By Shwe Kyaw (ShweProperty.com), Shweproperty.com
Updated at 10 June 2018
တိုက်ခန်းတွေငှားရမ်းတော့မယ်ဆိုရင် တချို့အိမ်ရှင်တွေက ရေဖိုးနဲ့တခြားပေးဆောင်ရမယ့် ငွေကိုကြိုတင်ပြောပြထားပေမဲ့လည်း တ ချို့က ကြိုတင်မပြောတာတွေလည်းရှိပါတယ်။
တချို့ အိမ်ရှင်တွေဆိုရင် စာချုပ်မှာတစ်ခါတည်းရေးပေးပြီး စာချုပ်ချုပ်ပေမဲ့ တချို့တွေကတော့ စာချုပ်မှာ လည်းထည့် ချုပ်မေ ပး ဘူးလို့သိရပါတယ်။
တိုက်ခန်းငှားနေမယ်ဆိုရင် သုံးတဲ့မီတာခကလွဲပြီး ပေးဆောင်ရမယ့် အခွန်ကိုတော့ ပေးဆောင်ရမှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။
အိမ်ငှားတော့မယ်ဆိုရင် အထွေထွေ ကုန်ကျစရိတ်တွေ အကုန်လုံးကို တွက်ချက်ပြီးတော့ အိမ်ငှားခကိုတောင်းတာတွေလဲရှိတယ်။
အိမ်ရာကော်မတီတွေရှိတယ်။ အဲဒီမှာသွားစုံစမ်းလိုက်တာ နဲ့ ကုန်ကျစရိတ်တွေက ဘယ်လောက်ရှိတယ်၊ ဘယ်အချက်အလက်တွေ ပါသလဲ၊ ဘာတွေပေးရလဲဆိုတာကိုမေးရမယ်။
အဲဒါတွေကို ဆောင်နိုင်မှ ငှားရမ်းတာ၊ ဝယ်ယူတာ အဆင်ပြေမယ်။
တိုက်ခန်း နဲ့ ပတ်သက်တဲ့ စည်းကမ်းချက်တွေရှိနေတတ်တယ်။
ဥပမာ ဓာတ်လှေကားပါတယ်ဆိုရင် သုံးသုံးမသုံးသုံးဆောင်ရတာတွေလဲရှိတယ်။
တချို့ အိမ်ရှင် တွေက သူတို့ဆောင်ပေးပေမဲ့ တချို့က ကိုယ့်ဘာသာပေးရတာတွေလဲရှိပါတယ်။
တိုက်ခန်းငှားတော့မယ်ဆိုရင် စာချုပ်စာတမ်းတွေမှာလည်း အိမ်ရှင်ကပေးရမယ့် အခွန်တွေ၊ အိမ်ငှားသူကပေးရမယ့် အခွန်တွေ ကိုေ သ ချာရေးပြီး ချုပ်ဆိုတာတွေရှိသလို အိမ်ငှား ခတွေထဲမှာပဲ တခြားအခွန်ငွေတွေ ကိုထည့်ပြီး တောင်းတာတွေလည်းရှိပါတယ်။
တိုက်ခန်းတစ်ခန်းငှားတော့မယ်ဆိုရင် အိမ်ရာကော်မတီကို အရင်ဆုံးသွားပြီး ကုန်ကျစရိတ်တွေ ဘယ်ေ လာက်ေ ပးဆောင် ရမယ်ဆို တာကို မေးပြီးမှ ငှားရမ်းတာတွေကိုပြုလုပ် သင့်တယ်လို့ ဆိုပါတယ်။ Written by : Shwe Kyaw (ShweProperty.com) Photo Credit : All-free-download Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ