By Myanmar Builders Guide, Shweproperty.com
Updated at 20 December 2017
အစိုးရမှ လူနေရပ်ကွက်သစ်များကို မြို့ပြင်တွင်အကွက်ရိုက်ပြီးချပေးသည့်အခါ ပါမစ်မြေအဖြစ်ချထားပေးကြောင်း သိရသည်။ မြေအရောင်းအဝယ်သမားများအနေဖြင့်
ဓာတ်ပုံပါသော မြေချပါမစ်အဖြင့် ခေါ်ကြသည်။မြေကွက်အသစ်ဖော်ထုတ်သည့်အခါ လယ်မြေ၊ရွာမြေများပါဝင်ခဲ့လျှင် ထိုလယ်သမား၊ရွာသူရွာသားများကို မြို့ကွက်သစ်တွင် မြေကွက်များ ပြန်ပေးလေ့ရှိကြောင်း သိရသည်။
ထိုလယ်သမားနှင့် ရွာသူရွာသားများကိုရပ်ကွက်နှင့် မြေကွက်မှတ်များပါသော စလစ်စာရွက်တစ်ရွက်ပေးသည်။ထိုစလပ်စာရွက်ပေါ်တွင်
မြေကွက်ချထားပေးသော ဌာန၊ဥပမာ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ရုံးအမည်တံဆိပ်အပိုင်းနှင့် တာဝန်ခံအရာရှိ၏ လက်မှတ်ပါရှိပြီး မြေချပါမစ်ရရန် ဆက်လျှောက်ထား၍ယူရပါမည်။
နယ်မြေများမှာတော့ စလစ်မြေစာရွက် စာတမ်း ထုတ်ပေးသည်ဟုသိရသည်။မိမိ အမည်ပေါက်အား ပုံစံ(၁ဝ၅)မြေပုံထွက်လာရန် ဆက်လက်လျှောက်ထားရသည်။ ထိုနောက် နှစ်(၃ဝ)ဂရန်၊အနှစ်(၆ဝ)ဂရန် မြေငှားစာချုပ်ကိုင်ထားမှ စိတ်ချရမည်ဖြစ်သည်။
ဝယ်ထားသောတိုက်ခန်းသည် သက်တမ်းကုန်ဆုံးသည်ဖြစ်စေ၊အကြောင်းအမျိုးမျိုးကြောင့် ပြိုကျပျက်စီးလျှင်ဖြစ်စေ ဆုံးရှုံးသည့်အခါ အခန်းပြန်မရနိုင်ကြောင်း သိရသည်။
ဝယ်ထားသည့်အခန်းကို ပိုင်တာဖြစ်သည့်အတွက် အခန်းမရှိတော့လျှင် လက်ဆုပ်လက်ကိုင်ပြစရာ မရှိတော့ကြောင်း၊မြေရှင်မှ တိုက်အသစ်ပြန်ဆောက်လျှင် မိမိအထပ်၊မိမိအခန်းနေရာပြန်ရရန်တောင်းဆိုပိုင်ခွင့်ရှိကြောင်း သိရသည်။
ပြန်ဆောက်မည့် အခန်းအတွက် ဆောက်လုပ်ကုန်ကျစရိတ်ပေးရန် တာဝန်ရှိသည်။တိုက်သစ်ဆောက်လျှင်မြေရှင်၏ စိုက်ထုတ်ကုန်ကျစရိတ်များ ရှိပါသည်။မိမိအခန်းဆောက်လုပ်ကုန်ကျစရိတ်ကုန်ကျငွေအား ထပ်ပေးရသည့်သဘောဖြစ်ကြောင်း သိရသည်။
အပြင်လူက လာဝယ်သော ဈေးအတိုင်းပေးရန်မလိုပါ။အကြောင်းမူ အရင်တိုက်အဟောင်းအခန်းဝယ်ယူခဲ့တုန်းက မြေရှင်သဘောတူလက်မှတ်ရေးထိုးထားသော စာချုပ်စာတမ်းများရှိနေလျှင် အရင်အခန်းပိုင်ရှင် ဖြစ်နေကြောင်း သိရသည်။
Ref : Myanmar Builder Guide
Photo Credit : Google
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ