By The Kumudra, Shweproperty.com
Updated at 17 November 2017
တိုက်ခန်းဝယ်ယူမှုက မြေကွက်ဝယ်တာနဲ. မတူဘဲ အပျောက်စနစ်နဲ. ဝယ်ယူရတာမျိုး ဖြစ်တာကြောင့် အပေါ်ယံစစ်ဆေးတာမျိုးမဟုတ်ဘဲ အခန်းရဲ. ပိုင်ဆိုင်မှု သမိုင်းကြောင်းကို သေချာသိရှိပြီးမှ ဝယ်သင့်တယ်လို. သိရတယ်။
တိုက်ခန်းအရောင်းအဝယ်မှာ မြေပါတဲ့ အခန်း၊ အပေါ်ထပ်အလွှာတွေ စသည်ဖြင့် အပျောက်စနစ်နဲ. ဝယ်တာရှိတယ်။ အပျောက်စနစ်နဲ. ဝယ်တာရှိတယ်။ အပျောက်စနစ်နဲ. ဝယ်ယူတာက ပြဿနာ မရှိနိုင်ပါဘူး။ ရောင်းသူ၊ ဝယ်သူကြားမှာ မှန်ကန်တယ်ဆိုတာမျိုးအခြေအနေမှာပါ။
Myanmar Housing အကျိုးဆောင်ကုမ္ပဏီမှ ဒါရိုက်တာ ဦးကျော်တင့်က ‘ရောင်းတဲ့သူက မှန်လား၊ မမှန်လားကြည့်ရမယ်၊ မှားကြတာတွေရှိတယ်၊ ဘယ်လိုမှားလဲဆို ဒီအခန်းက သူနေတာ သူမပိုင်ဘူး၊ သူ.နာမည်နဲ. ပေါက်တာဟုတ်တယ်၊ သူတစ်ယောက်တည်း မပိုင်တဲ့ အခန်းရှိတယ်။ အမွေဆိုင်တွေ၊ လက်ဆင့်ကမ်းလွှဲပြောင်းပေးထားတာ၊ ပေါင်ထားတာ အမျိုးမျိုးရှိတာကြောင့်ပါ။ ဒါတွေကို စုံစမ်းရမယ်’ လို. ရှင်းပြပါတယ်။
ဝယ်သူက မဝယ်ခင် သေချာ စုံစမ်းပြီး သေချာမှ စရန်ငွေချတာမျိုး လုပ်ဆောင်သင့်တယ်။ စရန်ငွေ ချပြီးတာတောင် ကန်.ကွက်သူ ရှိမရှိ သိရအောင် နိုင်ငံပိုင် သတင်းစာတွေက ကြော်ငြာထည့်သွင်းပြီး လုပ်ဆောင်မှ စိတ်ချလို. ရနိုင်တဲ့ အခြေအနေပါ။
Ref : The Kumudra
Photo Credit : Froughol
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ