By Sint Sint, Shweproperty.com
Updated at 18 December 2020
Unicode
အိမ်မြှောင်နဲ့ပတ်သက်ပြီးတော့ အယူအဆတွေ ရှိတက်ကြတယ်။ နမိတ်ကောက်တက်ကြတယ်။တကယ်တော့ အိမ်မြှောင်က လူတွေကို အနီးကပ်ရန်မူနိုင်တဲ့ သတ္တဝါတော့ မဟုတ်ပါဘူး။ တစ်ချို့ကတော့ ကြောက်တက်ကြတယ်။ တစ်ချို့က အိမ်မှာရှိတက်သော ပိုးဟပ်ကြောက်တယ်။ ကြွက်ကြောက်တယ်။ပင့်ကူ ၊အိမ်မြှောင်စသည်ဖြင့် လူ့စိတ်အရ အကြောက်စွဲကြပါတယ်။
တစ်ချို့လူကြီးနဲ့ ကလေးတွေအတွက် အိမ်မြှောင်ဟာ ကြောက်စရာကောင်းတယ်လို့ ထင်ကောင်းထင်နိုင်ပေမယ့် လူကြီးတွေအတွက်တော့ သိပ်ပြီး ထူးထူးခြားခြား ဒုက္ခပေးနိုင်လောက်စရာ မရှိဘူးလို့ပဲ မှတ်ချက်ချတတ်ကြပါတယ်။အိမ်မြှောင်ဆိုတာကတော့ စုတ်ထိုးတက်တဲ့ အလေ့အကျင့်ရှိပါတယ်။နေ့တိုင်းလိုလိုစုတ်ထိုးခြင်လည်းထိုးမယ် ။တခါတလေမှထိုးခြင်မှလည်းထိုးမယ်။ အဓိကက အိမ်မြှောင်စုတ်ထိုးသံကို ကြားရသူအတွက် နိမိတ်စကားလေးတွေကို ရှေးဆရာကြီးများက ဟောကိန်းလေးတွေ ထုတ်ထားခဲ့ပါတယ်။
(၁) အရှေ့က စုတ်ထိုးသံကြားရင် သူတစ်ပါးရဲ့ အပူဇော်ကို ခံရတတ်ပါတယ်
(၂) အရှေ့တောင်အရပ်က စုတ်ထိုးသံကြားရင် မီးလောင်တတ်တယ် ၊ ခန္ဓာကိုအပူလောင်တတ်တယ် ။ရန်ပေါ်ရတတ်တယ်
(၃) တောင်အရပ်က စုတ်ထိုးသံကြားရင် အစားအသောက်ကောင်းများ စားရတတ်တယ်
(၄) အနောက်တောင်အရပ်က စုတ်ထိုးသံကြားရင် အချုပ်အနှောင်ခံရတတ်တယ် ၊
(၅)အနောက်အရပ်က စုတ်ထိုးသံကြားရင် ချစ်သူရတက်တယ်၊ အိမ်ထောင်ကျတတ်တယ်
(၆) အနောက်မြောက်အရပ်က စုတ်ထိုးသံကြားရင် လာဘ်လာဘဝင်တတ်တယ် ၊ ငွေရွှင်တတ်တယ်
(၇) မြောက်အရပ်က စုတ်ထိုးသံကြားရင် ကျန်းမာရေးညံ့တတ်တယ်
(၈) အရှေ့မြောက်အရပ်က စုတ်ထိုးသံကြားရင် လာဘ်လာဘကြီးဝင်တတ်တယ်
(၉) အိပ်ယာအောက်က စုတ်ထိုးသံကြားရင် အိမ်တွင်နာရေးပေါ်တတ်တယ်
(၁၀) ဦးခေါင်းပေါ်က စုတ်ထိုးသံကြားရင်လာဘ်လာဘရမယ် ၊အကြံအစည်တွေအောင်မြင်ရတတ်ပါတယ်
(၁၁) အိမ်ရှေ့ခန်းက စုတ်ထိုးသံကြားရင်မင်းမှုစိုးများနဲ့ စကားများရတက်တယ်
(၁၂) အိမ်အလယ်ခန်းက စုတ်ထိုးသံကြားလျှင် သားကိစ္စ သမီးကိစ္စ စကားပြောရတက်ပါတယ်
(၁၃)အိမ်ခန်းထဲက စုတ်ထိုးသံကြားလျှင် လင်မယားချင်း စကားများ ရန်ဖြစ်တက်ကြပါတယ်
(၁၄) ဘုရားရှိခိုး ၊ တရားထိုင် ၊ အမျှဝေ တဲ့ အချိန် စုတ်ထိုးသံကြားရင် နတ်များလာရောက်တာဖြစ်တယ်
အိမ်မြှောင်စုတ်ထိုးသံဆိုတာ လူ နှင့်နတ်တို့ရဲ့ ဆက်သွယ်ရေး အချက်ပြသင်္ကေတလည်း ဖြစ်ပါတယ်လို့ အယူအဆတွေကို ယနေ့ချိန်ထိလက်ခံကြနေဆဲပါပဲ။စားနပ်ရိက္ခာ၊ သောက်ရေ၊ နေစရာအပြည့်အစုံရှိတဲ့ နေအိမ်တိုက်ခန်းတွေဟာ အိမ်မြှောင်တွေအတွက်တော့ လိုတရအိမ်ကြီးပါပဲ။ အိမ်မြှောင်တွေဟာ ပူနွေးပြီးစိုစွတ်တဲ့နေရာတွေကို အလွန်ကြိုက်ပြီး မြန်မာနိုင်ငံအနေအထားအရ ကြည့်မယ်ဆိုရင် နွေရာသီနဲ့ မိုးရာသီမှာ အကောင်ရေပေါက်ဖွားမှု အများဆုံးဖြစ်တယ်။ ရေကို အများအပြားလိုအပ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ၃ပုံ ၂ပုံဟာ ရေတွေနဲ့ ဖွဲ့စည်းထားတာဖြစ်တယ်လို့ သိရပါတယ်။
အိမ်မြှောင်တွေရဲ့ အကြိုက်ဆုံးအစားအစာဟာ အင်းဆက်ပိုးမွှားတွေနဲ့ သစ်သီးဝလံ၊ သစ်ရွက်တွေပဲ ဖြစ်ပါတယ်။ ဒီတော့ ခြင်၊ ယင်ကောင်တွေ ပေါတဲ့အိမ်တွေ၊ စားစရာတွေကို လင်းလင်းထင်းထင်း စားပွဲပေါ် တင်ထားတာ၊ ပန်းအိုး၊ ပန်းပင်တွေ စိုက်ထားတဲ့အိမ်တွေဆိုရင် အိမ်မြှောင်ဝင်ဖို့ ပိုလွယ်ကူပါတယ်။
အိမ်ရှိလျှင် အိမ်မြှောင်ဆိုတာ ရှိတတ်စမြဲ။ သူ့ စုတ်ထိုးသံ ကြားရတတ်စမြဲ။ အိမ်မြှောင်စုတ်ထိုးသံကို လူတွေက အတိတ်ကောက်ကြလေ့ ရှိတတ်ကြပါတယ်။ဘာကြောင့် အိမ်မြှောင်စုတ်ထိုးသလဲဆိုတော့ အိမ်မြှောင် စုတ်ထိုးခြင်းဟာ နတ်တွေနဲ့ ပတ်သက်နေတတ်ကြောင်း ဆရာတော်ဘုရားကြီးတစ်ပါးကလည်းဟောကြားထားတာရှိပါတယ်။အိမ်မြှောင်စုတ်ထိုးရင်တော့ မိဘနဲ့သားသမီး၊ ဆရာနဲ့ တပည့်၊ လင်နဲ့မယား ဆက်ဆံရေးမှာ လိုက်လျောမှု မရှိခဲ့လျှင် တကျက်ကျက်ဖြစ်ပြီး ကျက်သရေမင်္ဂလာလည်း ပျက်တတ်တယ် ဆိုပါတယ်။
ကိုယ်စောင့်နတ် အိမ်စောင့်နတ်တွေ နားမခံသာ။ ကံထိန်းနတ် ဥစ္စာစောင့်နတ်တွေလည်း နားမခံသာ။နတ်တို့ နားမခံသာလို့ရှောင်သွားမည်။ သို့မဟုတ် လက်ပိုက်ကြည့်နေမည် ဆိုပါက အဲဒီအိမ် စီးပွားမတတ် နေသမျှ လူစိတ်မအေးရ။သားတို့ သမီးတို့ လူတွေအပေါ် လူအုပ်ချုပ်ရေး ရှိသလို နတ်တွေအပေါ် နတ်အုပ်ချုပ်ရေးလည်း ရှိသေး။လူလူချင်း အုပ်ချုပ်တဲ့ လူမင်းကိုတော့ လောကနတ် ခေါ်ရတယ်။ လူ အုပ်ချုပ်တဲ့ နတ်မင်းများကိုတော့ သမ္မုတိနတ် ခေါ်ရတယ်။
လောကသုံးပါး ရှေ့ဆောင် လမ်းပြတော်မူတဲ့ ဘုရားရှင်ကိုတော့ “ဝိသုဒ္ဓိနတ်” ခေါ်ရတယ်။ အဲဒီ သမ္မုတိနတ်မျိုးထဲမှာ “ကိုယ်စောင့်နတ်” က ရပ်ကွက်အုပ်ချုပ်ရေးမင်းနဲ့ တူတယ်။ “အိမ်စောင့်နတ်” က အိမ်ထောင်ဦးစီး မိဘများနဲ့ တူတယ်။ကံထိန်းနတ်က အလုပ်ရှင်နဲ့ တူတယ်။ ဥစ္စာစောင့်နတ်က ထိုအလုပ်ရှင်ရဲ့ ဇနီးနဲ့ တူတယ်။မိမိတို့က လုပ်သားတွေနဲ့ တူတယ်။ သူတို့ကူမှ စီးပွားတက်တာ သူတို့ကူလျှင် စီးပွားကျစေဦးတော့ ခွေးကျ မကျတတ်။ သူတို့ကို ယုံလည်း ယုံမယ် ရိုသေလည်း ရိုသေမယ် ဆိုလျှင် သူတို့ပျော်လေရဲ့။
သူတို့ ပျော်လို့ သားတို့အပေါ်စေတနာ သက်ရောက်လာလျှင် စီးပွားရေး အဆင်ပြေ အိမ်ထောင်ရေးအခြေလှ လူမှုရေးတွေမှာ မျက်နှာပန်းလှနေမှာပါ။နတ်တို့နှောက်ယှက်လျှင်တော့ အရှက်တကွဲ အကျိုးနည်းပဲ။ အိမ်တစ်အိမ်မှာ ညနေ နေဝင်ခါနီးကွဲ့။မီးဖိုချောင် စီးပွားသိုလှောင်ရာ အရပ်တို့က အိမ်မြှောင်စုတ်ထိုးသံကြားလျှင် စားသုံးဖို့ ပစ္စည်းလာထားတာလို့ဆိုပါတယ်။
အိမ်ရှေ့ခန်းက စုတ်ထိုးလျှင် မင်းမှုစိုးမှုများနဲ့ စကားများတတ်သတဲ့။ အိမ်လယ်ခန်းက စုတ်ထိုးလျှင် သားကိစ္စ သမီးကိစ္စ စကားပြောရတတ်သတဲ့။ အိပ်ခန်းထဲက စုတ်ထိုးလျှင်တော့ လင်မယားချင်းရန်ဖြစ်ကြကရော။အိမ်မြှောင်ဆိုတာ ဈာန်ကွက် (ကသိုဏ်းကွက်) ဝင်နေတဲ့ မျက်လုံးရှင်ဆိုတော့ သူ့(နတ်)လာတာ မြင်ရသိရသတဲ့။ ဒါကြောင့် အိမ်မြှောင်စုတ်ထိုးသံဆိုတာ လူနှင့် နတ်တို့ရဲ့ဆက်သွယ်ရေး အချက်ပြသင်္ကေတသဖွယ်လည်း ရှိပါတယ်။လူချမ်းသာ နတ်ချမ်းသာ ဆိုတာလည်း အပြန်အလှန် ဆက်သွယ်နေတာမို့ လူတို့ဘက်က ကောင်းအောင်နေပြဖို့ အရေးကြီးတယ်လို့ ဆိုလှပါတယ်။
အိမ်မြှောင်စုတ်ထိုး နိမိတ်များ
၁။အိမ်မြှောင် အရှေ့အရပ်က စုတ်ထိုးရင် သူများအပူဇော်ခံရမည်။
၂။အရှေ့တောင်က စုတ်ထိုး ရင်မီးလောင်မယ်။ ရန်ဖြစ်မယ်။
၃။တောင်အရပ်က စုတ်ထိုး ရင်စားသောက် ရမယ်။
၄။အနောက်တောင်အရပ်က စုတ်ထိုး ရင် အချုပ်ခံရမယ်။
၅။အနောက်အရပ်က စုတ်ထိုးရင် မိန်းမ ရမယ်။
၆။အနောက်မြောက်အရပ်က စုတ်ထိုးရင် လာဘ်ရမယ်။
၇။အရှေ့မြောက်အရပ်က စုတ်ထိုးရင် လာဘ်ရမယ်။
၈။အိပ်ရာအောက်က စုတ်ထိုးရင် သေမယ်။
၉။အိမ်မြှောင်သူ့သားကောင်ချပြေးတာ မြင်ရရင် သူဌေးတောင် ဆင်းရဲမယ်။
၁၀။ခေါင်းပေါ်တည့်တည့်ကစုတ်ထိုးရင် လာဘ် ရမယ်။ ဆိုတဲ့အချက်လေးတွေကို ပဲဖြစ်ပါတယ်။
ယေဘုယျအားဖြင့် ကြည့်မယ်ဆိုရင် အိမ်မြှောင်တွေ ဟာလူတွေကို သိပ်ပြီးဒုက္ခမပေးပါဘူး။အပေါ်မှာပြောထားခဲ့သလိုပဲ ကလေးတွေကလွဲရင် လူကြီးအများစုက အိမ်မြှောင်ကို မကြောက်ကြသလို သိပ်ပြီးတော့လည်း ဂရုမစိုက်တတ်ပါဘူး။ ကလေးတွေအတွက်တော့ အိမ်မြှောင်ရဲ့ မျက်လုံး၊ အော်သံ၊ နံရံမှာ ကပ်နေတဲ့အနေအထား စတာတွေကို ကြောက်လန့်နိုင်ပါတယ်။ အိမ်မြှောင်တွေဟာ လူတွေကို ကိုက်တတ်တယ်ဆိုပေမယ့် တော်တော်လေးကို ရှားပါတယ်။ အသက်အန္တရာယ်ထိခိုက်နေတယ်လို့ ခံစားရမှသာ ရန်မူတတ်ပြီး မကိုက်ခင်မှာ သားရဲတစ်ကောင်လို ရှူးရှူးရှဲရှဲအသံပေးတတ်ပါတယ်။ အင်းဆက်ပိုးမွှားတွေ၊ သစ်သီး၊ သစ်ရွက်တွေဆိုရင်တော့ ကိုက်ပြီးမှ စားသုံးတတ်ပါတယ်။
တစ်ခါတရံ နံရံကနေ ခေါင်းပေါ်၊ ကိုယ်ပေါ်ကို ပြုတ်ကျလာတတ်တာမျိုး ရှိပေမယ့် ကြွက်တွေလိုမျိုး ခန္ဓာကိုယ်မှာ လူတွေကိုဒုက္ခဖြစ်စေတဲ့ ရောဂါပိုးမွှားတွေ သိပ်မများတဲ့အတွက် ဆပ်ပြာ၊ ရေနဲ့ ပြန်ဆေးကြောလိုက်ရင် ရပါတယ်။အဓိက အိမ်မြှောင်တွေ လူကို ဒုက္ခပေးနိုင်တဲ့အချက်ကတော့ နေရာတကာ စွန့်ထားတဲ့ မစင်အညစ်အကြေးတွေပဲ ဖြစ်ပါတယ်။ အဲဒီအညစ်အကြေးတွေထဲမှာ ဆော်လ်မွန်နယ်လား (Salmonella) ကဲ့သို့ ဗိုက်အောင့်ဗိုက်နာ၊ အော့အန်တာ၊ ပြင်းထန်တဲ့ ဝမ်းလျှောခြင်း၊ ဖျားနာခြင်း စတဲ့ လက္ခဏာတွေကို ဖြစ်စေတဲ့ ရောဂါပိုးတွေ အများအပြားပါဝင်ပါတယ်။
အိမ်မြှောင်တွေဟာ နေအိမ်နေရာမရွေး အညစ်အကြေး စွန့်ပစ်နိုင်သလို အိမ်မြှောင်ချေးတွေဟာ အရွယ်အစားအလွန်သေးပါတယ်။ဆိုလိုတာကတော့ သင့်ရဲ့ ခေါင်းပေါ်၊ ဖုန်း၊ ကွန်ပျူတာ၊ တီဗီ၊ စားပွဲတွေအပြင် စားစရာ၊ ရေခွက်တွေထဲပါ အညစ်အကြေးစွန့်နိုင်တဲ့အတွက် မတော်တဆ ဗိုက်ထဲကို ဝင်သွားတာမျိုး ဖြစ်နိုင်ပါတယ်။ဒီနေရာမှာပြောချင်တာက အိမ်မြှောင်ချေးပါလို့ ခေါင်းပေါ်ကျရင်တော့ လာဘ်ကောင်းတယ်လို့ ဆိုကြပါသေးတယ်။
ဒါဆိုရင် အိမ်မြှောင်တွေဟာ ဘယ်လိုအနံ့အသက်ကို မုန်းတီးကြလဲ။အိမ်မြှောင်လိုမျိုး အကောင်သေးတဲ့ တွားသွားသတ္တဝါတွေဟာ ကြက်ဥအခွံ၊ ကြက်သွန်ဖြူ၊အစွန်းချွတ်ဆေး၊ ပိုးသတ်ဆေး၊ ခြင်ဆေး၊ ငရုတ်ကောင်းမှုန့်၊ ငရုတ်သီးမှုန့်လိုမျိုး ပြင်းတဲ့ အနံ့မျိုးကို မခံနိုင်ကြတဲ့အတွက် ဝေးဝေးထွက်သွားတတ်ကြပါတယ်။
အိမ်မြှောင်တွေဟာ ဘယ်လောက်ကြာကြာ အသက်ရှင်နေနိုင်သေးလဲ။အိမ်မြှောင်တွေရဲ့ ပျမ်းမျှသက်တမ်းဟာ ၅နှစ်ဖြစ်ပြီး ပိုးသန့်စင်ထားခြင်းမရှိတဲ့ အိမ်တွေ၊ နေစရာ၊ စားစရာအပြည့်ဖြစ်နေတဲ့ အိမ်မျိုးမှာဆို အဲဒီထက်ကြာကြာ အသက်ရှင်နေနိုင်ပါတယ်။အိမ်မြှောင်တွေကို အိမ်ကနေ ထွက်သွားအောင် ဘယ်လိုမောင်းထုတ်မလဲ။ကိုယ့်နေအိမ်နံရံ သို့မဟုတ် ဥယျာဉ်ခြံဝင်းထဲမှာ အိမ်မြှောင် တစ်ကောင်၊ နှစ်ကောင် တွေ့ရတယ်ဆိုတာ သိပ်ပြီးကြီးမားတဲ့ ပြဿနာမဟုတ်ပေမဲ့ အကောင်ရေအရမ်းများလာရင်တော့ သင့်ရဲ့နေအိမ်မှာ အိမ်မြှောင်အသိုက်ရှိနေတာ ဖြစ်နိုင်ပါတယ်။ လူတွေကို ရန်မမူနိုင်ဘူးဆိုပေမယ့် ကျန်းမာရေးအရ ဘယ်လိုကောင်းကျိုးမှ မပေးနိုင်တဲ့အတွက် ကိုယ့်အိမ်မှာ အိမ်မြှောင်နည်းလေ၊ ပိုကောင်းလေပါပဲ။
အိမ်မြှောင်တွေရဲ့ အသိုက်၊ အမြဲသွားလာတဲ့နေရာတွေကို စောင့်ကြည့်ပါ။အဲဒီနေရာတွေကို ပိုးသတ်ဆေး သို့မဟုတ် ခြင်ဆေးဖျန်းပါ။အိမ်၊ ရေချိုးခန်းက နံရံတွေမှာ ပေါက်နေတာ၊ အက်ကွဲနေတာရှိရင် အမြန်ဖာထေးပါ။စားစရာတွေကို အမြဲတမ်း လုံခြုံစွာဖုံးအုပ်ထားပါ။နေအိမ်နေရာအနှံ့မှာ ပရုတ်လုံးတွေကို တစ်လုံးစီ ချထားပါ။နားလည်တတ်ကျွမ်းတဲ့ ပညာရှင်တွေနဲ့ သင့်နေအိမ်တစ်ခုလုံးကို ပိုးသတ်ပြီး သန့်စင်ပါ။အခုလောက်ဆိုရင်အိမ်မြှောင်ရဲ့ ဋီကာလည်း ပြီးသလောက်ပါပဲ။ မည်သို့ပင်ဖြစ်စေကာမူ အိမ်မြှောင်ရဲ့ကောင်းခြင်းဆိုးကျိုးခြင်းကို ဗဟုသုတအဖြစ်လည်း မှတ်ယူနိုင်ကြပါစေ။
လေ့လာမှတ်သားစရာ အိမ်ခြံမြေဗဟုသုတများ
ဘုန်းကံနိမ့်သွားစေနိုင်လို့ အိမ်မှာ ဘယ်တော့မှမလုပ်မိအောင် ရှောင်ရမယ့် အချက်များ
ဂရန်မြေကို ဘာကြောင့်ဝယ်သင့်လဲ
ဒီမြေမှာအိမ်ဆောက်ရင် အိမ်ရှင်ဟာစီးပွားတက်မယ်
Zawgyi
အိမ္ေျမႇာင္နဲ႔ပတ္သက္ၿပီးေတာ့ အယူအဆေတြ ရွိတက္ၾကတယ္။ နမိတ္ေကာက္တက္ၾကတယ္။တကယ္ေတာ့ အိမ္ေျမႇာင္က လူေတြကို အနီးကပ္ရန္မူႏိုင္တဲ့ သတၱဝါေတာ့ မဟုတ္ပါဘူး။ တစ္ခ်ိဳ႕ကေတာ့ ေၾကာက္တက္ၾကတယ္။ တစ္ခ်ိဳ႕က အိမ္မွာရွိတက္ေသာ ပိုးဟပ္ေၾကာက္တယ္။ ႂကြက္ေၾကာက္တယ္။ပင့္ကူ ၊အိမ္ေျမႇာင္စသည္ျဖင့္ လူ႔စိတ္အရ အေၾကာက္စြဲၾကပါတယ္။
တစ္ခ်ိဳ႕လူႀကီးနဲ႔ ကေလးေတြအတြက္ အိမ္ေျမႇာင္ဟာ ေၾကာက္စရာေကာင္းတယ္လို႔ ထင္ေကာင္းထင္ႏိုင္ေပမယ့္ လူႀကီးေတြအတြက္ေတာ့ သိပ္ၿပီး ထူးထူးျခားျခား ဒုကၡေပးႏိုင္ေလာက္စရာ မရွိဘူးလို႔ပဲ မွတ္ခ်က္ခ်တတ္ၾကပါတယ္။အိမ္ေျမႇာင္ဆိုတာကေတာ့ စုတ္ထိုးတက္တဲ့ အေလ့အက်င့္ရွိပါတယ္။ေန႔တိုင္းလိုလိုစုတ္ထိုးျခင္လည္းထိုးမယ္ ။တခါတေလမွထိုးျခင္မွလည္းထိုးမယ္။ အဓိကက အိမ္ေျမႇာင္စုတ္ထိုးသံကို ၾကားရသူအတြက္ နိမိတ္စကားေလးေတြကို ေရွးဆရာႀကီးမ်ားက ေဟာကိန္းေလးေတြ ထုတ္ထားခဲ့ပါတယ္။
(၁) အေရွ႕က စုတ္ထိုးသံၾကားရင္ သူတစ္ပါးရဲ႕ အပူေဇာ္ကို ခံရတတ္ပါတယ္
(၂) အေရွ႕ေတာင္အရပ္က စုတ္ထိုးသံၾကားရင္ မီးေလာင္တတ္တယ္ ၊ ခႏၶာကိုအပူေလာင္တတ္တယ္ ။ရန္ေပၚရတတ္တယ္
(၃) ေတာင္အရပ္က စုတ္ထိုးသံၾကားရင္ အစားအေသာက္ေကာင္းမ်ား စားရတတ္တယ္
(၄) အေနာက္ေတာင္အရပ္က စုတ္ထိုးသံၾကားရင္ အခ်ဳပ္အေႏွာင္ခံရတတ္တယ္ ၊
(၅)အေနာက္အရပ္က စုတ္ထိုးသံၾကားရင္ ခ်စ္သူရတက္တယ္၊ အိမ္ေထာင္က်တတ္တယ္
(၆) အေနာက္ေျမာက္အရပ္က စုတ္ထိုးသံၾကားရင္ လာဘ္လာဘဝင္တတ္တယ္ ၊ ေငြ႐ႊင္တတ္တယ္
(၇) ေျမာက္အရပ္က စုတ္ထိုးသံၾကားရင္ က်န္းမာေရးညံ့တတ္တယ္
(၈) အေရွ႕ေျမာက္အရပ္က စုတ္ထိုးသံၾကားရင္ လာဘ္လာဘႀကီးဝင္တတ္တယ္
(၉) အိပ္ယာေအာက္က စုတ္ထိုးသံၾကားရင္ အိမ္တြင္နာေရးေပၚတတ္တယ္
(၁၀) ဦးေခါင္းေပၚက စုတ္ထိုးသံၾကားရင္လာဘ္လာဘရမယ္ ၊အႀကံအစည္ေတြေအာင္ျမင္ရတတ္ပါတယ္
(၁၁) အိမ္ေရွ႕ခန္းက စုတ္ထိုးသံၾကားရင္မင္းမႈစိုးမ်ားနဲ႔ စကားမ်ားရတက္တယ္
(၁၂) အိမ္အလယ္ခန္းက စုတ္ထိုးသံၾကားလွ်င္ သားကိစၥ သမီးကိစၥ စကားေျပာရတက္ပါတယ္
(၁၃)အိမ္ခန္းထဲက စုတ္ထိုးသံၾကားလွ်င္ လင္မယားခ်င္း စကားမ်ား ရန္ျဖစ္တက္ၾကပါတယ္
(၁၄) ဘုရားရွိခိုး ၊ တရားထိုင္ ၊ အမွ်ေဝ တဲ့ အခ်ိန္ စုတ္ထိုးသံၾကားရင္ နတ္မ်ားလာေရာက္တာျဖစ္တယ္
အိမ္ေျမႇာင္စုတ္ထိုးသံဆိုတာ လူ ႏွင့္နတ္တို႔ရဲ႕ ဆက္သြယ္ေရး အခ်က္ျပသေကၤတလည္း ျဖစ္ပါတယ္လို႔ အယူအဆေတြကို ယေန႔ခ်ိန္ထိလက္ခံၾကေနဆဲပါပဲ။စားနပ္ရိကၡာ၊ ေသာက္ေရ၊ ေနစရာအျပည့္အစုံရွိတဲ့ ေနအိမ္တိုက္ခန္းေတြဟာ အိမ္ေျမႇာင္ေတြအတြက္ေတာ့ လိုတရအိမ္ႀကီးပါပဲ။ အိမ္ေျမႇာင္ေတြဟာ ပူေႏြးၿပီးစိုစြတ္တဲ့ေနရာေတြကို အလြန္ႀကိဳက္ၿပီး ျမန္မာႏိုင္ငံအေနအထားအရ ၾကည့္မယ္ဆိုရင္ ေႏြရာသီနဲ႔ မိုးရာသီမွာ အေကာင္ေရေပါက္ဖြားမႈ အမ်ားဆုံးျဖစ္တယ္။ ေရကို အမ်ားအျပားလိုအပ္ၿပီး ခႏၶာကိုယ္တစ္ခုလုံးရဲ႕ ၃ပုံ ၂ပုံဟာ ေရေတြနဲ႔ ဖြဲ႕စည္းထားတာျဖစ္တယ္လို႔ သိရပါတယ္။
အိမ္ေျမႇာင္ေတြရဲ႕ အႀကိဳက္ဆုံးအစားအစာဟာ အင္းဆက္ပိုးမႊားေတြနဲ႔ သစ္သီးဝလံ၊ သစ္႐ြက္ေတြပဲ ျဖစ္ပါတယ္။ ဒီေတာ့ ျခင္၊ ယင္ေကာင္ေတြ ေပါတဲ့အိမ္ေတြ၊ စားစရာေတြကို လင္းလင္းထင္းထင္း စားပြဲေပၚ တင္ထားတာ၊ ပန္းအိုး၊ ပန္းပင္ေတြ စိုက္ထားတဲ့အိမ္ေတြဆိုရင္ အိမ္ေျမႇာင္ဝင္ဖို႔ ပိုလြယ္ကူပါတယ္။
အိမ္ရွိလွ်င္ အိမ္ေျမႇာင္ဆိုတာ ရွိတတ္စၿမဲ။ သူ႔ စုတ္ထိုးသံ ၾကားရတတ္စၿမဲ။ အိမ္ေျမႇာင္စုတ္ထိုးသံကို လူေတြက အတိတ္ေကာက္ၾကေလ့ ရွိတတ္ၾကပါတယ္။ဘာေၾကာင့္ အိမ္ေျမႇာင္စုတ္ထိုးသလဲဆိုေတာ့ အိမ္ေျမႇာင္ စုတ္ထိုးျခင္းဟာ နတ္ေတြနဲ႔ ပတ္သက္ေနတတ္ေၾကာင္း ဆရာေတာ္ဘုရားႀကီးတစ္ပါးကလည္းေဟာၾကားထားတာရွိပါတယ္။အိမ္ေျမႇာင္စုတ္ထိုးရင္ေတာ့ မိဘနဲ႔သားသမီး၊ ဆရာနဲ႔ တပည့္၊ လင္နဲ႔မယား ဆက္ဆံေရးမွာ လိုက္ေလ်ာမႈ မရွိခဲ့လွ်င္ တက်က္က်က္ျဖစ္ၿပီး က်က္သေရမဂၤလာလည္း ပ်က္တတ္တယ္ ဆိုပါတယ္။
ကိုယ္ေစာင့္နတ္ အိမ္ေစာင့္နတ္ေတြ နားမခံသာ။ ကံထိန္းနတ္ ဥစၥာေစာင့္နတ္ေတြလည္း နားမခံသာ။နတ္တို႔ နားမခံသာလို႔ေရွာင္သြားမည္။ သို႔မဟုတ္ လက္ပိုက္ၾကည့္ေနမည္ ဆိုပါက အဲဒီအိမ္ စီးပြားမတတ္ ေနသမွ် လူစိတ္မေအးရ။သားတို႔ သမီးတို႔ လူေတြအေပၚ လူအုပ္ခ်ဳပ္ေရး ရွိသလို နတ္ေတြအေပၚ နတ္အုပ္ခ်ဳပ္ေရးလည္း ရွိေသး။လူလူခ်င္း အုပ္ခ်ဳပ္တဲ့ လူမင္းကိုေတာ့ ေလာကနတ္ ေခၚရတယ္။ လူ အုပ္ခ်ဳပ္တဲ့ နတ္မင္းမ်ားကိုေတာ့ သမၼဳတိနတ္ ေခၚရတယ္။
ေလာကသုံးပါး ေရွ႕ေဆာင္ လမ္းျပေတာ္မူတဲ့ ဘုရားရွင္ကိုေတာ့ “ဝိသုဒၶိနတ္” ေခၚရတယ္။ အဲဒီ သမၼဳတိနတ္မ်ိဳးထဲမွာ “ကိုယ္ေစာင့္နတ္” က ရပ္ကြက္အုပ္ခ်ဳပ္ေရးမင္းနဲ႔ တူတယ္။ “အိမ္ေစာင့္နတ္” က အိမ္ေထာင္ဦးစီး မိဘမ်ားနဲ႔ တူတယ္။ကံထိန္းနတ္က အလုပ္ရွင္နဲ႔ တူတယ္။ ဥစၥာေစာင့္နတ္က ထိုအလုပ္ရွင္ရဲ႕ ဇနီးနဲ႔ တူတယ္။မိမိတို႔က လုပ္သားေတြနဲ႔ တူတယ္။ သူတို႔ကူမွ စီးပြားတက္တာ သူတို႔ကူလွ်င္ စီးပြားက်ေစဦးေတာ့ ေခြးက် မက်တတ္။ သူတို႔ကို ယုံလည္း ယုံမယ္ ႐ိုေသလည္း ႐ိုေသမယ္ ဆိုလွ်င္ သူတို႔ေပ်ာ္ေလရဲ႕။
သူတို႔ ေပ်ာ္လို႔ သားတို႔အေပၚေစတနာ သက္ေရာက္လာလွ်င္ စီးပြားေရး အဆင္ေျပ အိမ္ေထာင္ေရးအေျခလွ လူမႈေရးေတြမွာ မ်က္ႏွာပန္းလွေနမွာပါ။နတ္တို႔ေႏွာက္ယွက္လွ်င္ေတာ့ အရွက္တကြဲ အက်ိဳးနည္းပဲ။ အိမ္တစ္အိမ္မွာ ညေန ေနဝင္ခါနီးကြဲ႕။မီးဖိုေခ်ာင္ စီးပြားသိုေလွာင္ရာ အရပ္တို႔က အိမ္ေျမႇာင္စုတ္ထိုးသံၾကားလွ်င္ စားသုံးဖို႔ ပစၥည္းလာထားတာလို႔ဆိုပါတယ္။
အိမ္ေရွ႕ခန္းက စုတ္ထိုးလွ်င္ မင္းမႈစိုးမႈမ်ားနဲ႔ စကားမ်ားတတ္သတဲ့။ အိမ္လယ္ခန္းက စုတ္ထိုးလွ်င္ သားကိစၥ သမီးကိစၥ စကားေျပာရတတ္သတဲ့။ အိပ္ခန္းထဲက စုတ္ထိုးလွ်င္ေတာ့ လင္မယားခ်င္းရန္ျဖစ္ၾကကေရာ။အိမ္ေျမႇာင္ဆိုတာ ဈာန္ကြက္ (ကသိုဏ္းကြက္) ဝင္ေနတဲ့ မ်က္လုံးရွင္ဆိုေတာ့ သူ႔(နတ္)လာတာ ျမင္ရသိရသတဲ့။ ဒါေၾကာင့္ အိမ္ေျမႇာင္စုတ္ထိုးသံဆိုတာ လူႏွင့္ နတ္တို႔ရဲ႕ဆက္သြယ္ေရး အခ်က္ျပသေကၤတသဖြယ္လည္း ရွိပါတယ္။လူခ်မ္းသာ နတ္ခ်မ္းသာ ဆိုတာလည္း အျပန္အလွန္ ဆက္သြယ္ေနတာမို႔ လူတို႔ဘက္က ေကာင္းေအာင္ေနျပဖို႔ အေရးႀကီးတယ္လို႔ ဆိုလွပါတယ္။
အိမ္ေျမႇာင္စုတ္ထိုး နိမိတ္မ်ား ။ ။
၁။အိမ္ေျမႇာင္ အေရွ႕အရပ္က စုတ္ထိုးရင္ သူမ်ားအပူေဇာ္ခံရမည္။
၂။အေရွ႕ေတာင္က စုတ္ထိုး ရင္မီးေလာင္မယ္။ ရန္ျဖစ္မယ္။
၃။ေတာင္အရပ္က စုတ္ထိုး ရင္စားေသာက္ ရမယ္။
၄။အေနာက္ေတာင္အရပ္က စုတ္ထိုး ရင္ အခ်ဳပ္ခံရမယ္။
၅။အေနာက္အရပ္က စုတ္ထိုးရင္ မိန္းမ ရမယ္။
၆။အေနာက္ေျမာက္အရပ္က စုတ္ထိုးရင္ လာဘ္ရမယ္။
၇။အေရွ႕ေျမာက္အရပ္က စုတ္ထိုးရင္ လာဘ္ ရမယ္။
၈။အိပ္ရာေအာက္က စုတ္ထိုးရင္ ေသမယ္။
၉။အိမ္ေျမႇာင္သူ႔သားေကာင္ခ်ေျပးတာ ျမင္ရရင္ သူေဌးေတာင္ ဆင္းရဲမယ္။
၁၀။ေခါင္းေပၚတည့္တည့္ကစုတ္ထိုးရင္ လာဘ္ ရမယ္။ ဆိုတဲ့အခ်က္ေလးေတြကို ပဲျဖစ္ပါတယ္။
ေယဘုယ်အားျဖင့္ ၾကည့္မယ္ဆိုရင္ အိမ္ေျမႇာင္ေတြ ဟာလူေတြကို သိပ္ၿပီးဒုကၡမေပးပါဘူး။အေပၚမွာေျပာထားခဲ့သလိုပဲ ကေလးေတြကလြဲရင္ လူႀကီးအမ်ားစုက အိမ္ေျမႇာင္ကို မေၾကာက္ၾကသလို သိပ္ၿပီးေတာ့လည္း ဂ႐ုမစိုက္တတ္ပါဘူး။ ကေလးေတြအတြက္ေတာ့ အိမ္ေျမႇာင္ရဲ႕ မ်က္လုံး၊ ေအာ္သံ၊ နံရံမွာ ကပ္ေနတဲ့အေနအထား စတာေတြကို ေၾကာက္လန႔္ႏိုင္ပါတယ္။ အိမ္ေျမႇာင္ေတြဟာ လူေတြကို ကိုက္တတ္တယ္ဆိုေပမယ့္ ေတာ္ေတာ္ေလးကို ရွားပါတယ္။ အသက္အႏၲရာယ္ထိခိုက္ေနတယ္လို႔ ခံစားရမွသာ ရန္မူတတ္ၿပီး မကိုက္ခင္မွာ သားရဲတစ္ေကာင္လို ရႉးရႉးရွဲရွဲအသံေပးတတ္ပါတယ္။ အင္းဆက္ပိုးမႊားေတြ၊ သစ္သီး၊ သစ္႐ြက္ေတြဆိုရင္ေတာ့ ကိုက္ၿပီးမွ စားသုံးတတ္ပါတယ္။
တစ္ခါတရံ နံရံကေန ေခါင္းေပၚ၊ ကိုယ္ေပၚကို ျပဳတ္က်လာတတ္တာမ်ိဳး ရွိေပမယ့္ ႂကြက္ေတြလိုမ်ိဳး ခႏၶာကိုယ္မွာ လူေတြကိုဒုကၡျဖစ္ေစတဲ့ ေရာဂါပိုးမႊားေတြ သိပ္မမ်ားတဲ့အတြက္ ဆပ္ျပာ၊ ေရနဲ႔ ျပန္ေဆးေၾကာလိုက္ရင္ ရပါတယ္။အဓိက အိမ္ေျမႇာင္ေတြ လူကို ဒုကၡေပးႏိုင္တဲ့အခ်က္ကေတာ့ ေနရာတကာ စြန႔္ထားတဲ့ မစင္အညစ္အေၾကးေတြပဲ ျဖစ္ပါတယ္။ အဲဒီအညစ္အေၾကးေတြထဲမွာ ေဆာ္လ္မြန္နယ္လား (Salmonella) ကဲ့သို႔ ဗိုက္ေအာင့္ဗိုက္နာ၊ ေအာ့အန္တာ၊ ျပင္းထန္တဲ့ ဝမ္းေလွ်ာျခင္း၊ ဖ်ားနာျခင္း စတဲ့ လကၡဏာေတြကို ျဖစ္ေစတဲ့ ေရာဂါပိုးေတြ အမ်ားအျပားပါဝင္ပါတယ္။
အိမ္ေျမႇာင္ေတြဟာ ေနအိမ္ေနရာမေ႐ြး အညစ္အေၾကး စြန႔္ပစ္ႏိုင္သလို အိမ္ေျမႇာင္ေခ်းေတြဟာ အ႐ြယ္အစားအလြန္ေသးပါတယ္။ဆိုလိုတာကေတာ့ သင့္ရဲ႕ ေခါင္းေပၚ၊ ဖုန္း၊ ကြန္ပ်ဴတာ၊ တီဗီ၊ စားပြဲေတြအျပင္ စားစရာ၊ ေရခြက္ေတြထဲပါ အညစ္အေၾကးစြန႔္ႏိုင္တဲ့အတြက္ မေတာ္တဆ ဗိုက္ထဲကို ဝင္သြားတာမ်ိဳး ျဖစ္ႏိုင္ပါတယ္။ဒီေနရာမွာေျပာခ်င္တာက အိမ္ေျမႇာင္ေခ်းပါလို႔ ေခါင္းေပၚက်ရင္ေတာ့ လာဘ္ေကာင္းတယ္လို႔ ဆိုၾကပါေသးတယ္။
ဒါဆိုရင္ အိမ္ေျမႇာင္ေတြဟာ ဘယ္လိုအနံ႔အသက္ကို မုန္းတီးၾကလဲ။အိမ္ေျမႇာင္လိုမ်ိဳး အေကာင္ေသးတဲ့ တြားသြားသတၱဝါေတြဟာ ၾကက္ဥအခြံ၊ ၾကက္သြန္ျဖဴ၊အစြန္းခြၽတ္ေဆး၊ ပိုးသတ္ေဆး၊ ျခင္ေဆး၊ င႐ုတ္ေကာင္းမႈန႔္၊ င႐ုတ္သီးမႈန႔္လိုမ်ိဳး ျပင္းတဲ့ အနံ႔မ်ိဳးကို မခံႏိုင္ၾကတဲ့အတြက္ ေဝးေဝးထြက္သြားတတ္ၾကပါတယ္။
အိမ္ေျမႇာင္ေတြဟာ ဘယ္ေလာက္ၾကာၾကာ အသက္ရွင္ေနႏိုင္ေသးလဲ။အိမ္ေျမႇာင္ေတြရဲ႕ ပ်မ္းမွ်သက္တမ္းဟာ ၅ႏွစ္ျဖစ္ၿပီး ပိုးသန႔္စင္ထားျခင္းမရွိတဲ့ အိမ္ေတြ၊ ေနစရာ၊ စားစရာအျပည့္ျဖစ္ေနတဲ့ အိမ္မ်ိဳးမွာဆို အဲဒီထက္ၾကာၾကာ အသက္ရွင္ေနႏိုင္ပါတယ္။
အိမ္ေျမႇာင္ေတြကို အိမ္ကေန ထြက္သြားေအာင္ ဘယ္လိုေမာင္းထုတ္မလဲ။ကိုယ့္ေနအိမ္နံရံ သို႔မဟုတ္ ဥယ်ာဥ္ၿခံဝင္းထဲမွာ အိမ္ေျမႇာင္ တစ္ေကာင္၊ ႏွစ္ေကာင္ ေတြ႕ရတယ္ဆိုတာ သိပ္ၿပီးႀကီးမားတဲ့ ျပႆနာမဟုတ္ေပမဲ့ အေကာင္ေရအရမ္းမ်ားလာရင္ေတာ့ သင့္ရဲ႕ေနအိမ္မွာ အိမ္ေျမႇာင္အသိုက္ရွိေနတာ ျဖစ္ႏိုင္ပါတယ္။ လူေတြကို ရန္မမူႏိုင္ဘူးဆိုေပမယ့္ က်န္းမာေရးအရ ဘယ္လိုေကာင္းက်ိဳးမွ မေပးႏိုင္တဲ့အတြက္ ကိုယ့္အိမ္မွာ အိမ္ေျမႇာင္နည္းေလ၊ ပိုေကာင္းေလပါပဲ။
အိမ္ေျမႇာင္ေတြရဲ႕ အသိုက္၊ အၿမဲသြားလာတဲ့ေနရာေတြကို ေစာင့္ၾကည့္ပါ။အဲဒီေနရာေတြကို ပိုးသတ္ေဆး သို႔မဟုတ္ ျခင္ေဆးဖ်န္းပါ။အိမ္၊ ေရခ်ိဳးခန္းက နံရံေတြမွာ ေပါက္ေနတာ၊ အက္ကြဲေနတာရွိရင္ အျမန္ဖာေထးပါ။စားစရာေတြကို အၿမဲတမ္း လုံၿခဳံစြာဖုံးအုပ္ထားပါ။ေနအိမ္ေနရာအႏွံ႔မွာ ပ႐ုတ္လုံးေတြကို တစ္လုံးစီ ခ်ထားပါ။နားလည္တတ္ကြၽမ္းတဲ့ ပညာရွင္ေတြနဲ႔ သင့္ေနအိမ္တစ္ခုလုံးကို ပိုးသတ္ၿပီး သန႔္စင္ပါ။အခုေလာက္ဆိုရင္အိမ္ေျမႇာင္ရဲ႕ ဋီကာလည္း ၿပီးသေလာက္ပါပဲ။ မည္သို႔ပင္ျဖစ္ေစကာမူ အိမ္ေျမႇာင္ရဲ႕ေကာင္းျခင္းဆိုးက်ိဳးျခင္းကို ဗဟုသုတအျဖစ္လည္း မွတ္ယူႏိုင္ၾကပါေစ။
ေလ့လာမွတ္သားစရာ အိမ္ၿခံေျမဗဟုသုတမ်ား
ဘုန္းကံနိမ့္သြားေစႏိုင္လို႔ အိမ္မွာ ဘယ္ေတာ့မွမလုပ္မိေအာင္ ေရွာင္ရမယ့္ အခ်က္မ်ား
ဂရန္ေျမကို ဘာေၾကာင့္ဝယ္သင့္လဲ
ဒီေျမမွာအိမ္ေဆာက္ရင္ အိမ္ရွင္ဟာစီးပြားတက္မယ္
Written By : Khine Zar (ShweProperty.com)
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ