By Shwe Kyaw, Shweproperty.com
Updated at 29 April 2020
နေ၊ အိမ် ၊ တိုက်တာ၊ ကွန်ဒို နဲ့ အဆောက်အအုံတွေ ဆောက်လုပ်ပြီးရင် နေထိုင်ခွင့်(BCC) ကျပြီးမှသာ ရောင်းပန်း၊ ဝယ်ပန်းလှသလို ၊ ဝယ်ယူသူတွေလည်း မြြန်မန်ဆန်ဆန်နေထိုင် နိုင်မှာဖြစ်ပါတယ်။
ထို့ကြောင့် အဆောက်အအုံတွေ ဆောက်လုပ်ပြီးရင် နေထိုင်ခွင့်(BCC) လျှောက်ထားဟာလည်း အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။
ဘယ်အချိန်မှာ နေထိုင်ခွင့် (BCC) လျှောက်ထားရမလဲ?
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားတဲ့ နည်းဥပဒေအရ အဆောက်အအုံ ဆောက်လုပ်ခြင်း လုပ်ငန်းပြီးစီးကြောင်းကို လုပ်ငန်းပြီးစီးတဲ့နေ့မှ ရက်ပေါင်း ၃ဝ အတွင်း မြို့တော် စည်ပင်သာယာရေးကော်မတီကို စာနဲ့ တင်ပြလျှောက်ထားရမှာဖြစ်ပါတယ်။
အဆောက်အအုံပြီးစီးကြောင်း တင်ပြချက်ကို အင်ဂျင်နီယာဌာန (အဆောက်အအုံ) အား သက်ဆိုင်ရာ အဆောက်အအုံကို စစ်ဆေး၍ ရက်ပေါင်း ၃ဝ အတွင်း တင်ပြရန် ကော်မတီက ညွှန်ကြားရသည်ဟု လည်း ဥပဒေတွင် ပြဌာန်းထားသည်။
ကော်မတီ အဆောက်အအုံပုံစံနဲ့အညီ ဆောက်လုပ်ပြီး ဆောက်လုပ် ပြီးစီးကြောင်း စိစစ်တွေ့ရှိရင် အဆောက်အအုံမှာ လူနေထိုင်ခွင့် လက်မှတ် B.C.C ကို ထုတ်ပေးမှာဖြစ်ပါတယ်။
အကယ်၍ သတ်မှတ်ပုံစံနဲ့ ကိုက်ညီခြင်းမရှိတဲ့ အဆောက်အအုံဖြစ်ရင် ပြန်လည်ပြင်ဆင် ဆောက်လုပ်ဖို့ ညွှန်ကြားပြီး သတ်မှတ်ပုံစံနဲ့ ပြင်ဆင်ဆောက်လုပ်ပြီးကြောင်း စိစစ်ပြီးမှသာ လူနေထိုင်ခွင့်ကို ခွင့်ပြုပေးမယ်လို့ ဥပဒေမှာဖော်ပြထားပါတယ်။
ဒီလိုလုပ်မှသာ နေထိုင်ခွင့် (BCC) လျှောက်ထားမှု လွယ်ကူချော့မွေ့မှာဖြစ်ပါတယ်။
Written By: Shwe Kyaw (ShweProperty.com)
Posted By: Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ