By ဗေဒင်မေးကြမယ်, Shweproperty.com
Updated at 3 January 2019
အချိူ့သော အိမ်တွေဟာ အိမ်သားအချင်းချင်း မသင့်မြတ်တာ /ငွေဝင်သမျှအကြောင်းရှာပြီးကုန်ကျနေတာ /အိမ်သားတွေ ကျန်းမာရေးမကောင်းတာ စသည်ဖြင့် တစ်မျိူးပြီးတစ်မျိူးဖြစ်ပြီး အိမ်ပူ၍ စီးပွားမတက်ဖြစ်နေတတ်ပါတယ်။အောက်ဖော်ပြပါ အစီအရင်များကို ပြုလုပ်ပါ။
- နံနက်၆ နာရီတွင်ဖြစ်စေ ညနေ ၆ နာရီတွင်ဖြစ်စေ လှူဒါန်းပါ။
- အမွှေးတိုင် ၃ တိုင်နှင့် ဖယောင်းတိုင် ၁ တိုင်ကို အိမ်ရှေ့တံခါးဝတွင်ဖြစ်စေ အိမ်ရှေ့ဝရံတာတွင်ဖြစ်စေ ခုံအမြင့် လေးတစ်လုံးနှင့် ထွန်းညှိပါ။
- အိမ်စောင့်နတ် ခြံစောင့်နတ် မြို့စောင့်နတ်များနှင့် အိမ်ခြံအတွင်းမှီတင်းစောင့်ရှောက်နေထိုင်ကြသော မြင်အပ် မမြင်အပ် သတ္တဝါများ ဘုရားမီးပူဇော်ရန် အလင်းတိုင် အမွှေးတိုင်များ လှူဒါန်းပါသည်။ဤအိမ် ဤခြံတွင်နေထိုင်သူများအားလည်းစောင့်ရှောက်ပါ ။ စီးပွားတိုးတက်ရန် ကူညီပါစသည်ဖြင့် ပြောဆိုနိုင်ပါသည်။
- နံနက်မိုးလင်းသည်နှင့် ပရိတ်တရားတော်များ အိမ်တွင်ဖွင့်ပါ။
- အိမ်ဘုရားကို ဆွမ်းရေချမ်း သောက်တော်ရေ. ကော်ဖီမုန့် သစ်သီးစသည့် လှူဒါန်းဖွယ်ရာများ အဆင်ပြေရာ လှူဒါန်းပါ။
- အိမ်ရှိ အိမ်သားများအားလုံး နံနက်မိုးလင်းလျင် ဘုရားရှိခိုးဖြစ်အောင်ရှိခိုးခိုင်းပါ။
- ရက်ပိုင်းအတွင်း သိသာစွာ အိမ်တွင် လာဘ်ပွင့်၍ စိတ်ချမ်းသာပျော်ရွှင်ရပါလိမ့်မည်။
Ref & Photo Credit : ဗေဒင်မေးကြမယ် & 1stview
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ