By Win Kyaw Kyaw (ShweProperty.com), Shweproperty.com
Updated at 15 June 2018
ရန်ကုန်တိုင်းအတွင်းရှိ မြေပိုင်ဆိုင်သူ အများစုသည် ဘိုးဘွားပိုင်မြေ၊ ဂရန်မြေနှင့် ပါမစ်မြေများကို ပိုင်ဆိုင်ကြသည်။
ဘိုးဘွားပိုင်မြေပိုင်ဆိုင်ပြီး ဂရန်လျှောက်ထားလိုလျှင် စည်ပင်သာယာရေး ဥပဒေနှင့်အညီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ဘိိုးဘွားပိုင်မြေပေါ်တွင် နေထိုင်သူအများစု သို့မဟုတ် ပိုင်ဆိုင်သူအများစုသည် မှတ်ပုံတင် အရောင်းအဝယ်စာချုပ် ၊ အရပ်စာချုပ်အဆင့်အဆင့်ဖြင့် ဝယ်ယူနေထိုင်ကြသည်များရှိသကဲ့သို့ ပိုင်ဆိုင်မှု အထောက်အထားမရှိဘဲ ဘိုးဘေးဘီဘင် လက်ထက်အတည်းက လက်ဆင့်ကမ်း ပိုင်ဆိုင်ကြသူများလည်းရှိသည်။
ထိုသို့ပိုင်ဆိုင်သူများကို စည်ပင်သာယာရေး ဥပဒေနှင့် အညီ တရားဝင် ဂရန်လျှောက်ထားခွင့်ရမည်ဖြစ်ကြောင်းသိရသည်။ ထို့ကြောင့်
မရွှေ့ပြောင်းနိုင်သည့်ပစ္စည်း မြေယာနှင့်ပတ်သက်ပြီး တရားဝင်ပိုင်ဆိုင်မှုရှိရန်အတွက် တည်ဆဲဥပဒေအရ ထိုမြေကို မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ဖြင့် ဝယ်ထားသူ ဖြစ်ရန်လိုအပ်ပြီး သို့မဟုတ် တရားရုံးတစ်ခုခု၏ နိုင်ဒီဂရီအရ လက်ရှိနေထိုင်သူဖြစ်ရမည်ဟု စည်ပင်သာယာရေး ဥပဒေတွင် ပြဋ္ဌာန်းထားကြောင်းသိရသည်။
ရပ်ကွက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ တစ်ဆင့်ရန်ကုန်တိုင်းအစိုးရကို မြေပိုင်ဆိုင်မှုများ ၊ မြေငှားရမ်းစာချုပ်ဂရန်များကို စီမံချက်ဖြင့် ဆောင်ရွက်ပေးနိုုင်ရန် လျှောက် ထားတင်ပြနိုင်ကြောင်းသိရသည်။
Written By : Win Kyaw Kyaw (ShweProperty.com)
Photo Credit : Homelands
Posted by : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ