By Win Kyaw Kyaw (ShweProperty.com), Shweproperty.com
Updated at 18 May 2018
ရှေးဟောင်း အဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေ ဥပဒေ အခန်း(၆)။ ။
ရှေးဟောင်း အဆောက်အအုံ တွေ့ရှိကြောင်း သတင်းပို့ခြင်း
၁၂။ ပိုင်ရှင် သို့မဟုတ် ထိန်းသိမ်းစောင့်ရှောက်သူမရှိသော မြေပေါ်တွင်ဖြစ်စေ၊ မြေအောက်တွင်ဖြစ်စေ၊ ရေပေါ်တွင်ဖြစ်စေ၊ ရေအောက်တွင်ဖြစ်စေ နှစ်ပေါင်း ၁၀၀ နှင့် အထက် သက်တမ်းရှိသည့် ရှေးဟောင်း အဆောက်အအုံကို တွေ့ရှိသူသည် အဆိုပါ အဆောက်အအုံမှာ ရှေးဟောင်းအဆောက်အအုံဖြစ်ကြောင်း သိရှိလျှင် သို့မဟုတ် ယူဆရန်အကြောင်းရှိလျှင် သက်ဆိုင်ရာ သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမူးရုံးသို့ စောလျှင်စွာသင်းပေးပို့ရမည်။
၁၃။ (က) ပုဒ်မ ၁၂ သတင်းပေးပို့ချက်ကို လက်ခံရရှိလျှင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမူးသည် အဆိုပါ အဆောက်အအုံကို လိုအပ်သလို ထိန်းသိမ်းစောင့်ရှောက်၍ ၁၄ ရက်အတွင်းသက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမူးရုံးသို့ ဆက်လက် သတင်းပို့ရမည်။
မြို့နယ်အုပ်ချုပ်ရေးမူးသည် လိုအပ်သည်များကို ချက်ချင်းဆောင်ရွက်၍ သတင်းလက်ခံရရှိသည့်နေ့မှ ူ၇ ရက်အတွင်း ဦးစီးဌာနသို့ အကြောင်းကြားမည်။
(ခ) ဦးစီးဌာနသည် ပုဒ်မခွဲ(က) အရ အကြောင်းကြားချက်ကို ရရှိသည့်အခါ ရှေးဟောင်း အဆောက်အအုံစစ်မှန်ခြင်း ရှိမရှိ စစ်ဆေးခြင်းနှင့် လိုအပ်သလို ထိန်းသိမ်းစောင့်ရှောက်ခြင်း သို့မဟုတ် ကာကွယ်ထိန်းသိမ်းစေခြင်းတို့ကို သတ်မှတ်ချက်များနှင့် အညီဆောက်ရွက်ရမည် ဟု ရှေးဟောင်း အဆောကအအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေတွင် ဖော်ပြထားသည်။
Written By : Win Kyaw Kyaw (ShweProperty.com)
Photo Credit : Molisan
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ