့် အချက်များ ပါရှိစေရမည်ဖြစ်သည်။
ထိုသို. ချုပ်ဆိုသည်ကို ရောင်းရန် ပဋိညာဉ်ပြုသည်ဟု ဆိုသည်။
Ref : U Kyaw Zaya (Law)
Photo Credit : consumeraffairs
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ