By The Modern Weekly, Shweproperty.com
Updated at 14 May 2015
တိုက်ခန်းဝယ်ယူတဲ့အခါ သတိပြုရမယ့် အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
နေရာဒေသ ရွေးချယ်မှု အရေးကြီးပါတယ်။
ပိုင်ဆိုင်မှုအထောက်အထားနဲ့ စာချုပ်စာတမ်း သတိပြုဖို့ လိုအပ်ပါတယ်။
ကန်ထရိုက် (သို့) အဆောက်အအုံဆောက်လုပ်သူ ရာဇဝင်လေ့လာဖို့ လိုအပ်ပါတယ်။
မိမိဝယ်ယူတဲ့ တိုက်ခန်း (အဆောက်အအုံ) ရဲ့ရှေ့အလားအလာကို လေ့လာဖို့လိုအပ်ပါတယ်။
ပေါက်ဈေးသိရဖို့ အရေးကြီးပါတယ်။
နေရာဒေသ
မိမိဝယ်ယူမယ့် တိုက်ခန်းနေရာဒေသ ရွေးချယ်မှုဟာ လွန်စွာအရေးကြီးပါတယ်။ နေရာဒေသ ရွေးချယ်မှု မှားယွင်းပါက မိမိကိုယ်တိုင် နေထိုင်ဖို့ အဆင်မပြေဖြစ်တတ်ပါတယ်။ ဒါမှမဟုတ် ပြန်လည်ရောင်းချဖို့ အချိန်ကြန့်ကြာတတ်ပြီး ဈေးနှုန်းမရနိုင်ပါဘူး။ ဥပမာ မိမိဝယ်ယူမယ့် တိုက်ဧ။် ပတ်ဝန်းကျင်ကို လေ့လာရန် လွန်စွာ အရေးကြီးပါတယ်။ လူနေထိုင်မှုအဆင့်အတန်း ပတ်ဝန်းကျင်မှာ အသေးစားလုပ်ငန်းများ လုပ်ကိုင်ခြင်းကြောင့် ဆူညံသံ၊ အနံ့အသက်ရှိမရှိကို လေ့လာသင့်ပါတယ်။
ပိုင်ဆိုင်မှုအထောက်အထား
တိုက်ခန်းတစ်ခန်းဝယ်မယ်ဆိုရင် ပိုင်ဆိုင်မှုအထောက်အထားနဲ့ စာချုပ်စာတမ်းတွေ လွန်စွာအရေးကြီးပါတယ်။ ခိုင်မာမှုမရှိတဲ့ တိုက်ခန်းပိုင်ဆိုင်မှု မိမိလက်ဝယ်ကို ရောက်ရှိလာမယ်ဆိုရင် ပြန်ရောင်းချဖို့ လွန်စွာခက်ခဲနိုင်ပါတယ်။ ဒါကြောင့်တိုက်ခန်း ဝယ်ရာမှာ စာချုပ်စာတမ်းဆက်စပ်မှုရှိဖို့ အရေးကြီးပါတယ်။ ပိုင်ရှင်အစစ်အမှန် ဟုတ်မဟုတ် ပိုင်ရှင်အစစ်အမှန် ဟုတ်မဟုတ် မှတ်ပုံတင်တိုက်ကြည့်ဖို့လည်း အရေးကြီးပါတယ်။ ဒါ့အပြင် မြေရှင်အသိအမှတ်ပြု လက်မှတ်ရယူမှုကလည်း အရေးကြီးပါတယ်။ ဒါကြောင့် ငွေပေးခြေမှု အဆင့်ဆင့်မှာ ရောင်းသူနဲ့ဆိုင်တဲ့ တာဝန်တွေကို စရန်စာချုပ်မှာ ထည့်သွင်းချုပ်ဆိုထားဖို့ အရေးကြီးပါတယ်။
ကိုယ်ဝယ်ယူမယ့်တိုက်ခန်းကို ကျွမ်းကျင်တဲ့ ရှေ့နေပညာရှင်နဲ့ ယုံကြည်မှုပေးနိုင်တဲ့ အကျိုးဆောင်တွေ ပါဝင်စစ်ဆေးချုပ်ဆိုပေးရင် အမှားနည်းနိုင်ပြီး ကန့်ကွက်နိုင်ကြောင်း သတင်းစာကြော်ငြာ ထည့်ရန်လည်း လိုအပ်ပါတယ်။
ကန်ထရိုက်
ကိုယ်ဝယ်ယူမယ့် တိုက်ခန်းအတွက် ကန်ထရိုက် ဒါမှမဟုတ် ၎င်းအဆောက်အအုံ ဆောက်လုပ်သူကိုလည်း မဖြစ်မနေလေ့လာဖို့ အရေးကြီးပါတယ်။ ကန်ထရိုက်နာမည်ပျက်စာရင်းတွင် ပါမပါ ဆောက်လုပ်တဲ့ခုနှစ်၊ အချိန်ကိုလည်း မေးမြန်းဖို့လိုအပ်ပါတယ်။ ကန်ထရိုက်နဲ့ ပတ်သက်ပြီး မိမိဝယ်ယူပြီးနောက်ပိုင်း ပြသနာတစ်စုံတစ်ရာ ပေါ်လာနိုင် မနိုင်ဆိုတာ ကန်ထရိုက်ပေါ်မူတည် အရေးကြီးပါတယ်။
ရှေ့အလားအလာ
မိမိဝယ်ယူမယ့် တိုက်ခန်း၊ အဆောက်အအုံဟာ ခုံးကျော်တံတားထိုးနိုင်၊ မထိုးနိုင်ဆိုတဲ့ ရှေ့အလားအလာကလည်း အရေးကြီးပါတယ်။ ဒါမှမဟုတ် မိမိဝယ်ယူပြီးပါက ခုံးကျော်တံတားထိုးနေတဲ့ အချိန်မှာ ဆူညံသံ၊ ဖုန်မှုန့်တွေနဲ့ အဆင်မပြေဖြစ်တတ်ပါတယ်။ တံတားပြီးဆုံးပြီးနောက်ပိုင်းမှာလည်း တံတားအောက်ကို ရောက်သွားတဲ့ တိုက်ခန်းတွေက ပြန်ရောင်းရတာ လွန်စွာခက်ပါတယ်။
ပေါက်ဈေး
မိမိဝယ်ယူမယ့် တိုက်ခန်းပေါက်ဈေး သိရှိနိုင်ဖို့ အလွန်အရေးကြီးပါတယ်။ ဈေးနှုန်းမြင့်နဲ့ ဝယ်ယူမိပါက နစ်နာဆုံးရှံးနိုင်ပါတယ်။
Ref : The Modern Weekly
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ