By Shwe Kyaw (ShweProperty.com), Shweproperty.com
Updated at 21 February 2019
သစ်ပင် ပန်းမန်ဆိုတာ လူတွေအတွက် ကောင်းမွန်တဲ့ အရာပါ။ သဘာဝရာသီဥတုကို သင့်တင့်မျှတစေသလို သတ္တဝါတွေကိုလည်း အကျိုးပြုစေပါတယ်။ အိမ်ပတ်ဝန်းကျင် ခြံဝန်းထဲမှာ အပင်တွေ စိုက်ပျိုးခြင်းဟာ ကိုယ်ရောစိတ်ပါ ရွှင်လန်းစေပါတယ်။
ဒါပေမယ့် ရှေးမြန်မာအယူအရ အိမ်ပတ်ဝန်းကျင် ၊ ခြံဝန်း ထဲမှာ မစိုက်အပ် ၊ မရှိသင့်တဲ့ အပင်တချို့ရှိပါတယ်။
အိမ်ရဲ့ အရှေ့ဘက် မျက်နှာစမှာ ညောင်ပင် ၊ သပြေပင်တွေ မစိုက်ရ။ စီးပွားပျက်တတ်တယ်။
အနောက်ဘက်မှာ လက်ပံပင် ၊ ထိန်ပင် တွေမစိုက်ရ။
တောင်ဘက်မှာ သျှီသျှားပင် ၊ ဖီးခြမ်းငှက်ပျော ၊ သင်္ဘောပင်တွေ မစိုက်ရ။
မြောက်ဘက်မှာ ထန်းပင်၊ ဆန်းပင်၊သဖန်းပင် နဲ့ သျှီသျှားပင် မစိုက်ရ။ ဒီအပင်တွေ ဒီအရပ်မျက်နှာတွေမှာ ရှိနေရင် စီးပွားယုတ်လျော့မယ် သတိထားပါ။
ရောဂါဘယ ထူမယ်။
အိမ်တွင်း အိမ်ပြင် ဆူပူတတ်တယ်။ အလိုအလျောက်ရှိနေရင် နှုတ်ပစ် ၊ ခုတ်ပစ်သင့်ပါတယ်။
Written By : Shwe Kyaw (ShweProperty.com) Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ